menu

Wednesday 25 December 2013

၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်

Photo: ၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ငါးနှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအတွက် ပထမဆုံး ဖြစ်လာမည့် ဆန္ဒပြပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက The Voice သို့ ပြောကြားသည်။

အငြင်းပွားနေသောပုဒ်မ ၁၈၊ ၅၀၅ (ခ) စသည်တို့ ပြင်ဆင် ဖျက်သိမ်းပေးရန် အပါအဝင် နိုင်ငံရေးနှင့် အရပ်ဘက် လူမှုအဖွဲ့ ၅၉ ဖွဲ့တို့ ပူးပေါင်း ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက် လူထုအဖွဲ့အစည်း ၅၉ ဖွဲ့မှ စုစုပေါင်း လူအင်အား သုံးရာခန့်ဖြင့် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဆန္ဒထုတ်ဖော်ရန် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ခွင့်ပြုမိန့် တောင်းခံထားကြောင်း ၈၈ မျိုးဆက်ကျောင်းသား ၎င်းကထပ်လောင်း ပြောကြားသည်။

နိုင်ငံရေး ဖိနှိပ်မှုများ မပြုလုပ်ရန်၊ နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများကို ပြင်ဆင် ဖျက်သိမ်းပေးရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် တရားစွဲဆိုဆဲ အမှုများကို ဖျက်သိမ်းပေးရန် တို့ကို ဆန္ဒထုတ်ဖော်ပွဲတွင် အစိုးရထံ တောင်းဆို သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် တောင်းတဲ့အတွက် အာဏာပိုင်တွေကလည်း ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုက The Voice သို့ ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့် ပြုမပြုကို ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြောင်းပြန်မည် ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ အချိန်တွင် နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီး ထောင်ချခံရသော နိုင်ငံရေးသမား ၄၀ ရှိပြီး တရားစွဲဆိုခြင်း ခံထားရသူပေါင်း နှစ်ရာကျော် ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ကိုတိတ်နိုင်က ပြောဆိုသည်။

အခြေခံဥပဒေနှင့် ရှေ့နောက်မညီ ဖြစ်နေသည့် ပုဒ်မဟု ပြည်တွင်းပြည်ပက ဝေဖန်ခံထားရသည့် ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈) ကို လာမည့် ဇန်နဝါရီ လွှတ်တော် အစည်းအဝေး များတွင် ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားထားသည်။

၂၀၀၇ ရွှေဝါရောင် အရေးအခင်းကို ဖြစ်ပွားစေသည့် ကိစ္စများအနက် တစ်ခုဖြစ်သည့် လောင်စာဆီဈေး မြင့်တက်မှုကို ဆန္ဒပြမှုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis