menu

Wednesday 25 December 2013

မြို့လယ်ကောင် တရားမဝင် အနှိပ်ခန်း ဖွင့်သူ ၁၃ဦး ဒဏ်ငွေတစ်ထောင်စီ ချမှတ်


မန္တလေး၊ ဒီဇင်ဘာ၂၄

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စကြနွယ်စဉ် ရပ်ကွက် ၇၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ HAWEII SPA အလှပြင်ဆိုင်တွင် တရားမဝင် အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေသူ ၁၃ ဦး ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အဆိုပါ မြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ တစ်ထောင်ကျပ်စီ ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တရားမဝင် အနှိပ်ခန်း ဦးစီးလုပ်ကိုင်သူ ဦးမင်းသန့်နှင့် အနှိပ်နှိပ်သူ ၁၂ ဦး တို့ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မဟာအောင်မြေ မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ရာကြီး အမှတ် ၁၇၆၂/၂၀၁၃ ဖြင့် မြို့နယ် တရားသူကြီးက လက်ခံစစ်ဆေးပြီး ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"အနှိပ်ခန်း တွေကတော့ အစားစားပဲ။ ဟိုတယ်တွေ မှာလည်း ရှိတယ်၊ အလှပြင်ဆိုင် တွေမှာ ခေါင်းလျှော်ပြီး နှိပ်ပေးတဲ့ အနှိပ်ခန်းတွေ ရှိတယ်၊ နောက်ပြီး ကိုယ့်အချိတ်အဆက်နဲ့ ကိုယ် လိင်ဆက်ဆံလို့ ရတဲ့ အနှိပ်ခန်း တွေလည်း ရှိတယ်" ဟု အနှိပ်ခန်းများကို သွားလေ့ရှိသူ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၂၂ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။



မဟာအောင်မြေ မြို့နယ်ရှိ အလှပြင်ဆိုင်တွင် အနှိပ်ခန်း ပြုလုပ်နေကြောင်း သတင်းအရ မန္တလေးခရိုင် မှုခင်းအကူ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး များက သက်သေများနှင့် အတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ည ၁၁ နာရီခန့် က ဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင် အနှိပ်ခန်းကို ဦးစီး လုပ်ဆောင်နေသူ ဦးမင်းသန့် နှင့် အနှိပ်ခန်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလုပ်နေသည့် အမျိုးသမီး ၁၂ ဦးတို့ကို အနှိပ်ခန်း ဖွင့်လှစ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန် ရှိသူက ထပ်မံပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis