menu

Friday 20 December 2013

၂၀၁၄ အာဆီယံ ထိပ်သီး အစည်းအဝေးတွင် BMW ကားများ ပံ့ပိုးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလ၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်သော အာဆီယံနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် ဝန်ကြီးများ၏  သွားလာရေးအတွက် BMW မော်တော်ယာဉ် ၉၅ စီး ပံ့ပိုးကူညီမည် ဖြစ်ကြောင်း BMW ၏မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobiles ကုမ္ပဏီမှ ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

သုံးရက်ကြာ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မည့် တာဝန်ရှိသူများကို BMW မော်တော်ယာဉ်များ ပံ့ပိုးကူညီပြီးနောက် အဆိုပါ မော်တော်ယာဉ် များကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မော်တော်ယာဉ်များ တင်သွင်းရာတွင် ကျသင့်သည့် အခွန်အခများနှင့် ပေးဆောင်ရမည့် စရိတ်များကိုလည်း ပုံမှန်အတိုင်း ပေးသွင်းမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

BMW ကုမ္ပဏီက ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေး များတွင်လည်း နိုင်ငံ ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိများ၏ သွားလာရေးအတွက် ပံ့ပိုးကူညီမှု ပြုခဲ့ပြီး ဖြစ်ကြောင်း Prestige Automobiles ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

နောက်ဆုံးပေါ် BMW ကားများကို ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချရန် သဘောတူညီမှု ရရှိထားပြီး ၂၀၁၄ ခုနှစ်တွင် ကားအရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်ထား ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis