menu

Friday 20 December 2013

အမေရိကန်ကုမ္ပဏီများကို စက်ရုပ်များ သိမ်းပိုက်လိုက်ပြီ

မဇ္ဈိမ|၀ါရှင်တန်၊ ဒီဇင်ဘာ ၁၉

Microsoft ကုမ္ပဏီနှင့် အကြီးစား နည်းပညာကုမ္ပဏီအများအပြားသည် ၎င်းတို့၏ဓာတ်ခွဲခန်းများအတွင်း စက်ရုပ်များကို တည်ဆောက်နေစဉ် Google နှင့် Amazon ကုမ်္ပဏီတို့သည်လည်း စက်ရုပ် နှင့်ဆက်စပ်သည့်ပစ်္စည်းများကို လုပ်ဆောင်လျက်ရှိသည်။

စက်ရုပ်များ တည်ဆောက်မှုသည် ဒေါ်လာထရီလီယံပေါင်းများစွာကုန်ကျသောလုပ်ငန်းတစ်ခုဖြစ် ကြောင်း ကာနီဂျီ မဲလွန်တက္ကသိုလ်စက်ရုံတည်ဆောက်မှုဆိုင်ရာဌာနမှ အခြေခံသုတေသနပညာရှင် ဒေးဗစ်ဘိုနီက ပြောကြားသည်။

Amazon ကုမ္ပဏီသည် မိနစ် ၃၀ အတွင်း သုံးစွဲသူများထံသို့ ပစ္စည်းများပေးပို့ရာတွင် အသုံးပြုသည့် မောင်းသူမဲ့ လေယာဉ်များတွင် ထည့်သွင်းအသုံးပြုနိုင်သည့် Amazon Prime Air စနစ်ကို ကြေညာခဲ့ ပြီးနောက် ယခုလအစောပိုင်းက ယင်းစနစ်သည် လူတိုင်းပါးစပ်ဖျား၌ ရေပန်းစားလျက်ရှိသည်။

Google ကုမ္ပဏီသည် ပြီးခဲ့သည့် သီတင်းပတ်က Boston Dynamics ကုမ္ပဏီကို ၀ယ်ယူခဲ့ကြောင်း၊ ယင်းကုမ္ပဏီသည် အမေရိကန်စစ်တပ်နှင့် လုပ်ငန်းလုပ်ဆောင်နေသောကုမ္ပဏီတစ်ခုဖြစ်ပြီး တိရစ်္ဆာန် ကဲ့သို့သောစက်ရုပ်များကို အများဆုံးထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် လူသိများသည်။


Android အကြီးအကဲဟောင်း အန်ဒီရူဘင်က လုပ်ဆာင်နေသော စက်ရုပ်တည်ဆောက်မှုဆိုင်ရာ အစိတ်အပိုင်းတစ်ရပ်အဖြစ် Google ကုမ္ပဏီက ပြီးခဲ့သည့် ခြောက်လအတွင်းက ၀ယ်ယူခဲ့သည့် စက် ရုပ်တည်ဆောက်မှုဆိုင်ရာကုမ္ပဏီ ရှစ်ခုအနက် ယင်းကုမ္ပဏီသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

Google ကုမ္ပဏီ၏ အကျော်ကြားဆုံး စက်ရုပ်တည်ဆောက်မှုစီမံကိန်းသည် မောင်းသူမဲ့ကားစီမံကိန်းဖြစ် သည်။ စက်ရုပ်များကို တောမီးလောင်မှုကို ငြှိမ်းသတ်ရာတွင် အသုံးပြုသည့် မောင်းသူမဲ့ လေယာဉ်များ၊ ခွဲစိတ်မှုဆိုင်ရာစက်ရုပ်များ၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးစက်ရုပ်များအထိ စီးပွားရေးလုပ်ငန်းကြီးများတွင် အသုံးပြု လျက်ရှိသည်။

မိမိတို့တွင် ယခုအချိန်အထိ လုပ် ဆောင်နိုင်ခြင်းမရှိသေးသည့် အခြားသော စက်ရုပ်စီမံကိန်း ဒါဇင်ပေါင်းများစွာရှိ ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

မိမိတို့အနေဖြင့် စက်ရုပ်တည်ဆောက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သော်လည်း ယခုအချိန်အထိ ယင်းစီမံကိန်းများအတွက် စရိတ်လုံလောက်မှုမရှိသေး ကြောင်း၊ တစ်နှစ် (သို့မဟုတ်) နှစ်နှစ် အတွင်း စက်ရုပ်တည်ဆောက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း The Bussiness of Robotics ကုန် သွယ်ရေးဆိုင်ရာဂျာနယ် အယ်ဒီတာ မိုက်ခ်ဒါဗင်က ပြောကြားသည်။

Corporate America ကုမ္ပဏီသည် စက်ရုပ်များတည်ဆောက်မှုတွင် အမြောက်အမြားရင်းနှီးမြှုပ်နှံထား မှုကြောင့် ၎င်းတို့သည် လူသားများ လုပ်ဆောင်နိုင်ခြင်းမရှိသောလုပ်ငန်းများကို ဈေးပေါပေါနှင့် ဆောင် ရွက်ပေးလျက်ရှိသည်။ သုတေသန နှင့် ကယ်ဆယ်ရေးစက်ရုပ်များ ဆောက်လုပ်နိုင်ခဲ့ပါက မိမိတို့ အနေဖြင့် တစ်နှစ်လျှင် လူထောင်ပေါင်းများစွာ၏အသက်ကို ကယ်ဆယ်နိုင်မည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

စက်ရုပ်များသည် တစ်နာရီအတွင်း အပုံ ၃၀ အလုပ်လုပ်နိုင်ကြောင်း The Robotics Business Review အယ်ဒီတာချုပ် တွမ်ဂရင်က ပြောကြားသည်။

စက်ရုပ်များသည် ကားထုတ်လုပ်မှုကဲ့သို့သော အကြီးစားထုတ်ကုန်လုပ်ငန်းများတွင် လူသားများ လုပ် ဆောင်ရန် ခက်ခဲသည့်လုပ်ငန်းများကို ဆယ်စုနှစ်များစွာကြာလုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းကဏ္ဍ များတွင် လွှမ်းမိုးနိုင်မှုသည် ယခုအခါ စက်ရုပ်များအား အခန်းကဏ္ဍသစ်များသို့ရောက်အောင် တွန်းပို့ ပေးလျက်ရှိသည်။

Mizzima

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis