menu

Friday 20 December 2013

ကမ္ဘာ့ဖလား သုဝဏ္ဏကွင်း၌ ၁၂ နာရီကြာ ပြသမည်

Photo: ကမ္ဘာ့ဖလား သုဝဏ္ဏကွင်း၌ ၁၂ နာရီကြာ ပြသမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ကမ္ဘာတစ်ဝန်း လှည့်လည်ပြသမည့် ကမ္ဘာ့ဖလား၏ World Tour အစီအစဉ်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ကမ္ဘာ့ဖလားကို ရန်ကုန်မြို့တော်ရှိ သုဝဏ္ဏ အားကစားကွင်း၌ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ အချိန် ၁၂ နာရီကြာ ပရိသတ်ကို ပြသသွားမည် ဖြစ်ကြောင်း စီစဉ်သူ Coca Cola Myanmar ထံမှသိရသည်။

အဆိုပါ ကမ္ဘာ့ဖလားကြီးမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ရောက်ရှိလာမည် ဖြစ်ပြီး နှစ်ရက်ကြာ ထားရှိမည် ဖြစ်ကြောင်း၊ သုဝဏ္ဏကွင်း၌ ပြသမည့် အခမ်းအနားသို့ ပရိသတ် တစ်သောင်းခြောက်ထောင်ကျော် တက်ရောက်ရန် ခန့်မှန်းထားပြီး မြန်မာ့ လက်ရွေးစင်အသင်းနှင့် တွေ့ဆုံ မိတ်ဆက်နိုင်မည့် အစီအစဉ်ကိုပါ ထည့်သွင်းထားကြောင်း Coca Cola Myanmar က ထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ လာရောက်ပြသမည့် ကမ္ဘာ့ဖလားကို ၁၉၇၃ ခုနှစ်တွင် သွန်းလုပ်ထားခြင်း ဖြစ်ပြီး ဆုဖလား အောက်ခြေတွင် ၁၉၇၄ ခုနှစ်မှစတင်၍ ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့သည့် နိုင်ငံအမည်များကို ရေးထိုးထားကြောင်း Coca Cola ၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis