menu

Thursday 19 December 2013

ဆီးရီးယားတွင် အယ်လ်ကေဒါနှင့် ဆက်စပ်နေသော သူပုန်အဖွဲ့က အရပ်သား ၁၀၀ ကျော်ကို သတ်ဖြတ်

Photo: ဆီးရီးယားတွင် အယ်လ်ကေဒါနှင့် ဆက်စပ်နေသော သူပုန်အဖွဲ့က အရပ်သား ၁၀၀ ကျော်ကို သတ်ဖြတ်

ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၇

အစိုးရနှင့် အစိုးရ ဆန့်ကျင်သူများအကြား တိုက်ပွဲများ ဖြစ်ပွားနေသော ဆီးရီးယားတွင် ဆီးရီးယား သူပုန်အဖွဲ့တစ်ဖွဲ့ဖြစ်သော အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော Nusra သူပုန်အဖွဲ့သည် မြို့တော် ဒမတ်စကတ်၏ ဆင်ခြေဖုံးဒေသရှိ ဆီးရီးယားပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ် သွားကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို Xinhua သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံတွင်း ဖြစ်ပွားနေသော အကြမ်းဖက် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဆီးရီးယားအစိုးရက ကုလသမဂ္ဂသို့ တိုင်ကြားသည့်စာတွင် ဆီးရီးယားတွင်ရှိသော အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသည့် Nusra သူပုန်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မြို့တော် ဒမတ်စကတ်၏ ဆင်ခြေဖုံး ဒေသဖြစ်သော Adra Umalyeih ရှိ လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းကို ဖော်ပြခဲ့ကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ Nusra အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားအစိုးရ ဝန်ထမ်းများ၏ အိမ်များကို မီးရှို့ခဲ့ပြီး အရပ်သား များစွာကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂသို့ တိုင်ကြားစာတွင် ဆီးရီးယားသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ 
အကြမ်းဖက်သမားများ ဝင်ရောက်လျက် ရှိသောကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် ဆီးရီးယားကို လွှမ်းမိုးလာသည့် အကြမ်းဖက်မှုကို ဝိုင်းဝန်းရှုတ်ချ ပေးရန်ကိုလည်း ဆီးရီးယားအစိုးရက တိုက်တွန်းထားသည်။

အစိုးရနှင့် သူပုန်များအကြား တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားတွင် စစ်တပ်က အဆိုပါ အကြမ်းဖက်သူပုန်များရှိသော Adra ဒေသကို သောကြာနေ့က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားမှ သတင်းရင်းမြစ် တစ်ခုကို ကိုးကား၍ ဆီးရီးယား မီးဒီယာတွင် ဖော်ပြထားသည်။

ဆီးရီးယားစစ်တပ်က Adra ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် အဆိုပါဒေသရှိ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော သူပုန် Nusra အဖွဲ့က ယင်းဒေသနေ အယ်လ်ဝတ် လူနည်းစုများကို သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ ဦးခေါင်းများကို လူစည်ကားရာဈေးတွင် ချိတ်ဆွဲထားခြင်း များ ပြုလုပ်ခြင်းကို တွေ့ရခြင်း ဖြစ်သည်။

ဆီးရီးယား အစိုးရကကို တိုက်ခိုက်နေသော သူပုန်အဖွဲ့များတွင် Nusra, Islamic State of Iraq နှင့် Levant ကဲ့သို့သော အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသာ အဖွဲ့များမှာ အရေးပါသော တပ်ဖွဲ့များအဖြစ် ပေါ်ထွက်လာကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အကြမ်းဖက် သူပုန်အဖွဲ့များသည် မြို့တော် ဒမတ်စကတ်၏ မြောက်ဘက်ရှိ နာဘိတ်၊ ဒီယာအတိဟ်နှင့် ကာရာမြို့များတွင် ဆီးရီးယားအစိုးရနှင့် တိုက်ပွဲဖြစ်ပွားရာ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအရပ်သားများကို သတ်ဖြတ်ခဲ့သည့် Adra မြို့ကို တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis