menu

Thursday 19 December 2013

ငွေနှစ်ရာကျပ်နှင့် အသက်ရင်းသူများ


ငွေနှစ်ရာကျပ်နှင့် အသက်ရင်းသူ များမှာ ရန်ကုန်မြို့တော်နှင့် အလွန်ဝေး ကွာ၍ ခေါင်သီသော နယ်မြို့များတွင် မဟုတ်ဘဲ ရန်ကုန်မြို့တွင်းတွင်ပင် ဖြစ် ပျက်နေသည်ကို ကျွန်ေ တ်ာတွေ့ရှိခဲ့ရပါ သည်။ ကျွန်တော်သည် ပြီးခဲ့သော အောက်တိုဘာလဆန်းက ပင်စင်ထုတ် ရန်အတွက် ကျွန်တော်နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်မှ ပင်စင်ထုတ် ရ မည့် စက်ရုံခွဲတည်ရှိရာ ဘုရင့်နောင် လမ်း ချောင်းဝကျောင်းတိုက်အနီးသို့ သွားရောက်ခဲ့ပါသည်။
သင်္ဃန်းကျွန်းမှ ရန်ကင်းဖြတ်သည့် လိုင်းကားစီး၍ ဆင်မလိုက်အဝေးပြေး ဂိတ် ကားမှတ်တိုင်ဆင်းပြီး တစ်ဖန် ဘုရင့်နောင်ဘက်သွားမည့် ကားများဖြင့် နှစ်ဆင့်စီး ရပါ သည်။ အပြန်လည်း ဒီအ တိုင်းဖြစ်ပါသည်။ သို့အတွက် ဆင်မ လိုက်အဝေးပြေးဂိတ် မှတ်တိုင်တွင် ရန် ကင်းဘက်သွားမည့် ကားစောင့်နေရာ နေလယ်ပိုင်း ထမင်း စားချိန်ဖြစ်၍ ကား စောင့်ချိန် အတန်ကြာသွားပါသည်။
ကြည့်မြင်တိုင်ကမ်းနားလမ်းသည် လိုင်းကားလည်း အလွန်များပြီး ကား အသွားအလာ အလွန်ရှုပ်ထွေးသော နေရာဖြစ်ပါသည်။ ထိုအချိန်တွင် ဘုရင့် နောင်ဘက်သွားမည့် လိုင်းကားကြီး တစ်စီးသည် အရှိန်နှင့် ဂိတ်ကို ဝင် ရောက်လာပါသည်။ ဆင်းမည့်တက်မည့် သူလည်း မရှိပါ။ ထိုအချိန်တွင် ကျွန် တော့်ဘေးမှ ၁၈ နှစ်၊ ၁၉ နှစ်အရွယ် မိန်းကလေး တစ်ဦး လှစ်ခနဲ ပြေးသွားပြီး ကားစပယ်ယာလက်ထဲသို့ အထုပ်က လေးတစ်ခုပေး ပြီး စပယ်ယာပေးသော ငွေနှစ်ရာကျပ်တန်ကို ယူလိုက်ပါသည်။ သို့သော် ကားက မရပ်ဘဲ အရှိန်သတ် ရုံသာ သတ်သဖြင့် ယူလိုက်သော ပိုက် ဆံမှာ လက်ထဲ မရောက်ဘဲ ကားဘေးသို့ ကျသွားရာကောင်မလေးလည်း ပိုက်ဆံ ဇောဖြင့် ကောက် လိုက်စဉ် ကားအမြီး ပိုင်းဖြင့် တိုက်မလို ဖြစ်ပြီး ယိုင်လဲသွား ပါသည်။ ထိုအချိန် ကားမှတ်တိုင်မှ တက္ကစီတစ်စီးကလည်း အရှိန်နှင့် ထွက် လိုက်ရာ ထပ်မံ၍ တိုက်မလိုဖြစ် ပါသည်။ ကောင်မလေးမှာ ကြီးကြီးမားမား မဖြစ် ဘဲ မှတ်တိုင်ရှိ လူအားလုံးကတော့ အ လန့်တကြား ဖြစ်ရပါသည်။ သူတို့က တော့ ဘာမှမဖြစ်သလို ကွမ်း ယာပြန် ရောင်းေ နပါသည်။

ကျွန်တော် ယခုမှ သဘောပေါက် သည်မှာ ယင်းမှတ်တိုင်တွင် ကွမ်းယာ ဆိုင် ၂ ဆိုင်ရှိရာ အပျိုရွယ် မိန်းကလေး နှစ်ယောက်အပြိုင်အဆိုင် လိုင်းကား ဆိုက်ရောက်ချိန် မိမိဖောက်သည်ကို အပြေးအလွှား ရောင်းချနေခြင်း ဖြစ်ပါ သည်။ ကားကလည်း အလွန်ရှုပ်၊ စက် ဘီးဆိုက်ကားများကလည်း အလွန်ရှုပ် သည့်နေရာတွင် သူတို့မှာ မကြောက်မ ရွံ့ဘဲ ကားများအကြား အပြေးအလွှား ထုပ်ဆီးတိုးသလို ရောင်းချနေသည်မှာ ကျွန်တော်စောင့်နေစဉ် မိနစ် ၂ဝ ခန့်အ တွင်း အသည်းယားဖွယ် မြင်ကွင်းဖြစ်ပါ သည်။
ယင်းကဲ့သို့ မြင်ကွင်းမှာ ယခုအခါ ရန်ကုန်မြို့၏ ကားမှတ်တိုင်အတော်များ များတွင် တွေ့ရှိနေရသော မြင်ကွင်းဖြစ် ပါသည်။ မြို့ထဲ ကမ်းနားလမ်း၊ ပန်းဆိုး တန်းမှတ်တိုင်၊ အခြားလူစည်ကားသော ရွှေဂုံတိုင် မြေနီကုန်းမှတ်တိုင်များ၊ သာ ကေတဘက်၊ သင်္ဃန်းကျွန်းဘက်များ တွင်လည်း တွေ့ရပါသည်။ ဝမ်းရေးအ တွက် ခိုင်းသည့်မိဘများ ကလည်း ခိုင်း သည်။ ကားသမားများကလည်း အပျို အရွယ်မိန်းကလေးများ ရောင်းသည်ဖြစ် ၍ ကိုယ့်ဖောက်သည် သူ့ဖောက်သည် ရောင်းချနေ သည်မှာ ငွေနှစ်ရာ ကျပ်နှ င့် အသက်ရင်းသူများ ဖြစ်ပါသည်။ သူတို့ ကတော့ မကြောက်ကြဘဲ ပျော်ပျော်ရွှင် ရွှင် လုပ်ကိုင်နေကြပါသည်။
ထို့အတူ ကားအသွားအလာများ သည့် မီးပွိုင့်များတွင် စံပယ်ပန်း၊ ရွှေ ပန်း၊ ငွေပန်း၊ သတင်းစာရောင်းချနေသူ များမှာလည်း ငွေနှစ်ရာကျပ်နှင့် အ သက်ရင်းသူ များ ဖြစ် ပါသည်။ သုဝဏ္ဏ လမ်းဆုံ မီးပွိုင့်ဆိုလျှင် တစ်ရာကျပ်တန် မြေပဲလှော်ထုပ် ရောင်းနေသည်မှာ အလုအယက်ဖြစ်ပါသည်။ ဒါတွေက လည်း ယာဉ်အန္တရာယ်ကို ဖိတ်ခေါ်ေ န သော ရန်ကုန်မြို့ အောက်ခြေလူတန်း စား၏ အသက်မွေးမှုများ ဖြစ်ပါသည်။
နောက်ယာဉ်ကို မဆင်မခြင် စည်း ကမ်းမဲ့ မောင်းသူများကြောင့် မိမိအ သက်ရင်းပြီး နေ့စဉ် လှုပ်ရှားနေရသူများ မှာ စည်ပင်သာယာ သန့်ရှင်းရေးဝန်ထမ်း များ ဖြစ်ပါသည်။ သူတို့သည် နံနက် မိုး မလင်းမီက ညမိုးချုပ်အထိ အကာအ ကွယ်မဲ့ လမ်းပေါ်တွင် သန့်ရှင်းရေး အ မှိုက်ကောက်နေကြသည်မှာ ယာဉ်တိုက် မှု မကြာခဏ ဖြစ် ၍ သေ ဆုံးရခြင်း ဖြစ် ရပ်များကို တွေ့ရပါသည်။ စည်ပင်သာ ယာက လမ်းပြင်လျှင် အချက်ပြမီး သတိ ပေးဆိုင်းဘုတ်များ ချထားသော်လည်း သန့်ရှင်းရေးဝန်ထမ်းများမှာ အကာ အကွယ် မဲ့ လုပ်ဆောင်နေရပါသည်။ ဒါကလည်း အောက်ခြေလူတန်းစား၏ အသက်နှင့် ရင်း၍ စီးပွားရှာရခြင်းဖြစ်ပါသည်။
ဒါတွေကို ပြန်စိစစ်ပါက အောက် ခြေလူတန်းစား၏ နေ့စဉ်ရုန်းကန်နေရ သော ဘဝကို ကျွန်တော် သတင်းသမား တစ်ဦးအနေဖြင့် အမှတ်ပြုမိ၍ ဖြစ်ပါ သည်။ သူတို့ ကေ တာ့ ဘာမှ မထူးဆန်း သလို အကြောက်တရားမရှိဘဲ လုပ်ကိုင် နေကြရပါသည်။ တာဝန်ရှိသူများက လည်း မည်သည့်အကာအကွယ်မျှ လုပ် ပေးခြင်း မရှိပါ။ ရန် ကုန်မြို့ ကြီးမှာတော့ နေ့စဉ်တွေ့ရှိနေရသော နိစ္စဓူဝကိစ္စဖြစ် ပါသည်။
ဤနေရာတွင် ကျွန်တော့်ဦးနှောက် ထဲ အတွေးတစ်ခု ပေါ်ပေါက်လာပါ သည်။ ”ဆင်းရဲမွဲတေမှုသည် သူတို့၏ အသိဥာဏ်ကို ဖျက်ဆီးသည်။ အသိ ဥာဏ်မရှိသူသည် ဆင်ခြင်တုံတရားကင်း မဲ့ပြီး အမှားအမှန် မခွဲခြားနိုင်ဘဲ မိမိ ဆန္ဒ၊ မိမိဖြစ်လိုရာ တစ်ခုတည်းကိုသာ တွေးတောပြီး ဆင်ကန်းတောတိုးလုပ်ရန် ဝန်မလေးပေ။ ”ထို့ကြောင့် ယင်းအဖြစ် အပျက်များသည် ရန်ကုန်မြို့နေ အောက်ခြေလူတန်းစားများတွင် ခံစား ရသော ဆင်းရဲမွဲတေမှု၏ ဒဏ်ရာဒဏ် ချက်များအဖြစ် ကျွန်တော် ရှုမြင်မိပါ ကြောင်း သုံးသပ်ရေးသားရပါသည်။
ဘိုကြီး
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis