menu

Thursday 19 December 2013

ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲသို့ လာသည့် ယာဉ်အရှိန်လွန်တမ်းမှောက်

ရေဖြူ ဒီဇင်ဘာလ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက် ဆိပ်ကမ်းဇုံ (Road Link To Thalaid) လမ်းမကြီး (8+000) ကီလိုမီတာအနီးတွင် ဒီဇင်ဘာ (၁၇) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီခန့်က ဒေါက်လောက်ကျေးရွာ ဘုန်းတော် ကြီး ကျောင်းအဆောက် အဦး အသစ်ဖွင့်ပွဲသို့ ခရီးသည်များ တင်ဆောင်လာပြီး လောင်းလုံးမြို့နယ်၊ သကျက်တော ကျေးရွာမှ ဦးအောင်သန်းဦး မောင်းနှင်သည့် (၃/စ ၆၇၂၄) ဟီးနိုးကား (DUTRO) ခြောက်ဘီး အဖြူရောင် ယာဉ်အရှိန် လွန်၍ ညာဘက်သို့ တိမ်းမှောက် သွားခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ ရေဖြူရဲစခန်း မှ ဒုရဲအုပ် ရဲထွဋ်ကို နှင့် အဖွဲ့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ယာဉ်ပေါ်ပါ (၃၉)ဦး အနက် ဦးဘ သီးတင် အသက် (၇၅) နှစ်၊ သကျက်တောရွာ နေသူမှာ အခင်းဖြစ်နေ ရာတွင် သေဆုံးပြီး ကျန် (၃၈) ဦးမှာ ဒဏ်ရာများ အသီးသီးရရှိသဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်းသော ဦးအောင်သန်းဦး အား ရေဖြူရဲစခန်းက ဒုရဲအုပ် ရဲထွဋ်ကိုက တရားလိုပြု၍ အမှုဖွင့် အရေးယူထားကြောင်း သိရရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis