menu

Thursday 14 November 2013

အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်လုပ်ပါက စစ်ဖြစ်နိုင်ဟု အိမ်ဖြူတော်ကလွှတ်တော်ကိုသတိပေး


အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်မည်ဆိုပါက အမေရိကန်အနေနှင့် စစ်ပွဲတစ်ခုဆီသို့ ချီ တက်နေသကဲ့သို့ ဖြစ်သွားမည်ဖြစ်ကာ အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်နိုင်ရေး သံတမန် နည်းလမ်း ကြိုးပမ်းချက်များ လမ်းချော်သွားနိုင်သည်ဟု အိမ်ဖြူတော်က အမေရိကန်လွှတ်တော်အမတ် များအား သတိပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။

ထိုသတိပေးချက်မှာ ယုံကြည်မှုကင်းမဲ့နေကြသော အမေရိကန် လွှတ်တော်အမတ်များက အီရန်အားအ ရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ် လိုကြခြင်းအပေါ် သဘောမတူသည့် အမေရိကန်သမ္မတဘား ရက်အိုဘားမား၏ ရပ်တည်ချက်ကို ဖော်ပြနေပေသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားအနေ ဖြင့် ယခုလထဲတွင် အီရန်နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အီရန်နှင့် သံတမန်နည်းလမ်းအရ ညှိနှိုင်းမှု များ ပြန်လည်စတင်ရန် ပြင်ဆင်လျက်ရှိသည်။

“အမေရိကန်ပြည်သူတွေ စစ်ပွဲ တစ်ခုဆီကို ချီတက်တာမျိုး အလိုမရှိကြပါဘူး” ဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ Jay Carney က ပြောကြားခဲ့သည်။

အီရန်အား နျူကလီးယား လက်နက် လုပ်ဆောင်ခွင့် ပြုမည်မဟုတ်ဟု အိုဘားမားက အမေရိကန်ပြည်သူ များအား ကတိပေးထားခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်အပတ်က အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင် ငံတို့ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် အီရန်နျူကလီးယားအစီအစဉ် ရပ်ဆိုင်းရေးနှင့် ပတ်သက် ၍ ကြားဖြတ်သဘောတူညီချက်မရရှိဘဲ ဖြစ်ခဲ့ရသည်။



ထို့ကြောင့် အမေရိကန် ကွန်ဂရက်လွှတ်တော်အတွင်း သံသယများဝင်လာကြကာ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်ရေးကို ဆိုင်းငံ့ထားသည့် အမေရိကန်အစိုးရ၏ အစီအစဉ်များကို လွှတ်တော်အမတ်များ မယုံကြည်ဘဲ ဖြစ်လာကြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့ သွားရောက်မည်ဖြစ်ကာ အီရန်ကိစ္စနှင့်ပတ်သက်၍ သံတမန်နည်းလမ်း ကြိုးပမ်းချက်များ ဆက်လက်ပြုလုပ်ရေးကို လွှတ်တော်အ မတ်များ လက်ခံလာစေရန် စည်းရုံးသိမ်းသွင်းမည်ဖြစ်သည်။

လွှတ်တော်အမတ်များအား စည်းရုံးသိမ်းသွင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အိမ်ဖြူ တော်က ပြောကြားခဲ့သည်မှာ အီရန်နျူကလီးယားကိစ္စတွင် သမ္မတအိုဘားမား၏ ညှိနှိုင်းခွင့် အတိုင်းအ တာကို ကန့်သတ်လိုက်ပါက သမ္မတအနေဖြင့် ရွေးချယ်စရာ အလွန်နည်းပါးသွားမည်ဖြစ်ပြီး စစ်ရေးနည်း လမ်းကိုသာ ရွေးချယ်အသုံးပြုနေရလိမ့်မည်ဟု ဆိုခဲ့သည်။

အမေရိကန်က အီရန်နှင့် ညှိနှိုင်း ဆွေးနွေးနေခြင်းကို အစ္စရေးက ပြစ်တင်ဝေဖန်ထားရာ ထိုဝေဖန်မှုအ တိုင်း တုံ့ပြန်ဆောင်ရွက်သောအားဖြင့် ထင်ရှားသော အမေရိကန် အထက်လွှတ်တော်အမတ် အချို့သည် အီရန်အပေါ် ပိတ်ဆို့ အရေး ယူမှုများတင်းကျပ်ရန် အစီအစဉ်များ ဆွဲ နေကြပြီး လက်ရှိသံတမန်ရေး နည်း လမ်းများဖြင့် လုပ်ဆောင်မှုတွင်လည်း အိုဘားမား၏လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် စီစဉ်နေကြသည်။

ပိတ်ဆို့ အရေးယူမှု အသစ်များသည်၊ ဆွေးနွေးပွဲကို ဆန့်ကျင်သော အီရန်သဘောထားတင်း မာသူများ အား ရဲဆေးတင်ပေးသကဲ့သို့ ဖြစ်သွားနိုင်ကာ ထိုသို့ဆိုပါက အိုဘားမားအနေဖြင့်လည်း စစ်ရေးပြင်ဆင် မှုများ စတင်ပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သွယ်ဝိုက်၍သတိပေးခဲ့သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis