menu

Thursday 14 November 2013

ဖိ​လစ်​ပိုင် ​မုန်​တိုင်း​ဒဏ်​ခံ ​မြို့​အ​ချို့​တွင် ​လု​ယက်​မှု​ဖြစ်


ဆူ​ပါ ​တိုက်​ဖွန်း​မုန်​တိုင်း ​ဖျက်​ဆီး​ခံ​ခဲ့​ရ​တဲ့ ​မြို့​တွေ​မှာ ​နိုဝင်​ဘာ ၁၃ ​ရက်​နေ့​က ​လု​ယက်​မှု​တွေ​နဲ့ ​ဓား​မြ​မှု ​သ​တင်း​တွေ​ကြောင့် ​ဖိ​လစ်​ပိုင်​လူ​ထု​အ​တွင်း ​ကြောက်​ရွံ့​မှု​တွေ​နဲ့ ​စိုး​ထိတ်​မှု​တွေ ​များ​ပြား​လာ​နေ​ပါ​တယ်။

မုန်​တိုင်း ​တိုက်​ခတ်​ပြီး ၅ ​ရက် ​အ​ကြာ​မှာ​တော့ ​ထိ​ခိုက်​ခံ​ရ​တဲ့ ​လူ​တွေ​ထဲ​မှာ ​အ​နည်း​စု​က​သာ ​အ​စား​အ​စာ၊ ​ရေ​နဲ့ ​ဆေး​၀ါး​တွေ ​ရ​ရှိ​နေ​ပါ​တယ်။

 အ​စား​အ​စာ၊ ​ရေ​နဲ့ ​တ​ခြား​ပ​စ္စည်း​တွေ​အ​တွက် ​ဈေး​ဆိုင်​တွေ​နဲ့ ​ဂို​ဒေါင်​တွေ​ကို ​နေ​ရာ​အ​နှံ့ ​လု​ယူ ​နေ​ကြ​တာ​ကြောင့် ​တ​ချို့​နေ​ရာ​မှာ ​မင်း​မဲ့​တိုင်း​ပြည် ​ဆန်​ဆန် ​ဖြစ်​နေ​ရ​ပါ​တယ်။

 လေ​တီ​ခ​ရိုင်​အ​တွင်း​က ​တက်​က​လို​ဘန်​မှာ ​လူ​အ​များ​အ​ပြား ​မြှုပ်​နှံ​ထား​တဲ့ ​မြေ​ကျင်း​အ​နီး​မှာ ​လုံ​ခြုံ​ရေး​တပ်​ဖွဲ့​တွေ​နဲ့ ​လက်​နက်​ကိုင် ​လူ​တ​စု​အ​ကြား ​ပစ်​ခတ်​မှု​တွေ ​ရှိ​တယ်​ဆို​တဲ့ ​သ​တင်း​တွေ ​ထွက်​ပေါ်​နေ​ပါ​တယ်။ ​ဒါ​ပေ​မယ့်​လည်း ​မြို့​တော် ​အုပ်​ချုပ်​ရေး​မှူး ​တက်​ဆန် ​ဂျွန်​လင်း​မ်​က ​တိုက်​ခိုက်​မှု ​ဖြစ်​တယ်​ဆို​တာ ​မ​ဟုတ်​ဘူး​လို့ ​ငြင်း​ဆို​ပါ​တယ်။

ဒီ​သ​တင်း​ ဟာ ​ဒေ​သ​ခံ ​လူ​ထု​အ​တွင်း ​ပျံ့​နှံ့​သွား​ပြီး ​လက်​နက်​ကိုင် ​သူ​ပုန်​တွေ​ကို ​ကြောက်​ရွံ့​တာ​ကြောင့် ​ကျေး​ရွာ​အ​များ​အ​ပြား​က ​လူ​တွေ ​ထွက်​ပြေး​သွား​ကြ​ပါ​တယ်။ ​တိုက်​ပွဲ​ဖြစ်​တယ်​ဆို​တဲ့ ​သ​တင်း​ကြောင့် ​ကြောက်​ရွံ့​ပြီး ​အ​ရပ်​သား​တွေ​ဟာ ​ထ​ရပ်​ကား​တွေ၊ ​မော်​တော်​ဆိုင်​ကယ်​တွေ​နဲ့ ​ထွက်​ပြေး​ကြ​ပါ​တယ်။

ပျက်​စီး​နေ​ တဲ့​မြို့​အ​တွင်း ​လု​ယက်​မှု​တွေ​နဲ့ ​မု​ဒိန်း​ပြု​ကျင့်​တယ်​ဆို​တဲ့ ​သ​တင်း​တွေ​နဲ့ ​ထောင်​တွေ​က ​လွတ်​လာ​တဲ့ ​ရာ​ဇ၀တ်​သား​တွေ ​ရှိ​တယ်​ဆို​တဲ့ ​တ​ချို့ ​ရွာ​သား​တွေ​ရဲ့ ​ပြော​ဆို​ချက်​တွေ​ကြောင့် ​ကြောက်​ရွံ့​မှု​ကို ​ပို​ဆိုး​လာ​စေ​ပါ​တယ်။
တက်​က​လို​ဘန် ​အုပ်​ချုပ်​ရေး​မှူ ​မ​စ္စ​တာ ​လင်း​မ်​က​တော့ ​မုန်​တိုင်း​ဖြစ်​ပွား​ပြီး ​နောက်​ပိုင်း ​ထောင်​က ​လွတ်​သွား​တဲ့​လူ​ဟာ “၁၀ ​ဂ​ဏန်း ​မ​ပြည့်​ဘူး​” ​လို့ ​ပြော​ပါ​တယ်။

အ​မျိုး​သ​မီး​တ​ဦး​က “​ကျ​မ​တို့ ​ထောင်​သား​တွေ​ကို ​ကြောက်​တယ်။ ​သူ​တို့ ​နေ​ရာ​တိုင်း ​သတ်​ဖြတ်​နေ​ကြ​တယ်” ​လို့ ​ပြော​ပါ​တယ်။

တ​ချို့​အ​မျိုး​သား​တွေ ​က​တော့ ၁ ​လုံး​ထိုး ​သေ​နတ်​တွေ ​ကိုင်​ထား​ပြီး​  ​တ​ဖက်​ရွာ​က ​ဓား​ပြ​တွေ​ကို ​ကြောက်​နေ​ကြ​တယ်​လို့ ​ပြော​ပါ​တယ်။

နိုဝင်​ဘာ ၁၃ ​ရက်​နေ့​အ​ထိ​တော့ ​အာ​ဏာ​ပိုင်​တွေ​က ​အ​တည်​ပြု​နိုင်​တဲ့ ​သေ​ဆုံး​သူ ၂၃၄၄ ​ယောက်​ရှိ​ပြီး ၇၉ ​ယောက် ​ပျောက်​ဆုံး​နေ​တယ်​လို့ ​ပြော​ပါ​တယ်။ ​ကယ်​ဆယ်​ရေး ​လုပ်​သား​တွေ​က​တော့ ​ဒီ​ကိန်း​ဂ​ဏန်း​တွေ ​မ​ဖြစ်​နိုင်​ဘူး​လို့ ​ပြော​ပါ​တယ်။

တက်​က​လို​ဘန်​မှာ ​လောင်​စာ​ဆီ ​ရှား​ပါး​မှု ​ဖြစ်​နေ​ပြီး ​ဒေ​သ​ခံ​တွေ​ဟာ ​ဓာတ်​ဆီ​ဆိုင်​မှာ ​တန်း​စီ​နေ​ပါ​တယ်။
 မုန်​တိုင်း​ကြောင့် ​လူ​ပေါင်း ၆ ​သိန်း ၇ ​သောင်း​လောက် ​အိုး​အိမ်​မဲ့ ​ဖြစ်​သွား​ရ​ပြီး ​မုန်​တိုင်း​ဟာ ​လူ​ဦး​ရေ​ရဲ့ ၁၂ ​ရာ​နှုန်း​ကို ​တိုက်​ရိုက် ​ထိ​ခိုက်​စေ​ခဲ့​တယ်​လို့ ​ကု​လ​သ​မ​ဂ္ဂ​က ​ပြော​ပါ​တယ်။

DVB

ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပစဉ် ကိုယ်စားလှယ်တစ်ဦး သေဆုံး - See more at: http://newsandlibrary.blogspot.com/#sthash.cgZexOu3.dpuf
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပစဉ် ကိုယ်စားလှယ်တစ်ဦး သေဆုံး - See more at: http://newsandlibrary.blogspot.com/#sthash.cgZexOu3.dpuf

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis