menu

Monday 11 November 2013

မြန်မာအမျိုးသမီးဆိုင်ရာ ဆွေးနွေးပွဲ အင်ဂျလီနာဂျိုလီ သဝဏ်လွှာပို့

Photo: မြန်မာအမျိုးသမီးဆိုင်ရာ ဆွေးနွေးပွဲ အင်ဂျလီနာဂျိုလီ သဝဏ်လွှာပို့

ရန်ကုန်၊ နိုဝင်ဘာ ၁၀

နာမည်ကြီး ဟောလီဝုဒ် အကျော်အမော် သရုပ်ဆောင် တစ်ဦးဖြစ်သော အင်ဂျလီနာဂျိုလီသည် ကျင်းပဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း အဆိုပါ စကားဝိုင်း ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

အင်ဂျလီနာဂျိုလီက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကဏ္ဍတို့တွင် အမျိုးသမီးများ  အပြည့်အဝ ပါဝင် လှုပ်ရှားနေသည်ကို မြင်တွေ့လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် အမျိုးသမီးများ ပါဝင်မှုနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးကြီး လိုအပ်ကြောင်း၊ အကြောင်း အရပ်ရပ်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ တရားမျှတမှု ရရှိရေး၊ ၎င်းတို့ကို ကာကွယ် စောင့်ရှောက်ရေးအတွက် ဆောင်ရွက်ရာတွင် ခက်ခဲမည် ဖြစ်သော်လည်း အောင်မြင်အောင် ကြိုးစားရမည် ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်နေသူ များကိုလည်း အလွန်ပင် လေးစား ဂုဏ်ယူမိပါကြောင်း ၎င်း၏ သဝဏ်လွှာတွင် ပါရှိသည်။

အဆိုပါ စကားဝိုင်းသို့ တက်ရောက်ရန် သြဂုတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် ဖိတ်စာကို လက်ခံရရှိခဲ့ပြီး အချိန် မအားလပ်သည်နှင့် တိုက်ဆိုင်သောကြောင့် လူကိုယ်တိုင် မလာရောက်နိုင်သဖြင့် သဝဏ်လွှာ ပေးပို့ခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

အင်ဂျလီနာဂျိုလီသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UN Refugee Agency) ၏ သံတမန်အဖြစ် ၂၀၀၁ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် United Nations Association – USA က ချီးမြှင့်သည့် Global Humanitarian Action Award (ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူဆု) ကို ၂၀၀၅ ခုနှစ်တွင် ရရှိခဲ့သည်။

အထက်ပါ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းကို ရန်ကုန်မြို့ Sky Star Hotel ၌ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis