menu

Monday 11 November 2013

ပုဂံ FM မှာသတင်း ကြေညာသူ အဖြစ် ဆောင်ရွက်နေသူ အနဂ္ဂ

 
အနဂ္ဂက ပုဂံ FM မှာ Morning Talk Show အစီအစဉ်နဲ့ World News အစီအ စဉ် နှစ်ခုကို တင်ဆက်ပေးနေပါတယ်။ Morning Talk Show အစီအစဉ်ကိုတော့ ကိုင်ဇာတင်မုံ နဲ့ တင်ဆက် ရတာဖြစ်ပြီး World News အစီအစဉ် မှာတော့ သတင်း ကြေညာသူ အဖြစ် တင်ဆက်ရတာ ဖြစ်ပါတယ်။ သတင်း ကြေညာသူ အဖြစ် လုပ်ဖြစ်ရခြင်း ကလည်း သူ့အနေ နဲ့ သီချင်း မဆိုခင် ကတည်းက သတင်းနဲ့ ပတ်သက်ပြီး တအား စိတ်ဝင်တစားနဲ့ ဖတ်ရှုလေ့ ရှိပြီး ကမ္ဘာ့သတင်း၊ မြန်မာ့ သတင်းပိုင်း ကို စိတ်ဝင် စားခြင်းကြောင့် ဖြစ်တယ်လို့ အနဂ္ဂက ပြောပါတယ်။
“သတင်း ပိုင်းနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်း အကြောင်း အရာတွေ အကုန် လုံးကို တင်ဆက်မယ် ဆိုပြီး ရွေးချယ် ခဲ့တာပါ။ ကိုဇော်ဝင်းထွဋ် ကလည်း ဒီ သတင်း အစီအစဉ်က တအား ကောင်းတယ်။ သူတို့လည်း သဘောကျတယ်။ ပြီးတော့ ကျွန်တော် က ဒီသတင်းတွေကို ပုံမှန် ဘာသာပြန်၊ ဒါတွေ ထည့်မယ်လို့ ဆိုပြီး ဒီ အစီအစဉ်ကို စလိုက်တာပါ။ သတင်းတွေ အကုန်လုံး စီစဉ်ရေးသား ရွေးချယ်တာ ကတော့ ကျွန်တော်ပဲ လုပ်မှာပါ။ သတင်းကြေညာ ရမှာလည်း ကျွန်တော် ပါပဲ။ မြန် မာနိုင်ငံ မှာ ရေဒီယိုတွေ ရှိ ကြတယ်။ အစောဆုံး ရေဒီယိုကတော့ နိုင်ငံတော်ပိုင် မြန်မာ့အသံပေါ့။ နာက်ပိုင်းမှာ ရေဒီယိုတွေ လည်း အများကြီး ထပ်ပေါ် လာ တယ်။ ပေါ် လာတဲ့ အခါမှာ ကျွန်တော်က နိုင်ငံခြား ရေဒီယိုတွေလည်း နားထောင်တယ်။ ဒါကြောင့် သတင်း ပြောတဲ့ ပုံစံ ကိုလည်း ကျွန်တော့် ပုံစံ တစ် ခုအနေနဲ့ လည်း ပြောပြ ချင်တာ လည်းပါတယ်” လို့ အနဂ္ဂက သူ တင်ဆက်မယ့် World News ပိုင်းနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
ကိုင်ဇာတင်မုံ နဲ့ တင်ဆက်မယ့် Morning Talk Show အစီအစဉ် မှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဥပဒေရေးတွေကို အဓိက ထား တင်ဆက်ကြမှာ ဖြစ်ကြောင်း၊ ရေဒီယို Talk Show ပုံစံ အနေနဲ့ လုပ်ဖြစ်ခြင်း ပဲဖြစ်ကြောင်း၊ တင်ဆက်မှု အပိုင်းနှစ်ပိုင်း နဲ့ ပတ်သက်ပြီး ပြင်ဆင်မှု တွေကို လုပ်ဆောင် နေခဲ့တာ ကြာပြီ ဖြစ်ကြောင်း အရင်တုန်း ကတော့ သတင်းပိုင်း နဲ့ ပတ်သက်ပြီး ခေါင်းကြီ ပိုင်းလောက်ပဲ ဖတ်ပေမယ့် အခုချိန် မှာတော့ သတင်း အကုန်လုံးကို ဖတ်ပြီး ပြင်ဆင်နေ ရကြောင်း၊ အဓိက တင်ဆက် သွားမယ့် သတင်းတွေ ကတော့ တောင် အမေရိကတိုက်၊ အာဖရိက၊ ဥရောပ၊ Asia က သတင်းပိုင်းတွေကို တင်ဆက် သွားမှာဖြစ် ကြောင်း အနဂ္ဂက ပြောပါတယ်။
လင်းအက္ခရာ
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis