menu

Monday 21 October 2013

အင်တာနက်ဂျာနယ်မှ ဘာသာပြန်အမျိုးသမီးတစ်ဦး တိုက်ခြောက်လွှာမှ ပြုတ်ကျသေဆုံး


ဇော်ဇော်ထွေး | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၀ မိနစ်

အင်တာနက် ဂျာနယ်တွင် ဘာသာပြန်အဖြစ် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦး တိုက်ခြောက်လွှာမှ ပြုတ်ကျသေဆုံးခဲ့မှု တစ်ခု အောက်တိုဘာ ၁၉ ရက်က လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူသည် (၁၆)ရပ်ကွက်၊ ပါရမီလမ်း၊ တိုက်(၂)၊ အခန်း(၅၀၆)တွင် နေထိုင်သည့် မဟေမာဝင်း (၂၅) နှစ်ဖြစ်ပြီး အင်တာနက်ဂျာနယ်တွင် အင်္ဂလိပ်ဘာသာပြန် ၀န်ထမ်းတစ်ဦးဖြစ်သည်။

ယင်းနေ့ည ၈ နာရီခွဲအချိန်က သူမသည်ခင်ပွန်းဖြစ်သူ ကိုကျော်စိုးဝင်းနှင့်အတူ ရှိနေပြီး သတင်းကျွတ်မီးထွန်းရန်
နေအိမ်ရှေ့ ပြတင်းပေါက်သို့ သွားရောက်ခဲ့သည်ဟု ဆိုထားသည်။


ထို့နောက် တိုက်အောက်မှ အော်သံကြား၍ ပြတင်းပေါက်မှတစ်ဆင့် ရုတ်တရက် ငုံ့ကြည့်ရာက ခြေချော်ပြီး တိုက်အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်ကို ကနဦးအနေဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိထားသည်။

ယင်းသို့ ပြုတ်ကျမှုကြောင့် သူမတွင် ယာနားသွေးထွက်၊ ယာမျက်လုံး ဖူးရောင် ပွန်းစုတ်၊ ယာပေါင်ပွန်း၊ ၀ဲခြေဖ၀ါး ဖူးရောင်စုတ်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့အပ်ခဲ့သည်။

ထို့ကြောင့် ရဲစခန်းက (ပ)၁၁/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ယာယီရဲစခန်းမှူးဖြစ်သူ ရဲအုပ်ဝင်းနိုင်က ဆက်လက် စစ်ဆေး လျက်ရှိသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis