menu

Monday 21 October 2013

သိမ်ကြီးဈေးဒီရုံ၌ 2D အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

IMG 0633
Post 20 October 2013
By မျိုးသူ(မြစ်မခ)
 

အောက်တိုဘာလ (၂၀)ရက်၊ ည (၈း၃၀)၀န်းကျင်ခန့်တွင် ရန်ုကုန်မြို့၊သိမ်ကြီးဈေး(D)ရုံ၅ လွှာရှိ ဂိုဒေါင်တစ်ခု၌ မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းရခြင်းအကြောင်းအရင်းကိုမူစုံစမ်းနေဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဋ္ဌာနများမှ သိရှိရသည်။

“ရှစ်နာရီခွဲလောက်မှာ စပြီး လောင်တယ်၊ ကိုးနာရီဆယ့်ငါးလောက်မှာမီးငြိမ်းနိုင်ခဲ့တယ်။ အသေးစိတ်အ ချက်အ လတ်တွေတော့ အတည်မပြုနိုင်သေးဘူး။မီးလောင်မှုအဆင့်က level (2D)ရှိတယ်။” ဟုစမ်းချောင်းမြို့ နယ်မီသတ်တပ်ဖွဲ့မှဦးစီးအရာရှိ ရဲသူရိန် သိန်းမြင့်က ပြောသည်။
အဆိုပါမီးလောင်းကျွမ်းမှုနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အပါအ၀င်အခြားနယ်မြေမီးသတ် တပ်ဖွဲ့များမှ မီးငြိမ်းသတ်ယာဉ်နှင့်ကွပ်ကဲမှုယာဉ်(၂၅)စီးနှင့် ကြက်ခြေနီတပ်ဖွဲ့လူနာတင်ယာဉ် (၃)စီးရောက်ရှိခဲ့သည်။
လုံခြုံရေးအရ လိုအပ်ပါက တာဝန်ယူနိုင်ရေး တပ်မတော်သားများလည်းမီးလောင်ကျွမ်းရာနေရာသို့ လာရောက်ခဲ့သည်ဟု သိရသည်။

ထိုသို့မီးလောင်ကျွမ်းမှုအားငြှိမ်းသက်နေစဉ် (၉း၄၅)နာရီတွင် ရန်ကုန်မြို့၊လမ်းမတော်မြို့နယ် ရွှေတောင်တန်းအောက်ဘလောက်၊ တိုက်(၃၆)၊ မြေညီထပ်၌လည်း မီးလန့်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါရွေတောင်တန်းလမ်းသို့ သိမ်ကြီးဈေးမီးလောင်ကျွမ်းမှုအား ငြှိမ်းသက်နေသည့်ရှေ့တန်းမီးငြှိမ်းသက် ယာဉ် သုံးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ကြောင်းကိုလည်း သိရသည်။
“မီတာဘောက်ခ်စ်ကနေ အပူလွန်ပြီး မီးခိုးတွေ ညှော်နံ့တွေထွက်လာတာ၊ သူတို့တွေမီးသတ်ဘူးနဲ့ ငြှိမ်းခဲ့လို့ကျွန်တော်တို့ ရောက်လာတော့ ဘာမှမဖြစ်တော့ဘူး” ဟု ကျောက်တံတားမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက
ပြောသည်။

MyitMaKha Media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis