menu

Sunday 20 October 2013

သာကေတမြို့နယ်အတွင်းမှ ဆိုင်ကယ်(၅) စီး ခိုးယူသူအား ဖမ်းဆီးရမိ

Photo: သာကေတမြို့နယ်အတွင်းမှ ဆိုင်ကယ်(၅) စီး ခိုးယူသူအား ဖမ်းဆီးရမိ

ရန်ကုန် အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူး မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း 
သတင်းရရှိထားသူဟန်လင်းဖြိုး(ခ)ဟန်ထွန်း၊ (ဘ)ဦးလှဆင်၊ လှိုင်သာယာ
မြို့နယ်နေသူအား ၁၂.၁၀.၂၀၁၃ ရက်နေ့(၁၂း၃၀)အချိန်တွင် ဖမ်းဆီးရမိ
သဖြင့် ရီမန်ယူ စစ်ဆေးခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဟန်လင်းဖြိုး(ခ) ဟန်ထွန်း အားစစ်ဆေးရာ ၄င်းသည်  
၂၀၁၃ ခုနှစ် (၈)လပိုင်းအတွင်းက သာကေတမြို့နယ်၊ (၇)ရပ်ကွက်၊ 
ဂိတ်ဟောင်း (၁၃)လမ်းရှိ နေအိမ်အတွင်းမှ HONDA WAVE 110 
အမျိုးအစားနက်ပြာရောင် ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက်သဖြင့် သာကေတနယ်မြေရဲစခန်း(ပ) ၇၄၀/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၉)လပိုင်းအတွင်းတွင် သာကေတမြို့နယ်၊(၇)ရပ်ကွက် ကန်ဘောင်ဘေးအနီးရှိနေအိမ်အတွင်း
မှ CZI အမျိုးအစား အပြာရောင်ဆိုင်ကယ် (၁)စီးအားခိုးယူခဲ့ကြောင်း 
စစ်ဆေးပေါ်ပေါက်သဖြင့် သာကေတနယ်မြေရဲစခန်း (ပ)၇၄၁/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း၊ (၇) ဈေး (၂) လမ်း ခြံဝန်းအတွင်းမှ 
CZI KENBO 125 ဖြူနီကြား ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်သဖြင့် သာကေတမြို့မရဲစခန်း (ပ) ၅၇၈/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ ဖြင့် လည်းကောင်း၊ သာကေတမြို့နယ် ရန်ပြေ
ရပ်ကွက် ရှိနေအိမ်မှ SUZUKI SMART အမျိုးအစား အပြာရောင် 
ဆိုင်ကယ် (၁)စီးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သာကေတမြို့မရဲစခန်း (ပ) ၅၇၇/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့် 
လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၁၀) လပိုင်းတွင် သာကေတမြို့နယ် 
(၁၄) ရပ်ကွက် (၁၃)လမ်းရှိ နေအိမ် ခြံဝန်းအတွင်း မှ KENBO R 
အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၁) စီးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်သာကေတနယ်မြေရဲစခန်း(ပ)၇၄၂/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ ဖြင့် လည်းကောင်း အမှုဖွင့်အရေး ယူပြီး 
သက်သေခံပစ္စည်များ သိမ်းဆည်းဆောင်ရွက်ထားရှိကြောင်း 
သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis