menu

Sunday 20 October 2013

Adidas လည်း စမတ်နာရီထုတ်ပြီ

Photo: Adidas လည်း စမတ်နာရီထုတ်ပြီ 

Adidas အားကစား ပစ္စည်း ကုမ္မဏီလည်း စမတ်နာရီ ထုတ်လုပ် မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၉၉ ပါ။ ဈေးတော့ကြီးပါတယ်။ ဈေးအဲ့လောက်ကြီးရအောင် ဘာတွေ ဘာသလဲ ဆိုတာ လေ့လာကြည့်တဲ့အခါမှာတော့ - 

သူက အခြား မိုဘိုင်းဖုန်းတွေနဲ့တော့ Syns လုပ်လို့ မရပါဘူး။ နာရီရဲ့  မျက်နှာပြင် Display မှာပဲ လိုအပ်တဲ့ Information အစုံအလင် ပြသစေဖို့ ဖြစ်ပါတယ်။ GPS ပါဝင်ပါမယ်။ Heart rate sensor လို့ခေါ်တဲ့ နှလုံးခုန်နှန်းကို ထောက်လှမ်းပေးမယ့် စက် ပါဝင်ပါမယ်။ ပတ်ထားတဲ့ လက်ရဲ့  သွေးကြောတွေကိုပါ ထောက်လှမ်းပြီး ကျန်းမာရေး အခြေအနေကို report လုပ်ပေးပါတယ်။ Earphone ပါလို့ တပ်ဆင်လိုက် ရင်လည်း အပြေး အားကစား နည်းပြ တစ်ယောက်အနေနဲ့ လိုက် လံကြီးကြပ်ပေးမယ့် အသံကို ကြားရမှာပါ။ အကယ်၍ အဲ့လိုမဟုတ်ပဲ သီချင်းနားထောင်ချင်ရင်လည်း ရပါတယ်။ 

ရသမျှ သတင်းအချက်အလက်အားလုံးကို ကွန်ပြူတာထဲလည် ပြန်ပို့ပေးနိုင် ပါတယ်။ အချိန်ကိုပဲ ပြတဲ့ နာရီ မဟုတ်တော့ပါဘူး။ Nike က ထုတ်တဲ့ Fuel Band ထပ်လည်း function ပိုစုံသွားတာတွေ့ရမှာ ဖြစ်ပါတယ်။ Adidas ရဲ့ ပထမဆုံး စမတ်နာရီကို မကြာခင် ဈေးကွက်ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:engadget
Aung Kham ( TSJ Team )

http://blog.techspace.com.mm/2013/10/adidas.html

TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis