menu

Wednesday 25 September 2013

ဤကစားနည်းတွင် အနာဂတ်နှင့် ချောက်ကမ်းပါးလက်တစ်လုံးသာ ခြားသည်


စားပွဲခုံကို ဒေါသတကြီး ထုရိုက် လိုက်သော ”ဒုန်း၊ ဒုန်း” ဟူသည့် အသံ နောက်တွင် မအေနှမစုံသော ဆိုဆဲသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ အစီအရီ ရှိနေသော ဂိမ်းစက် တို့ထံမှအာရုံရောက် နေကြသော သူများက အသံလာရာသို့ ခေတ္တလှမ်းမျှော်ကြည့်ပြီး ပြန်လှည့်သွား ကြသည်။ ကိုယ့်ဇောနှင့်ကိုယ်မို့ ကျော် စိုး (အမည်လွှဲ)ကို မည်သူမျှ ဂရုမထား နိုင်ကြ။ လက်ထဲက လေးငါးစေ့ခန့်မျှသာ ရှိတော့သော အကြွေစေ့များကို ပွတ်ချေ နေရင်း ကျော်စိုးတစ်ယောက် စိတ်အိုက် နေဟန်က အရွယ်နှင့်ပင်မမျှ။
”ကျူရှင်ဖိုးတော့ ပါသွားပြီ။ ဒီလ တော့ အိမ်က အဆင်မပြေလို့ ကျူရှင် မတက်တော့ဘူးဆိုပြီး ဆရာ့ကို ပြောရ တော့မှာပဲ”ဟူသော စကားသံတွင် စိတ် ဖိစီးမှုကို အထင်း သားမြင်တွေ့နေရသည်။ မနှစ်က ဆယ်တန်းကျရှုံးခဲ့သည့် နှစ်ကျ (Repeater) ကျောင်းသား ကျော်စိုးတစ် ယောက် သုံးနာရီခွဲခန့်မျှသော အချိန်အ တွင်းနိုင် တစ်လှည့် ရှုံးတစ်လှည့်ဖြင့် ကျူ ရှင်ဖိုး ၅၈ဝဝဝ ပြောင်သွားခဲ့လေပြီ။ ရန်ကုန်မြို့ အချက်အချာတစ်နေ ရာရှိ အပန်းဖြေစင်တာ (Amusement Centre) ဟူသော ဆိုင်းဘုတ်အောက် က အခန်းကျယ်ထဲသို့ လွန်ခဲ့သည့် ၃ လလောက်က သူငယ်ချင်းတစ်သိုက်နှင့် အတူ ပထမဆုံးအကြိမ် ရောက်ခဲ့သည် ဟု အသက် ၁၈ နှစ် အရွယ် ကျော်စိုး က ပြောပြ သည်။ စူးစမ်းလိုစိတ် အပြည့်နှင့် ရောက်လာကြသော သူတို့ကို ဂိမ်းစက် တွေက အစပိုင်းတွင် ကျေနပ်မှု ရစေခဲ့ပြီး လေးငါး ရက်ခြား တစ်ေ ခါက် ရောက် လာစေခဲ့သည်။

”အစပိုင်းတွေကတော့ အဖော် တွေ စုံမှပဲ အပျော်လာဖြစ်တယ်။ နောက် တော့အဖော်မပါဘဲလည်းလာဖြစ်တယ်။ တစ်နေ့က မုန့်ဖိုးရတဲ့ ပိုက်ဆံတစ်သောင်း ကျော် ရှုံးသွားလို့”ဟု ကျော်စိုးက ယနေ့ မကျေပွဲလာရခြင်း အကြောင်းရင်းကို ရှင်းပြသည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများ အထူး သဖြင့် စီးပွားရေးဖွံ့ထွားသော မြို့ကြီး များတွင် ဤကဲ့သို့သော အကြွေစေ့ဂိမ်း ဟု အများကလွယ်လင့်တကူ ခေါင်းစဉ် တပ်ထားသည့်လောင်းကစားဆန်ဆန် အပန်းဖြေစင်တာ(Amusement Centre) များကို အစီအ ရီတွေ့နိုင်သည်။ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တောင်ကြီး၊ လားရှိုး၊ ကျောက်မဲ၊ မြဝတီ…အကြီး၊ အသေး သာကွာမည်။ ဂိမ်းစင်တာများက နေရာ အနှံ့ရှိနေပါသည်။
ယင်း စင်တာအများစုသည် ရှေ့ တွင် အပန်းဖြေစင်တာတစ်ခု အသွင် ဆောင်ရန်အတွက် ဂိမ်းစက်အချို့ကို ဟန်ပြခင်းကျင်းထားမည်။ ကလေး၊ လူ ရွယ် အချို့ ဆော့ က စားနေမည်။ သာ မန် အပန်းဖြေစင်တာတစ်ခု အသွင်ဟု သာ ထင်ရမည်။ သို့ရာတွင် လိုက်ကာ ထူထူ သို့မဟုတ် တံခါးတစ်ချပ်၏ နောက်ကွယ်တွင်မူ ပမာဏမ နည်းသော ငွေကြေးများ စီးဆင်းလှည့်ပတ်နေသည့် လောင်းကစားဆန်ဆန် အကြွေစေ့ဂိမ်း စက်များ စီစီရီရီ ရှိနေသည့် အခန်း သို့ မဟုတ် အခန်းများ ရှိနေပါ သည်။ ရန် ကုန်၊ မန္တလေးနှင့် စီးပွားရေး အချက်အချာကျသော မြဝတီမြို့ကဲ့သို့ သော နယ်စပ်မြို့အချို့တွင်မူ အကြွေ စေ့ဂိမ်းအချို့မှာ လိုင်စင်ရသဖွယ်ကဲ့သို့ ဖြစ်နေသည်။ ဂိမ်းနှင့် အပန်းဖြေစင်တာ (Games and Amusement Centre) ဟု ခပ်တည်တည်နှင့် ခေါင်းစီးတပ်ထား သော အခန်းများအတွင်း အကြွေစေ့ဂိမ်း များက တရားဝင်သဖွယ် လည်ပတ်နေ ကြသည်။
”ဂိမ်းလို့သာပြောနေတာ၊ တကယ် တမ်းတွက်ရင်လောင်းကစား ဂိမ်းပဲလေ။ ဒီဂိမ်းတွေဟာ ကလေးတွေအတွက် ဘယ်လို သက်ရောက်မှုရှိမလဲ။ လောင်း ကစားစိတ်ကို အားပေးရာရောက်နေတာ ပဲ။ ကျွန်မတော့ ကျွန်မကလေးတွေကို အဲဒီလို ဂိမ်းစင်တာမျိုး မလွှတ်ဘူး” ဟု လသာမြို့နယ်မှ အထည်ဆိုင်ပိုင်ရှင် ဒေါ်ယဉ်လဲ့က ပြောသည်။ အရွယ် ရောက်ခါစ သား နှစ်ယောက် ထိုကဲ့သို့ သော ဂိမ်းဆိုင်တွင် အချိန်ကုန် ငွေကုန် ပြီး လောင်းကစားမှုပြုနေမည့် ကိစ္စကို စိုးရိမ်မိသည်ဟု ဆိုပါသေးသည်။ ထိုကဲ့ သို့သော လောင်းကစားဆန် ဆန် အကြွေစေ့ဂိမ်းစင်တာများတွင် အချိန်အလိုက် လူငယ်၊ လူရွယ်၊ လူ ကြီးများ ကွဲပြားစွာတွေ့နိုင်သည်။ နေ့ဘက်နှင့် ညနေပိုင်း များ တွင် ကျောင်း သားအရွယ် လူငယ်များက အများဆုံး လာရောက်ဆော့ကစားကြပြီး လူလတ် ပိုင်းနှင့် လူကြီးပိုင်းအချို့ကမူ ညဘက် တွင် စတည်း လာချကြ သည်ဟု သိရ သည်။
”ညဘက်ကျတော့ လူငယ်တွေ နည်းသွားပြီ။ အလုပ်ပြီးသွားတဲ့ လူ လတ်ပိုင်း အများစုလာတယ်။ လူကြီး တချို့လည်း လာတယ်။ ပြောရရင် ည ဘက်တွေ မှာ ကြေးများ များဆော့တဲ့လူ တွေ လာတယ်ပေါ့။ နေ့ဘက်မှာတော့ ကလေးတွေ၊ ကျောင်းသားတွေ လာကြ ပါတယ်” ဟု ရန်ကုန်မြို့ မြို့လယ်ဧရိ ယာမှ အြေ<ွကစေ့ဂိမ်းဆိုင်တွင် ဝန် ထမ်း လုပ်ခဲ့ဖူးသူ တစ်ဦးက ပြောသည်။ ကျောင်းသားလူရွယ်အများစုက နေ့ဘက်နှင့် ညနေခင်းအချိန်တွင်ပါ လာရောက် ဆော့ကစားလေ့ ရှိသော် လည်း အချို့ ကျောင်း သားများမှာမူ အရွယ်နှင့်ပင် မမျှသော ငွေကြေးပမာ ဏနှင့် ညဥ့်နက်သန်းခေါင်အထိ ဆော့ ကစားလေ့ရှိသည်ဟု ၎င်းကဆိုသည်။
”တချို့ ကျောင်းသားတွေဆို ည နက်သန်းခေါင်အထိ ဆော့တယ်၊ ငွေက လည်း သူတို့အသက်အရွယ်နဲ့ မလိုက် အောင်များတဲ့ ငွေပမာဏတွေ” ဟု ၎င်းက ပြော သည်။ နီယွန်မီးရောင်စုံတို့ မြူးလက်လာ သော ညခင်းအချိန်တွင် ယင်းစင်တာ များ ပိုမိုအသက်ဝင်လာတတ်သည်။ စင် တာတွင်းသို့ လူဝင်လူထွက် ပိုများလာ သည်။  ငွေကြေး လည်ပတ်မှု ပမာဏ ပို များလာသည်။ မည်သူတွေ မည်မျှရှုံးပြီး မည်သူတွေ အဘယ်မျှနိုင်ပါသနည်း။ သေချာသည်က စင်တာသည် အရှုံးခံလေ့ မရှိ တတ်ခြင်းပင်။
”ဒီဆိုင်က တစ်နေ့ဘယ်လောက် ရတယ်လို့ ခင်ဗျားထင်လဲ။ ဒါမျိုးဆိုတာ က ဘယ်တော့မှ အရှုံးမရှိနိုင်လောက်တဲ့ အလုပ်။ တိုးတက်လာတဲ့ လူနေမှုပုံစံ  ဒါတွေ က ရှောင်လွှဲလို့ မရဘူး တရား ဝင်လား၊ တရားမဝင်လားဆိုတာပဲ ကွာ တယ်” ဟု အကြွေစေ့ဂိမ်းစင်တာ တစ်ခု ထောင်ထားသူ လူလတ်ပိုင်း အရွယ် တရုတ်နွယ် ဖွား တစ်ဦးက ပြောသည်။ ယခင်က ကုန်ရောင်းကုန်ဝယ် အတွက် သူသွားခဲ့ဖူးသည့် နယ်စပ်မြို့ များတွင် ထွန်းကားနေသည့် အကြွေစေ့ ဂိမ်းဆိုင်များကို ကြည့်ကာ ရန်ကုန်မြို့ တွင်စတင်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်တရားဝင်မဟုတ်။ အပန်းဖြေ စင်တာဟူသော ခေါင်းစဉ်အောက်က သာ။ သူက စင်တာအတွက် အခွန် ဆောင် ရကြောင်း ပြောသည်။
”ဒီအလုပ်လုပ်မှတော့ မပေးလို့ ရ မလားဗျ။ တရားဝင်လုပ်ငန်း မဟုတ် တော့ ကျွန်တော်ဆောင်ရတဲ့ အခွန်၊ ပေးရတဲ့ငွေဟာ ဘယ်ရောက်သွားလဲ စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ပြော သည်။ နိုင်ငံတကာမြို့ကြီးများတွင် အထူး သဖြင့် စီးပွားရေးအချက်အချာကျသော ကမ္ဘာ့စီးပွားရေးမြို့ကြီးများတွင် ဟီးဟီး ထနေသော ကာစီနိုလောင်း ကစား ဝိုင်း များကို တရားဝင်ခွင့်ပြုခြင်းဖြင့် မြောက် မြားလှစွာသော အခွန်ဘဏ္ဍာတစ်ရပ် ကို အစိုးရများက ရယူနေကြသည်။ ထွန်းသစ်စ ဈေးကွက် သဖွယ် ဖြစ် နေေ သာ မြန်မာနိုင်ငံသို့လည်း နိုင်ငံ တကာမှ ရင်းနှီးမြှုပ်နှံမှုများက တဖြည်း ဖြည်းတိုးတက်လာနေပြီ။ အလားအလာ ကောင်းများများ ပိုင်ဆိုင်ထားသော မြန် မာ့စီးပွားရေး ပြန် လည်ဦးမော့လာမည့် အချိန် ရောက်လာတော့မည်ဟု ကျွမ်း ကျင်သူများက ခန့်မှန်းထားကြသည်။ ရင်ဆိုင်ရမည့်၊ ရင်ဆိုင်နေရသည့် စိန် ခေါ်မှုအများ အပြားရှိသည့် တိုင် မြန်မာ့ ဈေးကွက်သည် နိုင်ငံတကာကိုဆွဲဆောင် နေနိုင်သည်က အားလုံးလက်ခံထား သည်။
”ဖွံ့ဖြိုးလာမယ့် အနေအထားမှာ အထူးသဖြင့် မြို့ကြီးတွေမှာ၊ ဒီလို ကိစ္စ မျိုးတွေက ရှိလာမှာပဲ။ တရားဝင် ဖွင့် ခွင့် မပေးဘူးဆိုလည်း ရှိနေမှာပဲ တစ် ခုပဲ တရားဝင် မဟုတ် ရင် အစိုးရက အခွန်မရဘူးပေါ့” ဟု အထက်ဖော်ပြပါ တရုတ်နွယ်ဖွား အမျိုးသားက ပြောသည်။ အမှန်လည်း ထိုကဲ့သို့သော အနေ အထားပင် ဖြစ်နေ သည် ကို တွေ့ရ သည်။ လောင်းကစားဆန်ဆန် ကစားနည်းများ နှင့် ပမာဏမနည်းသော ငွေကြေးတို့ လှည့်ပတ်စီးဆင်းနေရာ နေရာများကား တရားဝင်ဖွင့်ခွင့်ပေး ထားသော ”အပန်း ဖြေရိပ်သာနှင့် ဂိမ်းစင်တာ” ဟူသော ခေါင်းစဉ်အောက်တွင် လုံလုံခြုံခြုံ ရှိနေသည်။ ”ကျွန်တော်တို့က တိုင်ကြားလာတဲ့ သူရှိရင် ညွှန်ကြားချက်လာရင်တော့ ဖမ်းပါတယ်။ အဲ့ဒါတွေကို ဘယ်လိုမျိုး ဖွင့်ခွင့်ပေးထားလဲဆိုတာတော့ စည်ပင် နဲ့ပဲ ဆိုင်ပါလိမ့်မယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲမှူး မြင့်ထွေး (ဦးစီး-၂) က ပြောသည်။
လုပ်ငန်းလိုင်စင် လျှောက်စဉ်က သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ဖွင့် ခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက် ညီ၊ မညီကို မည်သူကစစ်ဆေးရပါမည် နည်း။ စည်ပင်လော၊ ရဲတပ်ဖွဲ့လော၊ တိုင်းဒေသကြီးအစိုးရလော။ ”အမှန်တော့ စည်ပင်က လိုင်စင်  ချထားတာဆိုတော့ သတ်မှတ် စည်း ကမ်း တွေ နဲ့ ညီ မညီဆိုတာ သူတို့အနေနဲ့ လည်း စစ်ဆေးဖို့ တာဝန်ရှိပါတယ်” ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အစိုးရအဖွဲ့များ အေ နနှင့်မူ တိုင် ကြားလာပါက စိစစ်ပြီးအမြန်ဆုံးအရေး ယူမည်ဟု ဆိုထားပြီး ပြည်သူများက ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။ ”အမှန်ပြောရရင် ရဲလည်း အကုန် မသိဘူး။ ကျွန်တော်တို့လည်း အကုန် မသိဘူး။ သိရင်တော့အရေးယူပါတယ်။ တိုင်ကြားစာတွေလည်း အမြန်ဆုံး စိ စစ်ပြီး ဖမ်းဆီးအရေးယူနေပါတယ်။ ဒါ့ကြောင့် လူထု ကအမြင်မတော်တာ၊ မဟုတ် တာတွေ့ရင်တိုင်ကြားပါ”ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြား ရေးမှူးဦးအောင်ကျော်စိုး က ပြောသည်။ သတ် မှတ်ချက် စည်း ကမ်းများနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးမည့်အဖွဲ့မရှိ။ စည်းကမ်းဖောက်ဖျက်နေမှုများကို အာ ဏာပိုင်များက အကုန်မထိန်း ချုပ်နိုင် သောအခြေအနေတွင်
ဤဈေးကွက်ပုံစံ ဆက်ရှိနေမည်က သေချာသည်။ လက်ရှိတွင်တော့ မြန်မာနိုင်ငံတွင် တရားဝင် လောင်းကစား တစ်ခုသာ ရှိ သည်။ ပြည်တွင်းအခွန်များ ဦးစီးဌာန ၏  အောင်ဘာလေထီ ဖြစ်ပါသည်။ သို့ရာ တွင် တရားမဝင်လောင်းကစားလုပ်ငန်း များက ပုံစံအမျိုးမျိုးနှင့် အရှိန်အဟုန် နှင့်လည်ပ တ်နေသည်ကိုအားလုံး အသိ။ ဘော လုံးလောင်းကစား၊ ချဲထီလောင်း ကစား၊ နိုင်ငံခြားတိုင်းပြည်မှ ထီများ၊ ကြေးကြီးကြီး လောင်းကစားဝိုင်းများ …စသည်၊ စသည်ဖြင့်။
ဤအခင်းအကျင်းကို မနှစ်မြို့နိုင် သူ အများအပြားရှိနေနိုင်သော်လည်း အမြစ်ပြတ်တိုက်ဖျက်ဖို့ ဆိုသည်မှာ အဂတိတရားကင်းသော အုပ်ချုပ်ရေး အဖွဲ့အစည်းလိုသည်။ အားလုံးပူးပေါင်း ပါဝင်နိုင်ရမည်။ ထို့ပြင် နိုင်ငံ၏ အပြောင်းအလဲ အခင်းအကျင်းကြောင့် တရားမဝင် လောင်းကစား လုပ်ငန်းများကို တရား ဝင် ဖွင့်လှစ်ခွင့်ပေးခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ ဖြည့်တင်းလိုသူများလည်း ရှိ နေပါသည်။ ဤတွင် အရှိတရားအပေါ် ဆွေး နွေးငြင်းခုံခြင်းဖြင့် မှန်ကန်သော လမ်း ကြောင်းပေါ်ရောက်ရေးက အရေးကြီး လှပါသည်။ ယခုလက်ရှိ အမှန်တရားက တော့ တရားမဝင်လုပ်ငန်းများ အားကောင်း ခိုင်မာနေဆဲပင် ဖြစ်ပါသည်။
ကျော်ရဲလင်း၊ သုတလင်း
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis