menu

Wednesday 25 September 2013

ချောင်းသာကမ်းခြေ မပျက်စီးရန် စည်းကမ်းတင်းကျပ်မည်

Photo: ချောင်းသာကမ်းခြေ မပျက်စီးရန် စည်းကမ်းတင်းကျပ်မည်

ပုသိမ်၊ စက်တင်ဘာ ၂၄

လာရောက်အပန်းဖြေသူ အများဆုံး ကမ်းခြေများတွင် တစ်ခုအပါအဝင် ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် ကမ်းခြေတစ်လျှောက် ပျက်စီးမှု လျော့နည်းစေရန် စည်းကမ်းထိန်းသိမ်းရေး တိုးမြှင့်မည် ဖြစ်ကြောင်း ရွှေသောင်ယံ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက The Voice သို့ ပြောကြားသည်။

ကမ်းခြေတွင် ဈေးဆိုင်တည်ခင်း ရောင်းချခြင်း၊ ကမ်းခြေနှင့် ပင်လယ်အတွင်းသို့ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ မြင်းစီးခြင်း၊ ဆိုင်ကယ်စီးခြင်းတို့ကို ချောင်းသာကမ်းခြေ သန့်ရှင်းသာယာရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ငယ်များဖွဲ့ကာ ဒေသန္တရ ဥပဒေများဖြင့် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

"ဒီနှစ်တော့ ချောင်းသာကမ်းခြေမှာ လမ်းလျှောက်ဈေးသည် တွေကိုပဲ ခွင့်ပြုပေးမှာပါ" ဟု ချောင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။

ကမ်းခြေတွင် မြင်းစီးခြင်း၊ ဆိုင်ကယ် စီးခြင်းကို တစ်ကြိမ် တွေ့ရှိပါက မြင်းပိုင်ရှင်ထံမှ ဒဏ်ငွေကျပ် ၅၀၀၀ နှင့် ဆိုင်ကယ်ပိုင်ရှင် ထံမှ ဒဏ်ငွေကျပ် တစ်သောင်း ဒဏ်ရိုက်မည် ဖြစ်ကြောင်း ၄င်းကပြော ဆိုသည်။

"လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး အတွက် ရဲတပ်ဖွဲ့ဝင်တွေ သာမက ဟိုတယ်လုံခြုံရေး ဝန်ထမ်းတွေရဲ့ အင်အား တွေကိုပါ ရယူဆောင်ရွက်မှာပါ။ ဟိုတယ်လုံခြုံရေး ဝန်ထမ်း တွေကိုလည်း သင်တန်းတွေ ပေးမှာပါ" ဟု လုံခြုံရေးကော်မတီဝင် ဒုရဲအုပ်နိုင်ထွန်းက ပြောကြားသည်။

ချောင်းသာကမ်းခြေသည် လာရောက် လည်ပတ်သူများပြားခြင်း၊  အပန်းဖြေသူ များက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ကမ်းခြေအလျား တိုခြင်း တို့ကြောင့် ကမ်းခြေရှိ သဲများမှာ လှပမှု နည်းလာကြောင်း၊ ချောင်းသာကမ်းခြေ တစ်လျှောက် ဈေးရောင်းသူများ အပါအဝင် ကမ်းခြေကို အမှီပြု စီးပွားရေး လုပ်ကိုင်နေသူ အများစုတွင် ယခင်က ယင်းကမ်းခြေနေရာတွင် နေထိုင်ခဲ့သော ဒေသခံများ ပါဝင်ကြောင်း၊ ဒေသခံများ၏ ဘဝ ရပ်တည်ရေးကို ထည့်သွင်း စဉ်းစားသော စည်းကမ်းများ ကိုသာ  ဆောင်ရွက်သင့်ကြောင်း  ချောင်းသာသို့ အလည်သွားဖူးသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis