menu

Wednesday 18 September 2013

ဟောလိဝုဒ်မှ ဒါရိုက်တာတစ်ဦး ပြည်တွင်း၌ ဖြစ်ရပ်မှန်ရုပ်ရှင် ရိုက်ကူးမည်

ဘုန်းနေလ(ဒဂုံတက္ကသိုလ်) | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၉ မိနစ်

ဟောလိဝုဒ်မှဒါရိုက်တာတစ်ဦးသည် ပြည်တွင်း၌ ဖြစ်ရပ်မှန် ဇာတ်လမ်းအား အခြေခံသည့် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည်ဖြစ်ပြီး ယင်းဇာတ်ကားနှင့် ပတ်သက်သော ဇာတ်ဝင်ခန်းများအတွက် ယခုအခါ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း ဥက္ကဋ္ဌလူမင်းက မဇ္ဈိမသို့ ပြောကြား လိုက်သည်။

အဆိုပါဇာတ်ကားမှာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သော လေသူရဲတစ်ဦး၏ အတွေ့အကြုံများကို အခြေတည်ကာ ရိုက်ကူးမည့် ဇာတ်ကားဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်ကြီးနား၊ စစ်တကောင်းဒေသတို့ကို အဓိကထားကာ ရိုက်ကူးမည်ဖြစ်သည်။

“ဒီလအတွင်းမှာပဲ လာရောက်ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ ပထမဆုံးဆွေးနွေးကြတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဒီလုပ်ငန်းဆောင်ရွက်ဖို့ စတင်နေတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ ဘယ်လိုလုပ်ရမယ်ဆို တာတွေကအစ ပြောဆို တိုင်ပင်နေတဲ့အဆင့်ပါ။ ဒုတိယကမ္ဘာစစ်တုန်းက လေသူရဲတစ်ဦးစစ်တိုက်ဖူးတဲ့ အကြောင်းကို ရိုက်မှာပါ။ အဲဒီလေသူရဲက အခုလာပြီး ဆွေးနွေးအဖွဲ့မှ ပါလာတဲ့လူရဲ့အဖေပါ။ သူကသူ့ အဖေစစ်တိုက်ဖူးတဲ့ နေရာတွေကို ရိုက်ချင်တယ်ပြောပြီး အကူအညီတောင်းတာပါ။ ကိုယ်တွေဘက်ကလည်းကူညီပေးမယ်ပေါ့။ ဒါပေမဲ့ ဂျပန်က လာရိုက်တဲ့ သွေးဇာတ်ကားတုန်းက ပြန်ကြားရေးကို ရိုက်ကူးမယ့် အကြောင်းအရာတွေကို တင်ပြရတယ်ပေါ့။ ဒါကြောင့်မို့ အဲဒီခွင့်ပြုချက်ရခဲ့ရင် ကူညီပေးမယ်လို့ ပြောခဲ့တယ်”ဟု လူမင်းကပြောဆိုသည်။

ယင်းသို့ လာရောက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရိုက်ကူးမည့်အဖွဲ့တွင် Mr. #Geoffrey #Charies Schaaf (#Cinematography now he is retired and Teaching part time) , Mr.Denise Annette Ashley Gordon (Holly Wood) တို့ ဖြစ်ပြီး ပြည်ပမှ သရုပ်ဆောင်များဖြင့် ရိုက်ကူးမည်ဖြစ်သည်။
Mizzima News In Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis