menu

Wednesday 18 September 2013

နင်းခြေခံလိုက်ရတဲ့ ပန်းရိုင်းလေးတစ်ပွင့်

အသက်အရွယ်အားဖြင့် ၁၃ နှစ်သာရှိသေးတဲ့ အရွယ်ငယ်ငယ်အမျိုးသမီးလေးတစ်ဦးက သူ့ကို မတော်မတရားပြုကျင့်တဲ့အကြောင်းကို ပြောပြနိုင်ဖို့ ကြိုးစားတဲ့အခါ စကားသံတွေ ထွက်မလာဘဲ မျက် ရည်တွေ တသွင်သွင်စီးကျလာပါတယ်။ စီးကျနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်းထစ်ငေါ့ငေါ့ စကားသံလေးနဲ့ ]]သမီးစက်ရုံကပြန်တဲ့အချိန် ပြန်နေ ကျအစ်မကြီးနဲ့ပြန်တဲ့အခါ သူ့အဖော်နဲ့ အတူ နေရာတစ်နေရာကို ဆွဲခေါ်သွားတယ်။ အိမ်ပြန်မယ် လို့ပြောတော့မပို့ပေးဘဲအခန်းထဲခေါ်သွားတယ်။ သူနဲ့ ပါတဲ့အဖော်နှစ်ယောက်ကအပြင်မှာစောင့်နေတယ်။ အိမ်ပြန်ပို့ ခိုင်းတဲ့ဟာကို နင့်ကိုမပို့ပေးဘူး လို့ပြောပြီး ကုတင်ပေါ်ဆွဲတင်ပြီး ]]သမီးကို ----}}လို့တိုးလျော့ လျော့အသံလေးနဲ့အရာရာကိုရင်မဆိုင်ရဲဘဲ ကြောက်ရွံ့ ထိတ်လန့်စွာနဲ့ခေါင်းငုံ့ရင်းပြောရှာတယ်။
မသူဇာ(အမည်လွှဲ) အလုပ်ပြန်ချိန်ပုံမှန်ထက် နောက်ကျနေတဲ့အခါ မိဘများက လိုက်လံစုံစမ်းရင်း ပတ်ဝန်းကျင်ရဲ့အကူအညီနဲ့ တည်းခိုခန်းကိုရောက်နေ တယ်လို့ ကြားကြားချင်း ရောက်လာခဲ့ပေမယ့် အချိန် လင့်ခဲ့ရပြီ။ အရွယ်မရောက်သေးတဲ့ အမျိုးသမီးလေး ရဲ့ဘ၀လေး အညွန့်ချိုးခံလိုက်ရတဲ့ ပန်းလေးတစ်ပွင့် နှယ်ဖြစ်ခဲ့ရပါတယ်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က စက်ရုံမှ အိမ်အပြန်ယုံကြည်ရမယ်လို့ထင်ရတဲ့ အဖော်ကို အား ကိုးမိရာမှ နုနယ်ငယ်ရွယ်သေးတဲ့ဘ၀ကို မတော် မတရားဖျက်စီးခံလိုက်ရတဲ့အတွက် အင်းစိန် မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ရဲစခန်း မှ (ပ) ၉၉၅^၁၃ ပုဒ်မ ၃၆၃ဖြင့် အမှုဖွင့်အရေးယူ ထားပေမယ့် အာမခံနဲ့ပေးထားတယ်လို့ သိရပါတယ်။
မာယာတွေပေါ]]အန်တီတို့က မိသားစုခြောက်ယောက်မှာ သူက အကြီးဆုံးပါ။ ရွာမှာအဆင်မပြေလို့ ရန်ကုန်တက်လာ တာ။ အကြီးဆုံးဖြစ်တဲ့သူ့ကို အလုပ်လုပ်ခိုင်းပြီး သူ့ လုပ်စာကလေးကို မှီခိုနေရတာ။ သူ့ခမျာ သူငယ်တန်း ပဲတက်ခဲ့ရတာပါ။ စာမတတ်ဘူး။ မသွားတတ်မလာ တတ်ဆိုတော့ရင်းနှီးလို့ ယုံကြည်ပြီးထားခါမှ အခုလို လုပ်လိုက်တာကိုတော့ စိတ်ထဲဘယ်လိုမှမကောင်းဖြစ် တယ်။သမီးအတွက်ရင်ထုမနာဖြစ်ရတယ်လို့ မသူဇာ ရဲ့ မိခင်ကညှိုးငယ်စွာနဲ့ ပြောပါတယ်။
မသူဇာတို့မိသားစုက မအူပင်မြို့နယ်ထနီးကျေး ရွာအုပ်စုအလန်းကြီးကျေးရွာမှာလယ်လုပ်ရင်း စီးပွား ရေးအရ အဆင်မပြေလို့ အင်းစိန်မြို့နယ်ထဲက အခြေ ခံလူတန်းစားများ အများဆုံးစုစည်းနေထိုင်ရာကွက် သစ်မှာ ၁၂ပေပတ်လည်ဓနိမိုး ထရံကာကလေးနဲ့ နေ ထိုင်ရပြီး မိသားစုဝမ်းစာရှာဖွေရာက စာပေဗဟုသုတ နည်းပါးခြင်းကြောင့် လူ့ဘ၀ရဲ့ တစ်ဆစ်ချိုး မရောက် ခင် သူမဘ၀က အမှိုက်မှောင်ထဲ ရုတ်တရက် တွန်းချ ခံခဲ့ရပါတယ်။
]]ဒီလိုအရွယ်လေးက ဘာမှမသိသေးတဲ့အရွယ် လေးပါ။ ဒါကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူစေချင်တယ်။ အတည်ယူတာလည်းမဟုတ် ဘူး။ ၁၈ နှစ်တောင်မပြည့်သေးဘူး။ မိဘအုပ်ထိန်း သူတွေအနေနဲ့လည်းလိုတယ်။ ပြီးတော့အရေးကြီးတာ တည်းခိုခန်းတွေကလည်း အသက်မပြည့်သေးတဲ့ တစ် နည်းအားဖြင့် မှတ်ပုံတင်မပါဘဲ အခုလို စီးပွားရေးတစ် ခုတည်းကိုကြည့်ပြီး လက်မခံသင့်ဘူး။ ဥပဒေမှာ လည်း အခုလို မတရားအဓမ္မကျင့်တဲ့အမှုကို ထိထိ ရောက်ရောက်အပြစ်ဒဏ်တွေ ဒီထက့်ပိုပြီး ချမှတ်စေ ချင်တယ်}}ဟု အထက်တန်းရှေ့နေဒေါ်ခင်သန်းဆွေက အရွယ်မရောက်သေးသူများ အဓမ္မပြုကျင့်ခံနေရတဲ့ အပေါ် မှတ်ချက်ပြုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ကလေးသူငယ်မုဒိမ်းမှု ကျဆင်းရေးလုပ်ငန်းများ သိသင့်သိထိုက်သည့် ဟော ပြောပွဲပြုလုပ်နေသလို မြို့နယ်အသီးသီးမှာလည်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအဓမ္မပြု ကျင့်ခံရမှုအပေါ်ရှုတ်ချမှုတွေရှိနေသော်လည်း အရွယ် မရောက်သေးသူများ အဓမ္မပြုကျင့်ခံရမှုများက ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
]]အရင်တုန်းကလည်း ဒီဖြစ်စဉ်တွေရှိခဲ့တယ်။ ရဲကလည်း ပညာပေးလုပ်ငန်းတွေကိုလိုက်ပြီး ကျေးရွာ တွေမှာ ဟောပြောပွဲတွေလုပ်နေတာပဲ။ အခုနောက် ပိုင်းမှာ တိုင်ရမှန်းသိတော့ တိုင်လာကြတယ်။ ပိုဆိုးတာ က တည်းခိုခန်းတွေမှာ မှတ်ပုံတင်မပါဘဲ ခိုးပြီးလက် ခံတာတွေကို မန်နေဂျာက ပိုင်ရှင်မသိပဲလက်ခံတာတွေ ရှိတယ်။ အဲဒီအတွက် ပညာပေးအနေနဲ့ ကြော်ငြာ တွေထုတ်ပြီး အရေးယူသင့်တယ်။ ၁၄ နှစ်အောက် အသက်မပြည့်သေးတဲ့ ကလေးတွေကို လက်မခံသင့် ဘူး။ ဥပဒေအရ အသက်မပြည့်တဲ့ကလေးကို သွေး ဆောင်ဖြားယောင်းရင်း ပုဒ်မ ၃၆၃ အလိုမတူဘဲ ခိုး ယူပေါင်းသင်းရင် ပုဒ်မ ၃၇၆ အပြစ်ဒဏ်အနည်းဆုံး ၁၀ နှစ်အထိ ရှိတယ်ဟုခရိုင်ရဲမှူးကြီးဦးမြင့်အေးက ပြောသည်။
မြို့ပြရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဖွံ့ဖြိုးတိုးတက်လာပေ မယ့် လူတချို့ရဲ့ နိမ့်ကျနေတဲ့ အကျင့်စရိုက်တွေ ရှိနေ သေးတယ်ဆိုတာ မသူဇာရဲ့အဖြစ်အပျက်က မီးမောင်း ထိုးပြသလိုဖြစ်နေပါတယ်။ တစ်ဖက်ကလည်း တည်းခိုခန်းတွေအပြိုင်အဆိုင်ပေါ်ထွက်လာပြီး နိုင်ငံ ခြားသားနဲ့ ခရီးသွားဧည့်သည်တွေ ခဏတာနားခိုဖို့ ရည်ရွယ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အသက်မ ပြည့်သေးတဲ့ စုံတွဲတွေကို မှတ်ပုံတင်မပါလက်ခံနေ ခြင်းက မဖြစ်သင့်တဲ့ ပြဿနာတွေကို လက်ယပ်ခေါ် နေသလိုဖြစ်နေပါတယ်။ လတ်တလောကာလတွင် အညွန့်တလူလူတက်သစ်စအရွယ် အမျိုးသမီးငယ် လေး၏ ဘ၀မှာ ပန်းကောင်းအညွန့်ချိုးခံရတဲ့ မသူဇာ က သမီးလူတွေမြင်ရင် အရမ်းကြောက်တာပဲ။}} လို့ဆို ပါတယ်။
ကေသွယ်

Publicimage

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis