menu

Wednesday 18 September 2013

တပ်မတော်အရာရှိ သတ်ဖြတ်ခံရမှု ဖြစ်ရပ်မှန် နိုင်ငံတကာသို့ ကြေညာမည်ဟု KIO ဆို


ရန်ကုန်၊ စက်တင်ဘာ ၁၅
တပ်မတော်သားအရာရှိတစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော်  မှ သတ်ဖြတ်သည်ဆိုခြင်းမှာ စွပ်စွဲချက်တစ်ခု သာဖြစ်ပြီး  သတ်ဖြတ်ခြင်းလုံးဝ မဟုတ်ဟု ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်န်း ခါးက စက်တင်ဘာ ၁၅ရက်တွင် ပြော ကြားလိုက်သည်။
ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခန်းဂါးရွာအနီးတွင် သတ်ဖြတ်မြေမြှုပ် ခံထားရသည့် တပ်မတော်အရာရှိနှင့် ပတ် သတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ်ကို စက် တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ရာ တပ်မ တော်အရာရှိကို KIO မှ သတ်ဖြတ်ခြင်းဖြစ် ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
]]အစိုးရတပ်က အစီရင်ခံစာတင် ပြတဲ့ အခါမှာ ရာနှုန်းပြည့်မှန်ကန်တယ်ဆို တာ မရှိပါဘူး။အခု ဒီအရာရှိ အသတ်ခံရ တာက KIO သတ်တာလုံးဝမဟုတ်ပါ ဘူး။မမှန်ကန်တဲ့ သတင်းသာဖြစ်ပါ တယ်}}ဟုဦးဒေါင်န်းခါးကပြောကြားသည်။


ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အတွင်း ပါဝင်သည့် အသတ်ခံ လိုက်ရသည့် အရာရှိအလောင်းတည်ရှိ ရာနေရာကို အင်ခန်းဂါးကျေးရွာအနီးနေ ထိုင်သူနှစ်ဦးကလမ်းညွှန်ခြင်းဖြစ်သည်ဆို သည့် အချက်မှာလည်း မှားယွင်း နေပြီး သေဆုံးသူ တပ်မတော်အရာရှိအ လောင်းကို KIO ကတွေ့ရှိခြင်းဖြစ်ပြီး တပ်မ တော်ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည် ဟု ၄င်းက ပြောသည်။
KIO ကသတ်တာဆိုရင် အ လောင်းတွေ့တဲ့နေရာ မြှုပ်ထားတဲ့နေရာကို လိုက်ပြနေစရာလိုလား။ဒါကိုပဲတွေး ကြည့်ပါ}}ဟု ဦးဒေါင်န်းခါးက ပြောသည်။
တပ်မတော်အရာရှိ သေဆုံးမှုနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝင်များကလည်းတစ်သီး ပုဂ္ဂလပေးစာများ KIO သို့ ပေးပို့ခဲ့ကြသည် ဟုလည်းသိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌဖြစ် သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန် ကြီး ဦးအုန်းမြင့်တို့က KIO ထံသို့ ပေးစာ အသီးသီးပေးပို့ခဲ့ခြင်းဖြစ်ပြီး KIO ကမူ ထိုပေးစာများနှင့် ပတ်သက်၍ စိတ်ပျက် နေကြောင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဦးအောင်မင်း၏ ပေးစာတွင် ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သတ်ပြီး ကန့်ကွတ်ကြောင်း အပါအ ၀င် ဂျနီဗာကွန်ဗင်းရှင်းအတိုင်း လိုက်နာ လုပ်ကိုင်ကြရန်လည်း ထည့်သွင်းရေးသား ထားကြောင်း သိရသည်။
တပ်မတော်အရာရှိ သတ်ဖြတ်ခံရမှု ကိုKIO လက်ချက်ဟု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌက သတ်မှတ်ထားခြင်းဖြစ်ပြီး ဂျနီဗာကွန်ဗင်း ရှင်းတွင် ပါဝင်သည့် စစ်သုံ့ပန်းများကို ညဉ်းပန်းနှိပ်စက်ခြင်းမပြုရန် ဆိုသည့်အ ချက်ကို ရည်ညွှန်းကာ ဦးအောင်မင်းက အဆိုပါပေးစာကို ရေးသားခဲ့ခြင်းလည်း ဖြစ်သည်။
တပ်မတော်အရာရှိသေဆုံးမှုကို အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် တပ်မတော်နှင့်ပူုးပေါင်း၍စုံစမ်း ဖော်ထုတ် ရန် ရည်ရွယ်ထားပြီး စစ်ဆေးနေချိန်တွင် သက်သေအဖြစ် နိုင်ငံတကာ သတင်းဌာန များကိုပါဖိတ်ကြားသွားမည်ဟုလည်းသိရ သည်။
]]စစ်ဆေးပြီးချိန်မှာ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာကို ထုတ်ဖော်ပြောကြားသွား မှာပါ}} ဟု ဦးဒေါင်န်းခါးက ပြောသည်။
အရာရှိ သေဆုံးမှုကို ကာကွယ်ရေး ၀န်ကြီးဌာနက မချမ်းဘောမြို့နယ် ရဲစခန်း တွင် အမှုဖွင့်လှစ်ထားရာ မချမ်းဘောမြို့ နယ်ရဲစခန်းအနေဖြင့် အမှုမှန်ပေါ်ပေါက် ရန် စုံစမ်းစစ်ဆေးရဦးမည် ဖြစ်သည်။
Susan

https://www.facebook.com/notes/publicimage/တပ်မတော်အရာရှိ-သတ်ဖြတ်ခံရမှု-ဖြစ်ရပ်မှန်-နိုင်ငံတကာသို့-ကြေညာမည်ဟု-kio-ဆို/536243556446674

Publicimage

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis