menu

Wednesday 18 September 2013

ကျိုက်ထိုတွင် ရဲကိုင်သေနတ် အလိုလိုကျည်ထွက်ပြီး အမျိုးသမီးတစ်ဦးကို ထိမှန်

ဒု-ရဲအုပ်တစ်ဦး ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်မှ အလိုအလျောက် ကျည်ထွက်ခဲ့သဖြင့် အမျိုးသမီး ထိမှန်ခံရမှုတစ်ခု ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ ၁၆ရက် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှာ မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျိုက်ထိုမြို့မရဲစခန်းမှ လ၀ ၂၀၂၉၅၃ ဒု-ရဲအုပ် ထွန်းထွန်းဝင်းကိုင်ဆောင်သည့် သေနတ်ဖြင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းသည် လှည့်ကင်းတာဝန် ပြီးဆုံးသဖြင့် ကျိုက်ထိုလမ်းရှိပန်းရိုးမထမင်းဆိုင်တွင် တစ်ဦးတည်း ထမင်းစားနေစဉ် ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်မှ အလိုအလို ကျည်ထွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းကျည်ဆန်သည် ထမင်းဆိုင်မှလုပ်သားဖြစ်သူ မစန္ဒာရွှေ၏ ၀မ်းဗိုက် ယာဘက်ခြမ်းအား ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲဌာနမှ သိရသည်။
အဆိုပါ မတော်တဆမှုကြောင့် ထိမှန်ခဲ့သည့် ကျည်ဆန်အားခွဲစိတ်ကုသရန် ကျိုက်ထိုဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး လူနာ၏ အခြေအနေမှာ ယခုအခါ မစိုးရိမ်ရတော့ကြောင်း သိရသည်။

ယင်းလူနာကို ကျိုက်ထိုမြို့မ ရဲစခန်းမှ လ ၂၁၉၃၃၂ ဒုရဲအုပ် ဇော်မင်းထွန်းနှင့် အဖွဲ့က လိုက်ပါပို့ဆောင် ကူညီဆောင်ရွက်ပေးနေသည်ဟုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
ထိုအဖြစ်အား မည်သို့မည်ပုံ အရေးယူထားသည်ကို ဖော်ပြထားခြင်းမရှိပေ။

Source : Mizzima

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis