ဗြောက် အိုးများနှင့် မီးပန်းများသည် က လေးငယ်များ၏ နားနှင့်မျက်လုံးကို
ထိခိုက်စေနိုင်ရုံသာမက နှလုံး ရောဂါရှိသူများအနေဖြင့် အသက်
အန္တရာယ်ပင်ရှိနိုင်သည့်အတွက် မိဘများအနေဖြင့် ဂရုပြုရန် လို အပ်ကြောင်း
အထွေထွေရောဂါ ကုဆရာဝန် ဒေါက်တာအောင် ဆန်းဝင်းက သတိပေးပြောကြား လိုက်သည်။
ဗြောက်အိုးများနှင့်
မီးရှူး မီးပန်းများကို ကလေးငယ်များက ပူဆာခြင်းကြောင့် အန္တရာယ်
မဖြစ်နိုင်ဟုယူဆရသော ကလေး ငယ်များ ဆော့ကစားနိုင်သည့် ဗြောက်အိုးများ၊
မီးရှူးမီးပန်းများ ကို ဝယ်ယူပေးလေ့ရှိရာ ကလေး ငယ်များမှာ
နှစ်စဉ်ဆေးခန်းများ သို့ရောက်ရှိလာခြင်းများရှိသည့် အတွက် ယင်းသို့
သတိပေးပြော ကြားရခြင်းဖြစ်ကြောင်း သိရ သည်။
''မီးနဲ့ဆော့ရတယ်ဆိုက
တည်းက အန္တရာယ်မရှိနိုင်ဘူးဆို တာမရှိဘူး။ ကလေးတွေရဲ့အလို ကို
မိဘတွေကလိုက်တော့ မလို လားအပ်တာတွေ ဖြစ်နေရတယ်။ ဗြောက်အိုးဖောက်ရင်
မျက်စိထိ ခိုက်တာမျိုးနဲ့ နားစည်ထိခိုက် တာမျိုးတွေ ဖြစ်နိုင်တယ်။ ပြီးရင်
ခြေထောက်တို့ လက်တို့အပေါ် ကျမိပြီး အရေပြားစုတ်ပြဲတာတွေ ဖြစ်နိုင်တယ်။
နှစ်စဉ်မတော်တဆ ဖြစ်ပြီး ကလေးတွေ အနာတရနဲ့ ဆေးခန်းရောက်တာမျိုးတွေရှိ တယ်။
ရာသီချိန်ဖြစ်လို့ ဂရုစိုက် သင့်ပါတယ်''ဟုပြောကြားသည်။
ဗြောက်အိုးဖောက်ခြင်း
သည် မျက်စိနှင့်နားကို ထိခိုက် နိုင်ရုံသာမက နှလုံးရောဂါရှိသူ များလည်း
အသက်အန္တရာယ်ရှိ နိုင်သည့်အတွက် တားမြစ်ချက် များအတိုင်း စီးပွားရေးသမား
များကလည်း လိုက်နာသင့်ကာ မိဘများကလည်း ဝယ်ယူမပေး သင့်ကြောင်း သိရသည်။
ယင်းအပြင်
တချို့သောမီး ပန်းများမှာ ယမ်းနှင့်ပြုလုပ်ထား ခြင်းဖြစ်ပြီး
တိုက်ရိုက်ထိတွေ့ကိုင် တွယ်ပါက အရေပြား ဓာတ်မ
တည့်မှုများလည်းရှိနိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန် တစ်ဦးကလည်း
ပြောကြားခဲ့သည်။
''ယမ်းနဲ့ဓာတ်မတည့်တဲ့ ကလေးတွေရှိတယ်။ ယမ်းမှုန့်ကို
တိုက်ရိုက်ထိတွေ့နိုင်တာက မီး ပန်းလေးတွေ။ အန္တရာယ်မရှိနိုင် ဘူးဆိုပေမယ့်
ဓာတ်မတည့်တဲ့ ကလေးဆိုရင် ဒီယမ်းတွေနဲ့ထိ တွေ့မိပြီး ခန္ဓာကိုယ်နဲ့ လက်တွေ
မှာ အနီစက်တွေပေါ်တာမျိုး၊ ယား နာရောင်ရမ်းတာမျိုးတွေနဲ့ ဖျား နာတာမျိုးတွေ
ဖြစ်နိုင်တယ်။ မ တော်တဆ မီးပန်းထိမိလို့ မျက်စိ ထိခိုက်နိုင်တာတွေလဲ
ရှိတတ်ပါ တယ်''ဟု ပြောသည်။
ဗြောက်အိုးများနှင့် မီးပန်း
များဖောက်ခြင်းကို ရပ်ကွက်များ အတွင်း ပစ်ဖောက်ဆော့ကစား ခြင်းကို
တားမြစ်ထားသော်လည်း ယခုအချိန်မှစတင်ကာ ရောင်းချ နေကြပြီး သီတင်းကျွတ်နှင့်
တန် ဆောင်တိုင်ကာလများတွင်မူ က လေးငယ်များမှာ ယင်းဗြောက်အိုး မီးပန်းများမှ
မတော်တဆဖြစ်မှု ကြောင့် ဆေးခန်းများသို့ရောက် ရှိမှု
များပြားကြလေ့ရှိကြောင်း လည်း သိရသည်။
ဇင်မျိုးထက် ၊ စက်တင်ဘာ(၁၃)၊ရန်ကုန်
Yangon Media Group
No comments:
Post a Comment