menu

Sunday 15 September 2013

မော်တော်ယာဉ်ချောက်ထဲကျ၍ ၉ ဦးသေဆုံး

မော်တော်ယာဉ်ချောက်ထဲကျ၍ ၉ ဦးသေဆုံး

နေပြည်တော်၊ စက်တင်ဘာ ၁၅

	၁၄-၉-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တာချီလိတ် မြို့နယ်သို့ အလုပ်လုပ်ရန်ထွက်ခွာလာသော မလှိုင်မြို့နယ်၊ ဆည်တိုရွာနေ ဦးကြည်ဝင်း(၅၄)နှစ် မောင်းနှင်လာသည့် ၇က/xxxx လိုက်ထရပ်ယာဉ်သည် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၆၀)ကြား၊ မိုင်းဖြတ်မြို့နယ်၊ ဆွတ်ပလောင်းကျေးရွာအရောက်တွင် လမ်း၏ယာဘက်၊ ပေ(၅၀)ခန့်နက်သည့် နမ့်လုံချောင်းအတွင်းသို့ထိုးကျသွားခဲ့သည်။ ထိုသို့ထိုးကျသွားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်(၂၃)ဦးအနက် မလှိုင်မြို့နယ်၊ ရေကမိုးရွာနေ ကိုစိုးမိုး(၃၅)နှစ်ပါ ကျား ၂ ဦး၊ မ ၅ ဦး၊ ကလေး ၁ ဦး၊ စုစုပေါင်း(၈)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးသွားခဲ့သည်။
	ထို့ပြင် ကျန်ရှိသည့်ခရီးသည်(၁၄)ဦးအနက် မိတ်္ထီလာမြို့၊ ရွှေတောရွာနေ ဗလ(ခ)ထွန်းထွန်းနိုင် (၂၉)နှစ်နှင့်အမျိုးသမီး ၁ ဦးတို့တွင် ဦးခေါင်းထိမိပြီး သတိမရ၊ ယာဉ်မောင်း ဦးကြည်ဝင်း(၅၄)နှစ်ပါ (၁၂)ဦးတွင် ပွန်းပဲ့ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးကြည်ဝင်းအား မိုင်းဖြတ်မြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၅

၁၄-၉-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တာချီလိတ် မြို့နယ်သို့ အလုပ်လုပ်ရန်ထွက်ခွာလာသော မလှိုင်မြို့နယ်၊ ဆည်တိုရွာနေ ဦးကြည်ဝင်း(၅၄)နှစ် မောင်းနှင်လာသည့် ၇က/
xxxx လိုက်ထရပ်ယာဉ်သည် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၆၀)ကြား၊ မိုင်းဖြတ်မြို့နယ်၊ ဆွတ်ပလောင်းကျေးရွာအရောက်တွင် လမ်း၏ယာဘက်၊ ပေ(၅၀)ခန့်နက်သည့် နမ့်လုံချောင်းအတွင်းသို့ထိုးကျသွားခဲ့သည်။ ထိုသို့ထိုးကျသွားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်(၂၃)ဦးအနက် မလှိုင်မြို့နယ်၊ ရေကမိုးရွာနေ ကိုစိုးမိုး(၃၅)နှစ်ပါ ကျား ၂ ဦး၊ မ ၅ ဦး၊ ကလေး ၁ ဦး၊ စုစုပေါင်း(၈)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးသွားခဲ့သည်။
ထို့ပြင် ကျန်ရှိသည့်ခရီးသည်(၁၄)ဦးအနက် မိတ်္ထီလာမြို့၊ ရွှေတောရွာနေ ဗလ(ခ)ထွန်းထွန်းနိုင် (၂၉)နှစ်နှင့်အမျိုးသမီး ၁ ဦးတို့တွင် ဦးခေါင်းထိမိပြီး သတိမရ၊ ယာဉ်မောင်း ဦးကြည်ဝင်း(၅၄)နှစ်ပါ (၁၂)ဦးတွင် ပွန်းပဲ့ဒဏ်ရာများအသီးသီးရရှိခဲ
့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးကြည်ဝင်းအား မိုင်းဖြတ်မြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
 
ရဲဇာနည် Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis