menu

Wednesday 4 September 2013

လွှတ်တော် ကော်မတီက ဆီးရီးယားကို ရက်ပေါင်း ၆၀ တိုက်ခွင့် ပေး

Wednesday, 04 September 2013

လွှတ်တော် နိုင်ငံ ခြား ရေးရာ ကော်မတီက ကြားနားမှု ပြီး နောက် သမ္မတ အိုဘားမား က တင်သွင်းသည့် ဆီးရီးယား ကို တိုက်ခိုက်မည့်အဆို ကြမ်း ကို လွှတ် တော်ကလက်ခံမှု ပြုကာ ရက်ပေါင်း ၆၀ တိုက်ခိုက် နိုင် ကြောင်း
နှင့် အခြေအနေအရ ရက်၃၀ ထပ်မံတိုး မြှင့် နိုင် ကြောင်း အတည်
ပြုခဲ့သည်။

လွှတ်တော်ကြားနာပွဲတွင် နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီ က ဆီးရီးယား သမ္မတဘာရှား အယ်(လ) အာဆဒ် က အဆိပ် ဓာတ် ငွေ့  နှင့် ဓာတု ဗေဒ လက်နက်များ သုံးခဲ့သည်မှာ ယုံမှားသံသယ ဖြစ်စရာပင်မလို ဟု ထွက်ဆို ခဲ့သည်။

အထက် လွှတ်တော် ဥက္ကဌ ဂျွန်ဘေးနား ၊ အရီဇိုးနား ပြည် နယ် လွှတ်တော် အမတ် ဂျွန်ဘေးနား တို့  က ထောက်ခံသည်ဟု CBS ရုပ်သံ က ထုတ်လွင့် သည်။

ယခင် နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဟီလာရီ ကလင်တန် ကလည်း ဆီးရီးယားကို တိုက်ရန် အိုဘားမား ၏ အဆိုပြုမှုကို ထောက်ခံကြောင်း ထုတ်ဖော် ပြောသည်။

အိုဘားမား ၏ လွှတ် တော်သို့  အဆိုတင်သွင်းမှုသည့် အရေးပါသည့် ရီပတ်ဘလီကန်အမတ်များ၏ ထောက်ခံမှုကို ရရှိ နေပြီ ဖြစ်သည်။

ဆီးရီးယား တွင် ၁၅ စက္ကန့် ဉ် ဒုက္ခသည်တစ်ဦးတိုး နေပြီး ဒုက္ခသည် နှစ် သန်း ပြည့်သွားပြီ ဖြစ် ကြောင်း ကုလသမဂ္ဂက သတင်းထုတ် ပြန်သည်။

Freedom News Group(Burma)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis