menu

Friday 16 August 2013

အစိုးရဝန်ထမ်းတစ်ဦး၏ ၁၂၅ သိန်းတန် ရတနာများအခိုးခံရ

စီးပွားကူးသန်းဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦး၏ ကျပ် ၁၂၅ သိန်းတန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခံရမှုတစ်ခု ကမာရွတ်ရဲစခန်းတွင် သြဂုတ် ၁၄ ရက်က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

ပစ္စည်းများ ပျောက်ဆုံးသွားသည်မှာ စီးပွားကူးသန်းဌာနတွင် စာရေးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦဖြစ်ပြီး သူမနေထိုင်ရာ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်ရှိ အိမ်မှပစ္စည်းများ ကို ခိုးယူခံရခြင်းဖြစ်သည်ဟု သိရသည်။
သူမသည် သြဂုတ် ၁၄ ရက် ညနေ၅ နာရီအချိန်တွင် အိမ်ပြန်ရောက်ရာ အိပ်ခန်းအတွင်းရှိ ဗီရိုအံဆွဲများ ပွင့်နေသည် ကို စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။


ထို့ကြောင့် အ၀တ်ဗီရိုအတွင်းတွင် သူမသိမ်းဆည်းထားသော ပစ္စည်းများကို စစ်ဆေးကြည့်ရာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၁၀ ခန့်ရှိသော စိန်၊ ရွှေ၊ ရတနာ လက်ဝတ်ပစ္စည်း ၁၈ မျိုးနှင့် ငွေသား ၁၅ သိန်းခန့် ခိုးယူခံ ခဲ့ရသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ရဲဌာန၏ မှတ်တမ်းတွင်တွေ့ရသည်။
ယခုအမှုကို ကမာရွတ်ရဲစခန်းက အမှုအမှတ် (ပ)၃၆၃/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၀ဖြင့် တရားစွဲထားရန် စီစဉ်ထားသည်ဟု ရဲဌာနက ထုတ်ပြန်သည်။
Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis