menu

Wednesday 9 January 2013

တရုတ်မြောက်ပိုင်း ကျိုကျန်မြစ်အတွင်းသို့် ဓာတုအဆိပ်များ ယိုဖိတ်

Photo: တရုတ်မြောက်ပိုင်း ကျိုကျန်မြစ်အတွင်းသို့် ဓာတုအဆိပ်များ ယိုဖိတ်

ရှန်ရှီ၊ ဇန်နဝါရီ ၈။

တရုတ်နိုင်ငံမြောက်ပိုင်း ကျိုကျန်( Zhuozhang) မြစ်အတွင်းသို့
ကျောက်မီးသွေးစက်ရုံမှ ဓာတုအဆိပ်များယိုဖိတ်သွားကြောင်း China Daily သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က Shanxi ပြည်နယ် ရှိ Tianji Coal ဓာတုစက်မှု လုပ်ငန်းအုပ်စုပိုင် စက်ရုံတစ်ခုမှ ဓာတုအဆိပ်ပမာဏ မတ်ထရစ် တန် ၁ ဒသမ၅ တန်ခန့် Zhuozhang မြစ်အတွင်းသို့ ဖိတ်သွားခဲ့သည်ဟု
ဒေသခံ အာဏာပိုင်များက သတင်းပို့ခဲ့ကြောင်း ယင်းပြည်နယ်ရှိ Chanzhi မြို့တော်ဝန် Zhang Bao ကပြောကြားသည်။

လူအများ၏ သောက်သုံးရေအဖြစ်အသုံးပြုလျက်ရှိသော မြစ်ရေထဲသို့ ဓာတုအဆိပ်အတောက်များဖိတ်ကျခဲ့သည်ကိစ္စကို အာဏာပိုင်များ အနေဖြင့် သတင်းထုတ်ပြန်မှုနောက်ကျခဲ့ခြင်းနှင့်ပတ်သက်၍လည်း အဆိုပါဒေသခံအာဏာပိုင်များက တောင်းပန်စကားပြောကြားခဲ့သည်။

သို့သော် အာဏာပိုင်များ၏လက်တွေ့စစ်ဆေးချက်များအရ ဓာတုအဆိပ်များ
မြစ်အတွင်းသို့ အမှန်တကယ်ဖိတ်စင်ခဲ့သည် ပမာဏမှာ မတ် ထရစ်တန် ၉ တန်(၁၀တန်ခန့်)ရှိပြီး၊နောက်ထပ်ဓာတုအဆိပ် ပမာဏ မစ်ထရစ်တန် ၃၀ ခန့်(၃၃ တန်ခန့်)မှာ အသုံးပြုခြင်းမရှိသော ရေလှောင် အတွင်းသို့ ဖိတ်စင် သွားခဲ့သည်ကိုတွေ့ရှိရကြောင်း အထက်ပါ မြို့တော်ဝန်ကပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ Changzhi မြို့အာဏာပိုင်များသည် Shanxi
ပြည်နယ်အစိုးရကို ၅ ရက်ခန့်နောက်ကျပြီးမှ သတင်းပို့ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် Zhuozhang မြစ်အတွင်းရေများတွင် ဓာတုအဆိပ်များ ပါဝင်နေခြင်းကြောင့် အဆိုပါမြစ်ကြောင်းပေါ်ရှိ မြို့တစ်မြို့ဖြစ်သော ဟန်ဒန်
မြို့အာဏာပိုင်များက လူတစ်သန်းကျော်ခန့်အတွက်ရေပေးဝေမှုကို စနေနေ့က ဖြတ်တောက်လိုက်ပြီး၊မြေအောက်ရေအသုံးပြု၍ ရေပေးဝေမှု
ပြုလုပ်လျက်ရှိသည်။

အဆိုပါဖြစ်ရပ်ကြောင့် Tianji စက်ရုံမှ အထွေထွေမန်နေဂျာ၊ လက်ထောက် မန်နေဂျာနှင့်၊တာဝန်ရှိသူ ၂ ဦးကို အလုပ်မှထုတ်ပစ်လိုက်ကြောင်း China Daily သတင်းတွင်ဖော်ပြထားသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုနောက်ကျခဲ့ခြင်းကြောင့် Changhi မြို့အာဏာပိုင်များကို ကျန်းမားရေးဆိုင်ရာ ကျွမ်းကျင်သူ များက ဝေဖန်ပြောကြားသည်။

MTS
Source: China Daily

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis