menu

Sunday 6 January 2013

၆-၁၂-၂၀၁၃ လိုင်ဇာသို့ ပစ်ခတ်ခြင်းမရှိ၊ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံခြင်းသာဖြစ်

Photo: ၆-၁၂-၂၀၁၃ လိုင်ဇာသို့ ပစ်ခတ်ခြင်းမရှိ၊ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံခြင်းသာဖြစ်
========================================
ယနေ့နံနက် သတင်းထွက်ပေါ်ခဲ့သည့် လိုင်ဇာသို့ ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြင့် ပစ်ခတ်သည် ဆိုေ သာ သတင်းမှာ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံသော သတင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ဒုက္ခသည် များ ၀ိုင်းရထားသည့် အတွက် ပစ်ခတ်၍ မဖြစ်နိုင်ေ ကြာင်း၊ လဂျားယန် တောင်ကြောမှ ပစ်ကွင်း မရှင်းလင်းသည့် အနေအထားများ ရှိကြောင်း၊ လဂျား ယန်နှင့် ယခင် စခန်းများသို့ လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ပြီးသည် ဖြစ်သည့် အတွက် တိုက်ခိုက်မှုများ ရပ်နားပြီး ဖြစ်ကြောင်း၊ ကေအိုင်အေမှ လာရောက် ပစ်ခတ်သည့် နေရာအချို့ ကိုသာ ခြောက်လှန့်ပစ်ခတ်မှုများ ရှိကြောင်း ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ပါသည်။

၎င်းမှ လဂျားယန် တောင်ပေါ်သို့ ဟောင်ဝဇ်ဇာ အမြောက်ကြီးများ သယ်ဆောင်သွားခြင်း မရှိကြောင်း၊ ပုံမှန် တပ်ရင်းအဆင့် လက်နက်များသာ သယ်ဆောင်သွားကြောင်း၊ ယခုအထိ စစ်ရေးအရ ဆောင်ရွက် ချက် များ မှာ မိမိတို့အနေဖြင့်မူ အားရစရာ မရှိကြောင်း ဆက်ပြောခဲ့သည်။

တရုတ်ပြည်အတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်များနှင့် ပတ်သက်၍ မိမိတို့မှ ပစ်ခတ်ခြင်း မဟုတ်ဘဲ ကေအိုင်အေမှ လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်သည်ဟု တာဝန်ရှိသူများက ရှင်းလင်းခဲ့သည် ဟု ကြားေ ကြာင်း ၄င်းမှ ပြောပြခဲ့သည်။

အေးချမ်းမွန်မှ  Oppositeyes တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

  Oppositeyes

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis