menu

Saturday 26 October 2013

ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ

မက္ကဆီကိုမှာရှိတဲ့ အမည်ဖော်ပြဖို့ မသင့်တဲ့ အသက်လေးဆယ်အရွယ် လူတစ်ဦးဟာ သူ့ချစ်သူ မိန်း ကလေးအခြား
ယောက်ျားများ နှင့် မဖောက်ပြန်နိုင်အောင် ဂျင်းဘောင်းဘီကို သော့ခတ်မှုပြုခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရပါတယ်။

အဆိုပါ ယောက်ျားဟာ အကျင့်ကောင်းတဲ့ ခါးပတ်ကြိုးလို့ ခေါ်ဝေါ်ပြီး ချစ်သူကောင်မလေးရဲ့ ဘောင်းဘီကို
သော့ခတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် ကောင်မလေးဟာ သူ့မရဲ့ ဘောင်းဘီကို ချွတ်လို့မရသလို အခြားယောက်ျားများနဲ့လည်း ဆက်ဆံလို့ မရခဲ့ပါဘူး။

၂၅ နှစ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးငယ်ဟာ နောက်ဆုံး သန့်စင်ခန်းသွားတဲ့နေရာမှာ အခက်တွေ့ခဲ့ပါတယ်။ သူ့မရဲ့
ဘောင်းဘီကို ဘယ်လိုမှချွတ်လို့မရတော့ပါဘူး။ ဘောင်းဘီချွတ်မရခဲ့တဲ့အတွက် ဒဏ်ရာတွေ ရရှိခဲ့ပြီးတော့ အလွန်စိတ်ဆိုး၊ ဒေါသထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သက်ဆိုင်ရာတွေကို သွား ရောက်တိုင်တန်းခဲ့ပါ
တော့တယ်။


“ကျွန်မချစ်သူက တော်တော်ကြာအောင် သော့ခတ်ထားခဲ့ပါတယ်။ ဘာလို့လဲဆို ကျွန်မကို သော့ခတ်မထားရင် သူ့အပေါ် လူလည်ကျတော့မယ်လို့ သူကထင်နေတယ်” ဟု အမျိုးသမီးငယ်က ရဲဌာနကို ပြောကြားခဲ့ပါတယ်။

အဆိုပါကိစ္စအတွက် ရဲများက “မင်းဘောင်းဘီကို ကတ်ကြေးနဲ့ မဖြတ်ခဲ့ဘူးလား” ဟု မေးမြန်းခဲ့ရာ “ကျွန်မ အရမ်းကြောက်တယ်” ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရဲတွေက အသက်လေးဆယ်အရွယ်ရှိတဲ့ အဆိုပါယောက်ျားကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီးငယ်ကို သော့ ဖွင့်နိုင်ရန် အတွက် ကူညီပေးခဲ့ကြရပါတယ်။ ဒဏ်ငွေချမှတ်လိုက်ပြီး မိန်းကလေးအနေနဲ့ ဒဏ်ငွေချဖို့ အတွက် ကန့်ကွက်ခဲ့
ပေမယ့်လည်း လွဲမှားသည့် အပြုအမူအတွက် တရားရုံးက ချမှတ်လိုက်ပါတယ်။ ပြီးတော့ ချစ်သူမိန်းကလေးကို ဘယ်တော့မှ သော့မခတ်ဖို့လည်း ရဲစခန်းမှာခံဝန် လက်မှတ်ထိုးခဲ့ရပါ တယ်။

မဇ္ဈိမသတင်းဌာန

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis