menu

Thursday 17 October 2013

ရပ်နားထားသည့် စပစ်ဖိုင်းယား လေယာဉ်ရှာဖွေမှု ဒီဇင်ဘာ တွင် ပြန်စ ရန် စာတင်မည်

Photo: ရပ်နားထားသည့်  စပစ်ဖိုင်းယား လေယာဉ်ရှာဖွေမှု  ဒီဇင်ဘာ တွင် ပြန်စ ရန်  စာတင်မည်
=======================================

	မိုးတွင်းကာလတွင် ရှာဖွေမှု ရပ် ဆိုင်းထားသည့် စပစ်ဖိုင်းယား လေ ယာဉ်ပျံများကို ဒီဇင်ဘာလတွင် ပြန် ရှာဖွေရန် ရွှေတောင်ပေါ် ကုမ္ပဏီများ အုပ်စုက ပို့ဆောင်ရေးဝန်ကြီးဌာနသို့ မကြာမီ ခွင့်တောင်းတော့မည်ဟု ယင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထူးထူးဇော် က ပြောသည်။

	ယာယီရပ်ဆိုင်းထားခဲ့မှုကို ပြန်စ ရန်နှင့် မင်္ဂလာဒုံလေဆိပ်နေရာ တစ်ခု တည်းအတွက်သာ တင်ပြမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

	၂ဝ၁၃ ဇန်နဝါရီလမှ စကာ စပစ် ဖိုင်းယားလေယာဉ်များ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် မြှုပ်နှံထားမှုရှိမရှိကို ရှာဖွေမှု စလုပ်ခဲ့ပြီး၊ မေလနောက်ပိုင်းတွင် မိုးများမှုကြောင့် ယာယီရပ်ဆိုင်း ထားခဲ့သည်။

	ယခုတစ်ခေါက် ရှာဖွေမှုကို ခေတ် မီနည်းပညာများကို သုံးပြီးရှာဖွေ သွား မည်ဟု ၄င်းက ပြောသည်။

	''ယာယီရပ်နားခဲ့ရတဲ့ အချိန်အထိ  ကရှာဖွေနေဆဲအဆင့်ပဲရှိပါသေး တယ်။ ဒီတော့ တိတိကျကျ မပြောနိုင်သေးပါ ဘူး''ဟု ဦးထူးထူးဇော်က ဆိုသည်။

	သို့သော် အင်တာနက်သတင်းများ ၌ မင်္ဂလာဒုံတွင် ယခုတစ်ခေါက် ရှာဖွေမှု မှာ မြေပေါ်သို့ အရောက်တင်ပြလာနိုင် ခြေရှိသည်ဟု သုံးသပ်ထားကြောင်း၊ ဦးထူးထူးဇော်က ယင်းအပေါ်မည်သည့် မှတ်ချက်မျှ မပေးလိုကြောင်း ပြောခဲ့ သည်။

	ဗြိတိန်ဝန်ကြီးချုပ်၏ ၂ဝ၁၂ ခုနှစ်၊ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အ တွင်း သမ္မတဦးသိန်းစိန်နှင့် နှစ်ဦး တွေ့ ဆုံကြစဉ် မြန်မာနိုင်ငံ၌ မြှုပ်နှံခဲ့ဖွယ် ရှိသော စဖစ်ဖိုင်းယား လေယာဉ်များကို ရှာဖွေရန် သဘောတူခဲ့ကြပြီး စမ်းသပ် ရှာဖွေမှုကို ၂ဝ၁၂ ဒီဇင်ဘာလ၌ မြစ် ကြီးနားတွင် စတင်ပြုလုပ်ခဲ့ သည်။

	ထို့အပြင် သတင်းမီဒီယာများကို ၂ဝ၁၃ ဖေဖော်ဝါရီလတွင် Mr.David J.Cundall   နှစ်ပတ်သုံးပတ်ကြာလျှင် သတင်းကောင်းပေးနိုင်မည်ဟု ထုတ် ဖော်ပြောခဲ့သော်လည်း ၈ လကျော်သည် အထိ ထူးခြားမှု မရှိခဲ့ပေ။

	ထိုသို့ ရှာဖွေမှုကို ပြည်ထောင်စု အစိုးရအဖွဲ့က ကော်မတီဖွဲ့၍ အစိုးရက ၅ဝ ရာခိုင်နှုန်း၊ ဗြိတိန်မှ ဒေးဗစ် ကန် ဒဲလ်ပါ အဖွဲ့နှင့် ရွှေတောင်ပေါ် ကုမ္ပဏီ တို့က ၅ဝ ရာခိုင်နှုန်းဖြင့် အကျိုးအမြတ် ခွဲဝေယူရန် သဘောတူခဲ့ကြသည်။

PN-051

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis