menu

Thursday 17 October 2013

ဟိုတယ်ခန်းအတွင်း အသံခိုးဖမ်းခြင်း ၊ ဗွီဒီယိုခိုးရိုက်ခြင်းတို့ကို ဟိုတယ်က သိနိုင်တော့မည်


ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးတွင် အခန်းများအတွင်း အသံခိုးဖမ်းခြင်း၊ ကင်မရာ ခိုးရိုက်ခြင်းတို့ကို စစ်ဆေးနိုင်သည့် စက်ကိရိယာများကို ပုဂ်္ဂိုလ်ရေးလုံခြုံမှုအတွက် တပ်ဆင်ရန် စီစဉ်နေသည်ဟု ဟိုတယ်/ခရီးဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးအောင်ဇော်ဝင်းက ပြောသည်။

ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးအတွင်း ဗီဒီယိုခိုးရိုက်သည့် ကောလာဟလသတင်းများ ပြီးခဲ့သည့် လအတွင်းက Social Network များတွင် ထွက်ပေါ်လာပြီးနောက်တွင် ယင်းစက်များထားရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆက်လက်ရှင်းပြသည်။

ယင်းဟိုတယ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။အဆိုပါစက်ကိရိယာမှာဧည့်ကြိုနေရာ တွင် သာမက ဟိုတယ်အခန်းအတွင်းလည်း စစ်ဆေးနိုင်သည်ဟု ဆိုသည်။ ဟိုတယ်/ခရီး ၀န်ကြီးဌာနက ဟိုတယ်များ ကို လိုင်စင်ချထားရာတွင် Wifi နှင့် CCTV ကင်မရာများ တပ်ဆင်ရမည်ဟု သတ်မှတ်ညွှန်ကြားထားသော်လည်း ယင်းစက်မျိုးတပ်ဆင်ရန်မူ ညွှန်ကြားထားခြင်းမရှိပေ။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်နှင့် စစ်ကိုင်းမြို့ရှိ ဟိုတယ်တစ်လုံးတို့တွင် ဗုံးပေါက်ကွဲမှုများ
ဖြစ်ပွားခဲ့ပြီးနောက်တွင် လုံခြုံရေးပိုမိုတင်းကျပ်ရန် ဟိုတယ်များအား ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး
ဒေါက်တာတင်ရွှေက တိုက်တွန်းထားသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis