menu

Thursday 17 October 2013

အသက် (၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး ပြည်မြို့တွင် ကြိုးဆွဲချသေဆုံး


၁၆.၁၀.၂၀၁၃ ရက်နေ့ ညနေ ၆း၅၀ အချိန်ခန့်၌ ပဲခူးတိုင်းဒေသကြီး (နောက်) ပြည်ခရိုင် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/ အပိုင်း(၃)/ (၂) လမ်းရှိ ဦးကြည်လှိုင် (၇၂)နှစ် ခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်ခြံဝန်းအတွင်းရှိ ကားဂိုဒေါင်ထဲ မှ ထုတ်တန်းတွင်ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရပါသည်။

အဆိုပါ မိန်းကလေးသည် ပေါင်းတည်မြို့နယ် သဲမဲရွာနေထိုင်သူ (ဘ)ဦးမြစိုး ၏သမီး မရီရီစိုး (၁၈)နှစ် ဖြစ်ပြီး ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/အပိုင်(၃)/(၂)လမ်းရှိ ဦးကြည်လှိုင် (၇၂)နှစ် ခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်တွင် အိမ်ဖော်လုပ်ဆောင်နေသူဖြစ်သည်။

သေဆုံးနေစဉ် တာဝန်ရှိသူများမှ သက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိ ကြိုးကွင်းစွပ်သည့်ဒဏ်ရာသာတွေ့ရှိခဲ့ပါသည်။

တာဝန်ရှိသူများမှ အသိသက်သေများရှေ့တွင် အလောင်းအား ဖြုတ်ယူပြီး ပြည်မြို့ ပြည်သူ့ဆေးရုံးကြီးသို့ သွားရောက်အပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

အဆိုပါသေဆုံးမှု့နှင့်ပက်သတ်ပြီး ပြည်အမှတ်(၃)စခန်းမှ ဒုရဲအုပ် ဇော်လွင်ထွန်း(လ.၁၈၆၇၀၉)မှ တရားလိုပြုလုပ်တိုင်တန်းထားပြီး (၈/၂၀၁၃) သေမှုသေခင်းဖြင့် ပြည်အမှတ်(၃) စခန်းမှူးထံသို့ ဓမ္မတာအတိုင်းသေဆုံးသည် ဟုတ်၊ မဟုတ် စစ်ဆေးပေးပါရန် တတိုင်တန်းထားကြောင်းသတင်းရရှိခဲ့ပါသည်။

ပြည်သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis