menu

Wednesday 11 September 2013

ရွှေဝါရောင်ကိစ္စ တာဝန်အရဆောင်ရွက်ခဲ့ခြင်းကို မှားယွင်းသည်ဆိုပါက ကြိုးပေးခံနိုင် ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေ ပြော


ရွှေဝါရောင်တော်လှန်ရေးကာလတွင် ရန်ကုန်မြို့၌ ဆောင်ရွက်ခဲ့မှုများသည် လုပ်သင့်လုပ်ထိုက် ၍တာဝန်အရ ဆောင်ရွက်ခဲ့သဖြင့် မှားယွင်းခဲ့သည်ဆိုကာ တင်ပြလာပါက ကြိုးပေးလျင်ပင် ခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး၊ ၀န်ကြီးချုပ်ဦးမြင့်ဆွေကပြောသည
်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာက ရန်ကုန်မြို့၌ သံဃာတော်များမှ ဦးဆောင်ကာ ဆန္ဒပြခဲ့သည့် ရွှေဝါရောင်တော် လှန်ရေးဖြစ်နေစဉ်တွင်
ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် နေ့ရောညပါ ဆက်သွယ်တင်ပြခဲ့ပြီး ထိုစဉ်က ဆောင်ရွက်ခဲ့ သမျှသည် လုပ်သင့်လုပ်ထိုက်၍ တာဝန်အရ
ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ဆွေ ကပြောသည်။
“ရန်ကုန်မှာ မင်းရှိတော့ မင်းမှာတာဝန် မရှိဘူးလားမေးရင် ရှိပါတယ်။ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ တင်ပြ ရင် ကျွန်တော်ကတော့ အဆင်သင့်ပဲ။ ကုန်ကုန်ပြောရင် ကြိုးပေးလည်း ကျွန်တော်ခံပါ့မယ်၊”ဟု ရန်ကုန်တိုင်း၊ တိုင်းမှုးဘ၀မှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာသည့် ဦးမြင့်ဆွေ က စက်တင်ဘာ ၈ ရက်တွင် မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြောကြားသည်။ ထို့အပြင် ရန်ကုန်တိုင်း၊ တိုင်းမှုးတာဝန်ယူခဲ့စဉ်က
ဗိုလ်ချုပ်ကြီးဦးခင်ညွန့်ကို ဖမ်းဆီးခဲ့ခြင်းနှင့် မဆလ ပါတီ ဥက္ကဌ ဦးနေ၀င်းအား ဖမ်းဆီးခဲ့သည်မှာ မမှန်ကန်သည့် ကောလာဟလများဖြစ်ကြောင်း ဦးသူရရွှေမန်းကို သက်သေတည်၍ ဦးမြင့်ဆွေကပြောသည်။ ဦးသူရရွှေမန်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ
လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဦးမြင့်ဆွေက
ယခုကဲ့သို့ပြောကြားသည်။
“ဦးနေ၀င်းကို ကျွန်တော် မဖမ်းပါဘူး။ အဲဒီ့အချိန်မှာ ကျွန်တော်က မော်လမြိုင်မှာ ရှိနေတာပါ။ ဖမ်းစရာလည်း အကြောင်းမရှိပါဘူး။ နောက် ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း ကျွန်တော်ဖမ်းတာ မဟုတ်ဘူးဆိုတာ
ဗိုလ်ချုပ်ကြီး သူရရွှေမန်းအသိပါ။ ကျွန်တော်မလုပ်ဘဲနဲ့
ကျွန်တော့်မိသားစုကို ထိခိုက်လာတယ်၊”ဟုဦးမြင့်ဆွေကပြောသည်။
အထက်ပါကိစ္စများအား မဖြေရှင်းဘဲ ထားသောအခါ တဖြည်းဖြည်း နာမည်ဆိုးဖြင့် ကျော်စောလာသောကြောင့် ဖမ်းဆီးခဲ့မှုများအား ၎င်းမလုပ်ခဲ့ဟု မီဒီယာများတွင် ပြန်လည်ဖြေရှင်းခဲ့ရကြောင်း ဦးမြင့်ဆွေကပြောသည်။
ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်အတွင်း ရန်ကုန်မြို့အတွင်း ဆန္ဒပြနေသည့် သံဃာတော်များကို စစ်တပ်မှ သေနတ်ဖြင့် ပစ်ခြင်းနှင့် စွမ်းအားရှင်များမှ ၀ါးရင်တုတ်များဖြင့် ရိုက်ခဲ့သောကြောင့် ဂျပန်နိုင်ငံသား သတင်း ထောက် တစ်ဦးသေဆုံးပြီး သံဃာတော်အများအပြား ဒဏ်ရာရရှိဖမ်းဆီးခံခဲ့ရသည်။ ယခုနှစ် စက်တင်ဘာ တွင် ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

https://shwethanhtay.wordpress.com/ မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis