menu

Sunday 3 February 2013

တစ်ခါသုံး ရောဂါ ၀ယ်ယူကြသူများ


ကင်ထားတဲ့ ငါးတစ်ကောင်ကို အချဉ်ရည်သုတ်ပြီးတော့ ဖော့ဘူးဖြူဖြူလေးထဲထည့်၊ ရုံးပတီသီး နဲ့အချဉ်ရည်ကို ကျတော့ ကြွတ်ကြွတ်အိပ်ထဲထည့်ပြီး “ထောင့်ငါးရာပါ ဆိုပြီး လှမ်းပေးရင်း ငါးကင်ထည့်ပေးတဲ့လူက
ကျေးဇူးပဲနော် အကို နောက်ရက်တွေလည်း ကျွန်တော်တို့ဆိုင်မှာအားပေးပေါ့ အဲ့လိုပြောပြီး တခြားလူတွေ ပါဆယ်မှာထားတဲ့ ငါးကင်တွေကို ဖော့ဘူးတွေထဲ ထည့်နေတယ်။
ငါးကင်လို့ ပြောလျှင် ကမာရွတ်မြို့နေ ပြည်သူတွေက လှည်းတန်းကိုသာ ပြေးမြင်ကြမှာပါ။
တစ်နေ့လျှင် ငါးအကောင်ပေါင်းများစွာ ကင်လျှက်ရှိပြီး၊ ပါဆယ်မှာ သူများအတွက်လည်း ဖော့ဘူးပေါင်းများစွာ အသုံးပြုလို့နေပါတယ်။
အဆိုပါ တစ်ခါသုံးပစ္စည်းတွေအတွက် ဖော့ဘူး၊ ပလက်စတစ်ဘူးတွေကို ယခုခေတ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပြီး နေရာတိုင်းမှာ တွေ့နေရတယ်။


 “ကျွန်တော်တို့ကတော့ သူငယ်ချင်းတွေနဲ့ ကန်ဘောင်မှာ သွားထိုင်ရင် အရက်သောက်ဖို့အတွက် တစ်ခါသုံး ကော်ခွက်တွေ ၀ယ်တယ်၊ သင်တန်းတွေ ဘာတွေတက်လို့ ကော်ဖီသောက်ရင်တော့ ဖော့ခွက်လေးတွေနဲ့ ဖျော်သောက်ကြတယ်။ ဟု ကမာရွတ်မြို့နယ်နေ လူငယ်တစ်ဦးကပြောပါတယ် ။
အဆိုပါ တစ်ခါသုံးဖော့နှင့် ပလတ်စတစ်တို့မှာ အပူနှင့်တွေ့လျှင် ဓါတ်ပြုပြီး ဓာတုပစ္စည်းများ ထွက်ကြောင်း အင်တာနက်သတင်းပါ ဓါတုဗေဒ စမ်းသပ်ချက်များတွေအရ သိရပါတယ်။
ဖော့ နဲ့ ပလတ်စတစ်မှာ ဖော့က လူကို ပိုအန္တရာယ် ပေးနိုင်တယ်။ သူက အပူနဲ့တွေ့ရင် ဓါတ်နှစ်မျိုး ထုတ်လွှတ်တယ်လို့ ဆိုပါတယ်။ styrene လို့ခေါ်တဲ့ ဓါတ်တစ်မျိုးနှင့် benzene ဓါတ်တစ်မျိုးပါ။
ဒီဓါတ်နှစ်မျိုးမှာ Styrene က လူ့အာရုံကြောအားကို ထိခိုက်စေတယ်၊ ကိုယ်ခန္ဓာအတွင်းဝင်သွားရင် ကျောရိုးမအတွင်း စုစည်းနေတတ်ပြီး သွေးကင်ဆာ ဖြစ်စေကာ၊ သွေးဖြူဥထဲရောက်သွားရင် ခုခံအားကျဆင်းစေနိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့လည်း သိရတယ်။
Benzene ဓါတ်ကတော့ အစာခြေစနစ်ကို ထိခိုက်စေပြီး ဗိုက်နာ၊ ဗိုက်အောင့် ဖြစ်စေတတ်တယ်လို့ သိရပါတယ်။
ဒီ ဓါတုဓါတ်တွေ ခန္ဓာကိုယ်အတွင်း၌ များပြားလာပြီး ရောဂါလက္ခဏာများပြလာရင် ကုသဖို့ ခက်ခဲသွားကြောင်းကို ဘန်ကောက်ပိုစ့်သတင်းစာပါ  Kasetsart University ရဲ့ ဖြေကြားချက်အရ သိရပါတယ်။
ငါတို့ မြန်မာနိုင်ငံမှာလည်း လူတွေ သေကြတာပဲ အရက်မသောက်၊ ဆေးလိပ်မသောက်ပဲ အသည်းခြောက် သေတယ်   သေတယ်နဲ့ အဲ့ဒီလို တစ်ခါသုံးပစ္စည်းတွေကြောင့် သေတာပဲ။ ဟု စမ်းချောင်းမြို့နယ်အတွင်းမှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဒီအချိန်မှာ တစ်ခါသုံးဖော့ဘူး တစ်ဗူးဈေးက ငါးဆယ် ကနေ တစ်ရာကျပ် လောက်ပဲရှိပါတယ်၊ အကြီးဆုံး ဖော့ပန်းကန်တွေကအစ ဖော့ဇွန်းအဆုံး ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရနေတယ်။ တစ်ခါသုံးကော်ခွက်တစ်ခွက် ကလည်း ငါးဆယ်လောက်ပဲ ရှိပါတယ်။
 “ကျွန်တော်တို့ဆီက ဒန်ပေါက်လာဝယ်ရင် ဖော့ဘူးနဲ့ထည့် ပေးတယ်လေ၊ တစ်ပွဲကို ထောင့်ရှစ်ရာ၊ ဖော့ဘူးအခွံ တွေကတော့ တစ်ဘူးကို ငါးဆယ်နဲ့ဝယ်ရတယ် ဟု ဒန်ပေါက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
တစ်ခါသုံးဖော့ဘူးများအား  ခေါက်ဆွဲဘူးများ၊ ကော်ဖီခွက်များ၊ ထမင်းဘူးများ၊ ဇွန်းများအဖြစ် အသုံးပြုပြီး အဆင့်သင့် စားသောက်ပြီး လွှင့်ပစ်လိုက်ပေမယ့် နောက်ဆက်တွဲဆိုးကျိုး တွေအတွက်တော့ ကျွန်တော်အပါအ၀င် တော်တော်များများ မစဉ်းစားမိခဲ့ကြပါဘူး။  
မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဒုတိယကင်ဆာ ဖြစ်ပွားမှုအများဆုံး စာရင်းဝင်နိုင်ငံတစ်ခုပါ။
ဖော့ဘူးတင်မကပါဘူး ပလပ်စတစ်ကလည်း အပူတို့ အက်ဆစ်တို့နဲ့ တွေ့ရင် ဓါတ်ပြုပြီး ခုခံအားကျဆင်းစေနိုင်တာပါပဲ။
ကျွန်တော်တို့ တစ်နေ့ တစ်ခါလောက် အအေးပုံမှန်စုတ်နေတဲ့ ပလက်စတစ်ပိုက်တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။
ဒီပိုက်တွေနဲ့ အက်စစ်ပါတဲ့သော အချိုရည်တွေ ဥပမာ ကိုလာ၊ စပါကလင်၊ လိမ္မော် စတဲ့ အချိုရည်တွေကို သောက်နေလိုက်ကြတာ။ အန္တရာယ်ကို ခန္တာကိုယ်ထဲ စုတ်မှန်းမသိ စုပ်ထည့်နေသလိုပဲ၊ ကာလာပါတဲ့ ပိုက်ဆို ပိုဆိုးတယ်လို့လည်း သိရတယ်။
အရက်သောက်တိုင်း ပလတ်စတစ်ခွက်နဲ့လိုလိုဖြစ်နေတော့ ကျွန်တော်တို့အတွက် အန္တရာယ် ပိုရှိနေတာ အခုမှပဲ သိတော့တယ်။ နောက်ဆို အဲလိုခွက်တွေ မသုံးမိအောင်တော့ ဆင်ခြင်ရမှာပေါ့ လို့ ကမာရွတ်မြို့နယ်မှ လူငယ်တစ်ဦးက ပြောပါတယ်။
ဖော့ကို  ၁၈၃၉ ခုနှစ်တွင် ဘာလင်မှ Eduard Simon က ရှာဖွေတွေ့ရှိခဲ့တာပါ ။ သူ့မှာ ကာဗွန်နဲ့
ဟိုက်ဒရိုဂျင် ဓါတ်တွေ ပါတယ်၊ ကာဗွန် ၈ ဆ ဟိုက်ဒရိုဂျင် ၈ ဆ စီနဲ့ ဖွဲ့စည်းထားတဲ့ အစိုင်အခဲပါ။
စားသုံးသူနဲ့ ထုတ်လုပ်ရောင်းချသူတွေ အများစုက ပလတ်စတစ်နဲ့ ဖော့ကပေးမယ့် အန္တရာယ်ကို ထည့်တွက်လေ့မရှိကြတာ များပါတယ်။ ဒီအန္တရာယ်တွေကို လေ့လာမိပြီဆိုရင်
ငါးကင်ဆိုတာ ပူတုန်းစားမှ ကောင်းတာ ဖော့ဘူးလေးနဲ့ ထည့်လိုက်ဟေ့
ကော်ဖီပူပူလေး တစ်ခွက်လောက် သောက်လိုက်ရရင်
ဒန်ပေါက် ပါဆယ် တစ်ပွဲ အစရှိတဲ့ တစ်ခါသုံးပစ္စည်းအကူအညီနဲ့ စားသောက်နေကြတဲ့ အလေ့အထများ နည်းနည်းလျော့ကျ သွားကြမယ်ဆိုရင်

 ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 31 Jan, 2013

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis