menu

Sunday 3 February 2013

လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦ ပုံစံများကို ထုတ်ပြန်

Photo: လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦ ပုံစံများကို ထုတ်ပြန် 

Saturday, 02 February 2013 10:34

လမျက်နှာပြင်ရှိ မြေသားများကိုသာ အသုံးပြုပြီး လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦတစ်ခု၏ ပုံစံများကို ဗိသုကာလုပ်ငန်း Foster+ Partners က ထုတ်ပြန်ခဲ့သည်။

ယင်းအဆောက်အဦ ပုံစံကို ကမ္ဘာမြေမှ သယ်ယူသွားမည်ဖြစ်ပြီး သရီးဒီ ပရင့်တာများဖြင့် ထုတ်ထားသည့် အလွန်ကြီးမားသော အိမ်အရွယ်အစား အခွံတစ်ခုဖြင့် ဖုံးအုပ်လိုက်မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်ကုမ္ပဏီ Monolite ၏ ယင်းပရင့်တာဖြင့် regolith ဟု လူသိများသော လပေါ်ရှိမြေကို အသုံးပြုကာ ခြောက်မီတာ အရွယ်အစားရှိ ပုံစံများ ထုတ်မည်ဖြစ်ကြောင်း သိရသည်။

လပေါ်ရှိ တောင်ဝင်ရိုးစွန်းတွင် တည်ဆောက်ရန် အဆိုပြုထားပြီး ယင်းအဆောက်အဦ၌ လူလေးဦး နေနိုင်အောင် ပြုလုပ်ထားကာ ယင်းထက် ပိုနေနိုင်ရန် ထပ်မံတိုးချဲ့နိုင်သည်ဟုလည်း သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ၀ါရှင်တန်ပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့က regolith ဆိုသော အရာဝတ္ထုကို တွေ့ရှိခဲ့ပြီး ယင်းထဲတွင် ဆီလီကွန်၊ အလူမီနီယံ၊ သံ၊ မဂ္ဂနီဆီယမ်အောက်ဆိုဒ်တို့ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ ယင်းပစ္စည်းကို သရီးဒီပရင့်တာများ သုံးပြီး မာခဲသော အရာဝတ္ထုများ ဖန်တီးနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ အဆောက်အဦ တည်ဆောက်မည့် အစီအစဉ်ကို ဥရောပသမဂ္ဂ အာကာသအေဂျင်စီ အပါအ၀င် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းခဲ့ခြင်းကြောင့်သာ အကောင်အထည် ဖော်လာနိုင်ခြင်းဖြစ်သည်။ ယင်းအဆောက်အဦ ဆောက်မည့် အစီအစဉ်ကို စီစဉ်နေသော အမေရိကန် ကုမ္ပဏီ Deep Space Industries (DSI) သည် ၀င်ဘလေအားကစားကွင်း၊ နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ၊ ပေကျင်း လေဆိပ် စသည်တို့အပါအ၀င် အဆောက်အအုံအချို့ကို သရီးဒီပရင့်တာများဖြင့် ပုံစံထုတ်ပေးခဲ့ကြောင်း သိရသည်။    

Ref:BBC

Credit to : Eleven Media Group
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis