menu

Sunday 13 January 2013

မြစ်ကြီးနားနှင့် အခြားမြို့ကြီးများသို့ KIA တပ်သားများ အစိုးရတပ်သားများအသွင် ထိုးဖောက်ဝင်ရောက်မည်

မြစ်ကြီးနားနှင့် အခြားမြို့ကြီးများသို့ KIA တပ်သားများ အစိုးရတပ်သားများအသွင် ထိုးဖောက်ဝင်ရောက်မည်

13 Jan 2013

KIA တပ်မဟာများမှ အထူးတပ်သားများကို လက်ရွေးစင် ရွေးချယ်ထားပြီး ကချင်ပြည်နယ် မြစ်ကြီးနားနှင့် အခြား မြို့ကြီးများသို့ အစိုးရတပ်သားများ၊ ၀န်ထမ်းများအသွင်ယူကာ ထိုးဖောက်ဝင်ရောက်ရန် စီစဉ်နေကြောင်း သတင်းများရရှိသည်ဟု ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

အဆိုပါ လက်ရွေးစင်အဖွဲ့တွင် ဗိုလ်ကြီးအဆင့်(၇)ဦးခန့် ဦးစီးသော အဖွဲ့ (၇) ဖွဲ့ခန့်ရှိပြီး တပ်သားဦးရေ (၁၀)ဦးစီခန့်ရှိနိုင်ကြောင်း ၄င်းမှ ထပ်မံပြောကြားသွားသည်။ သတင်းရရှိရေးနှင့် လုံခြုံရေးကိစ္စများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်သူလူထုများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း အဆိုပါအဖွဲ့များ၏ သွားလာမှုလမ်းကြောင်းများနှင့် ထိုးဖောက်ဝင်ရောက်မည့် မြို့များကို အတိအကျ မသိနိုင်သေးကြောင်းနှင့် ကချင်ပြည်နယ်မြို့များသာမကဘဲ အခြားမြို့တော်ကြီးများသို့ ၀င်ရောက်နိုင်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

ထိုသို့ အစိုးရစစ်သားအသွင်၊ ၀န်ထမ်းအသွင်ယူပြီး ထိုးဖောက်တိုက်ခိုက်မှုပြုလုပ်ရခြင်းမှာ အရင်အစိုးရတပ်သားများ၊ ရဲဝန်ထမ်းများကို ဖမ်းဆီးခဲ့စဉ်က ရရှိခဲ့သော ယူနီဖောင်းများကြောင့် ပြုလုပ်နိုင်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း၎င်းက ထပ်မံဖြည့်စွက်ပြောကြားသွားသည်။

စာဖတ်သူ ပြည်သူလူထုအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိနိုင်ရန် PDK မှ ရေးသားဖော်ပြလိုက်ပါသည်။

Post by: People Development for Knowledge

အေးချမ်းမွန်မှ Myawady News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
KIA တပ်မဟာများမှ အထူးတပ်သားများကို လက်ရွေးစင် ရွေးချယ်ထားပြီး ကချင်ပြည်နယ် မြစ်ကြီးနားနှင့် အခြား မြို့ကြီးများသို့ အစိုးရတပ်သားများ၊ ၀န်ထမ်းများအသွင်ယူကာ ထိုးဖောက်ဝင်ရောက်ရန် စီစဉ်နေကြောင်း သတင်းများရရှိသည်ဟု ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
အဆိုပါ လက်ရွေးစင်အဖွဲ့တွင် ဗိုလ်ကြီးအဆင့်(၇)ဦးခန့် ဦးစီးသော အဖွဲ့ (၇) ဖွဲ့ခန့်ရှိပြီး တပ်သားဦးရေ (၁၀)ဦးစီခန့်ရှိနိုင်ကြောင်း ၄င်းမှ ထပ်မံပြောကြားသွားသည်။ သတင်းရရှိရေးနှင့် လုံခြုံရေးကိစ္စများနှင့်ပတ်သက်ြ
ပီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်သူလူထုများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း အဆိုပါအဖွဲ့များ၏ သွားလာမှုလမ်းကြောင်းများနှင့် ထိုးဖောက်ဝင်ရောက်မည့် မြို့များကို အတိအကျ မသိနိုင်သေးကြောင်းနှင့် ကချင်ပြည်နယ်မြို့များသာမကဘဲ အခြားမြို့တော်ကြီးများသို့ ၀င်ရောက်နိုင်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

ထိုသို့ အစိုးရစစ်သားအသွင်၊ ၀န်ထမ်းအသွင်ယူပြီး ထိုးဖောက်တိုက်ခိုက်မှုပြုလုပ်ရြ
ခင်းမှာ အရင်အစိုးရတပ်သားများ၊ ရဲဝန်ထမ်းများကို ဖမ်းဆီးခဲ့စဉ်က ရရှိခဲ့သော ယူနီဖောင်းများကြောင့် ပြုလုပ်နိုင်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း၎င်းက ထပ်မံဖြည့်စွက်ပြောကြားသွားသည်။

စာဖတ်သူ ပြည်သူလူထုအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိနိုင်ရန် PDK မှ ရေးသားဖော်ပြလိုက်ပါသည်။

Post by: People Development for Knowledge

Myawady News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis