menu

Sunday 13 January 2013

တက္ကသိုလ်စာကြည့်တိုက်မှာ မပျင်းရအောင် လျှောစီးလို့လှေကားဆင်း

Photo: တက္ကသိုလ်စာကြည့်တိုက်မှာ မပျင်းရအောင် လျှောစီးလို့လှေကားဆင်း
 
Category: မောက္ခနိုင်ငံတကာသတင်း

ကမ္ဘာပေါ်မှာ ပထမဆုံး တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက  Technical University of Munich အမည်ရ တက္ကသိုလ်ဖြစ်ပြီး သုံးထပ်ရှိတဲ့ အဆောက်အအုံတွင်းမှာ တပ်ဆင်ထားပါတယ်။

လျှောစီးပိုက်ခေါင်း တစ်ခုတည်းရယ်လို့တော့ မဟုတ်ပါဘူး။ အပေါ်တက်ဖို့ အတွက် အဆင်ပြေတဲ့ လှေကားများတော့ တပ်ဆင် ထားပါတယ်။ အပေါ်ဆုံး လေးလွှာကနေသာ လျှောစီးဆင်းရလို့ရမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လျှောစီးလို့ရတဲ့ လှေကားရှိတဲ့ တက္ကသိုလ်ဆိုလို့ ဒီတက္ကသိုလ်တစ်ခုပဲ ရှိပါတယ်။

Munich တက္ကသိုလ်ဆိုတာလည်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်ထဲမှာ ထိပ်တန်း ပါဝင်ပြီး နှစ်စဉ် ပညာရှင်များ မွေးထုတ်ပေးနေတဲ့ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

စာကြည့်ရင်း ပျင်းလာ၊ ညောင်းလာတဲ့အခါမှာ အပျင်းပြေ၊ အညောင်းပြေ ချောစီးရင်း ၄ ထပ်အမြင့်က ဆင်းသက်နိုင်ပါတယ်။

အချိန်တိုအတွင်း အောက်ဆုံးအထပ်ကို ရောက်မှာပါ။ မီးပျက်မှာလည်း မစိုးရိမ်ရဘူးပေါ့။

Written by မြတ်ပန်းရှင်

အေးချမ်းမွန်မှ maukkha တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ကမ္ဘာပေါ်မှာ ပထမဆုံး တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက Technical University of Munich အမည်ရ တက္ကသိုလ်ဖြစ်ပြီး သုံးထပ်ရှိတဲ့ အဆောက်အအုံတွင်းမှာ တပ်ဆင်ထားပါတယ်။

လျှောစီးပိုက်ခေါင်း တစ်ခုတည်းရယ်လို့တော့ မဟုတ်ပါဘူး။ အပေါ်တက်ဖို့ အတွက် အဆင်ပြေတဲ့ လှေကားများတော့ တပ်ဆင် ထားပါတယ်။ အပေါ်ဆုံး လေးလွှာကနေသာ လျှောစီးဆင်းရလို့ရမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လျှောစီးလို့ရတဲ့ လှေကားရှိတဲ့ တက္ကသိုလ်ဆိုလို့ ဒီတက္ကသိုလ်တစ်ခုပဲ ရှိပါတယ်။

Munich တက္ကသိုလ်ဆိုတာလည်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်ထဲမှာ ထိပ်တန်း ပါဝင်ပြီး နှစ်စဉ် ပညာရှင်များ မွေးထုတ်ပေးနေတဲ့ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

စာကြည့်ရင်း ပျင်းလာ၊ ညောင်းလာတဲ့အခါမှာ အပျင်းပြေ၊ အညောင်းပြေ ချောစီးရင်း ၄ ထပ်အမြင့်က ဆင်းသက်နိုင်ပါတယ်။

အချိန်တိုအတွင်း အောက်ဆုံးအထပ်ကို ရောက်မှာပါ။ မီးပျက်မှာလည်း မစိုးရိမ်ရဘူးပေါ့။

maukkha

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis