menu

Sunday 13 January 2013

Facebook စတေးတပ်ပို့စ်ကြောင့် ၈ တန်း ကျောင်းသူ ကျောင်းထုတ်ခံရ

Photo: Facebook စတေးတပ်ပို့စ်ကြောင့် ၈ တန်း ကျောင်းသူ ကျောင်းထုတ်ခံရ

Category: မြန်မာ့ပညာရေးသတင်း

ငုယင်သန်းဗီဟာ ဗီယက်နမ်နိုင်ငံ၊ Quang Nam ပြည်နယ် Ly Tu အထက်တန်းကျောင်းက ၈ တန်း ကျောင်းသူလေးဖြစ်ပါတယ်။ သူမရဲ့  ဖေ့စ်ဘွတ်မှာတင်လိုက်တဲ့ “Ly Tu အထက်တန်းကျောင်းသားများရဲ့ ကြေညာစာတမ်း” ဆိုတဲ့ စတေးတပ် စာတစ်ပုဒ်ကြောင့် ကျောင်းတစ်နှစ် အထုတ်ခံလိုက်ရပါတယ်။ 

၈ တန်းကျောင်းသူလေးဟာ ဖေ့စ်ဘွတ်ပေါ်မှာ ခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ ၁၉၄၆ ခုနှစ်က ရန်သူများကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ အမျိုးသားခုခံတော်လှန်ရေး မိန့်ခွန်းကို ပြောင်ချော်ချော် ရေးထားတယ်လို့ ဗီယက်နမ် အစိုးရ မီဒီယာကနေ ရေးပါတယ်။ ငုယင်သန်းက ပထမနှစ်ဝက် စာမေးပွဲကို ဆန့်ကျင် သပိတ်မှောက်ကြဖို့နဲ့ ဆရာဆရာများကို အကြည်ညို ပျက်စေဖို့အတွက် လှုံ့ဆော်ထားခဲ့တယ်။

ဒီကျောင်းသူရဲ့ ရေးသားချက်ဟာ သမိုင်းကို ထင်ယောင်ထင်မှား မမှန်မကန် ဖြစ်အောင်လုပ်ရုံသာမက ဆရာတွေ ကိုလည်း ပြင်းပြင်းထန်ထန် စော်ကားရာ ရောက်တယ်လို့ ဆိုပါတယ်။ ကျောင်းသူလေးကတော့ သူမအနေနဲ့ နောက်တောက်တောက် ရေးခဲ့တာလို့ ပြောပါတယ်။ ကျောင်းအုပ်ကြီးက ကျောင်းထုတ်ပစ်ခဲ့တာပါ။

သူမရဲ့ မိဘတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ အင်မတန်မှကို ပြင်းထန်လွန်းတယ်၊ ကျောင်းသား အခွင့်အရေးကိုလည်း ချိုးဖေါက် လိုက်တာဖြစ်တယ်လို့ ဝေဖန်ပြောဆို လိုက်ပါတယ်။

ပြည်သူအများစုကလည်း ဒီသတင်းနဲ့ ကျောင်းထုတ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တုန်လှုပ်အံ့အားသင့် နေကြပါတယ်။
“ဒီဆုံးဖြတ်ချက်ဟာ ကျောင်းဆရာများရဲ့ထိန်းသိမ်းကိုင်တွယ်ပုံနဲ့ ပညာရေးမှာ တာဝန်ရှိသူများရဲ့ ညံ့ဖျင်းလှတဲ့ စီမံမှုကို ပေါ်လွင်စေပါတယ်။” Phap luat သတင်းစာရဲ့ ပေးစာကဏ္ဍမှာ မိဘတစ်ဦးက ဒီလိုပညာရေးနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ကို ကျောင်းက လုပ်ခဲ့တယ်ဆိုပြီး ကန့်ကွက်ထားပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲနေတဲ့ ဗီယက်နမ်နိုင်ငံမှာ ကျောင်းသားအခွင့်အရေး ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ ပညာရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

မြတ်ပန်ုးရှင်

အေးချမ်းမွန်မှ maukkha တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

maukkha

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis