menu

Sunday 13 January 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တာလောကြီး ကျေးရွာအနီး၌ တပ်မတော် ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရဟု သိရ




ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တာလောကြီးကျေးရွာအနီး၌ တပ်မတော် ရဟတ်ယာဉ်တစ်စီး ဇန်န၀ါရီ ၁၁ ရက် ညနေပိုင်းက စက်ချို့ယွင်းသဖြင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုသာ ဖော်ပြထားပြီး ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
သို့ရာတွင် ပြင်ပသတင်းများ၌မူ ရဟတ်ယာဉ်ပျက်ကျကာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

အလားတူ တပ်မတော်ပိုင် မြ၀တီသတင်းဌာန၏ Facebook စာမျက်နှာတွင်လည်း မြစ်ကြီးနားမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ တာလောကြီးကျေးရွာအနီးတွင် ဇန်န၀ါရီ ၁၁ ရက် ညနေပိုင်းက  အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်နေသော တပ်မတော်ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် အရေးပေါ်ဆင်း သက်ခဲ့ရပြီး ရဟတ်ယာဉ် ဆင်းသက်ရာနေရာသို့ အခြားရဟတ်ယာဉ်များနှင့် တပ်မတော်တပ်ဖွဲ့များ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။
Updated
ဇန်န၀ါရီလ ၁၂ ရက်နေ့ ညဦးပိုင်းက မြ၀တီသတင်းဌာန၏ facebook တွင် ဖော်ပြထားချက်အရ ရဟတ်ယာဉ်ကို ဒီဇင်ဘာလ ၁၁ရက်နေ့ ည၉နာရီအချိန်က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် ပါရှိခဲ့သည့် အရာရှိနှစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis