menu

Sunday 13 January 2013

ကချင်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် တစ်နှစ်စာ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် လိုအပ်မည်

Photo: 

Sunday, 13 January 2013 11:00

ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ရှစ်သောင်းခွဲကျော်အတွက် တစ်နှစ်စာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၈ သန်းကျော် လိုအပ်မည်ဖြစ်သော်လည်း အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်သာ ရရှိထားသေးသည်ဟု သိရသည်။

အဆိုပါ ငွေကြေးပမာဏမှာ  ၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကချင်ဒုက္ခသည်များကို ထောက်ပံ့ရန် လိုအပ်မည့်ပမာဏကို ခန့်မှန်းထားခြင်းဖြစ်ပြီး ကချင်စစ်ဘေးရှောင် ဒုက္ခသည်များမှာ ထပ်မံတိုးတက်လာနေသည်ဟု ကုလသမဂ္ဂနှင့် ကချင်ပြည်နယ်အတွင်း အကူအညီပေးအပ်လျက်ရှိနေသော အဖွဲ့အစည်းအားလုံးမှ ပူးပေါင်းထုတ်ပြန်သော Kachin Response Plan တွင် ထည့်သွင်းဖော်ပြချက်အရ သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ကချင်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် လူနှင့်အဖွဲ့အစည်း အသီးသီးမှ ထောက်ပံ့ငွေမှာ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်သာ ရရှိထားခြင်းဖြစ်သည်။

အဆိုပါ ငွေကြေးပမာဏထဲမှ တိကျသည့်ပမာဏကို ၂၀၁၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည့် Response Plan အရ ဦးစားပေးလုပ်ကိုင်ရမည့် ကိစ္စရပ်များအတွက် သုံးစွဲပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

ကချင်ဒုက္ခသည်များကို အဓိက ထောက်ပံ့ပေးမည့် အကူအညီများမှာ အစားအစာ၊ အသက်မွေးဝမ်းကျောင်းမှု၊ အစားအစာမဟုတ်သော လူသုံးကုန်များ၊ စခန်းများတည်ဆောက်ပေးခြင်း၊ ကျန်းမာရေးနှင့် အာဟာရထောက်ပံ့ပေးခြင်း၊ ရေနှင့်သန့်ရှင်းရေးသုံး ပစ္စည်းများ ထောက်ပံ့ခြင်း၊ ပညာသင်ကြားပေးခြင်း၊ ကလေးသူငယ်စောင့်ရှောက်မှု မြှင့်တင်ခြင်းအပါအ၀င် ထိခိုက်လွယ်သော အခြေအနေမှ ကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

ထိုသို့ ကူညီပေးရာတွင် အစားအသောက်အတွက် ထောက်ပံ့ပေးရန် လျာထားချက်မှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၄ သန်း ကျော်ထောက်ပံ့ပေးရန် ဖြစ်သည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထိ တိုက်ပွဲပေါင်းအကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၂ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်အရေအတွက် ၁၆၀၀၀၀ အထိ ရှိလာခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် စံကင်းရွာ ဆိပ်ကမ်းတွင် WFP မှ လှူဒါန်းထားသော ဆန်အိတ်များနှင့် ဒေသခံအချို့အား တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Sunday, 13 January 2013 11:00

ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ရှစ်သောင်းခွဲကျော်အတွက် တစ်နှစ်စာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၈ သန်းကျော် လိုအပ်မည်ဖြစ်သော်လည်း အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်သာ ရရှိထားသေးသည်ဟု သိရသည်။

အဆိုပါ ငွေကြေးပမာဏမှာ ၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကချင်ဒုက္ခသည်များကို ထောက်ပံ့ရန် လိုအပ်မည့်ပမာဏကို ခန့်မှန်းထားခြင်းဖြစ်ပြီး ကချင်စစ်ဘေးရှောင် ဒုက္ခသည်များမှာ ထပ်မံတိုးတက်လာနေသည်ဟု ကုလသမဂ္ဂနှင့် ကချင်ပြည်နယ်အတွင်း အကူအညီပေးအပ်လျက်ရှိနေသော အဖွဲ့အစည်းအားလုံးမှ ပူးပေါင်းထုတ်ပြန်သော Kachin Response Plan တွင် ထည့်သွင်းဖော်ပြချက်အရ သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ကချင်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် လူနှင့်အဖွဲ့အစည်း အသီးသီးမှ ထောက်ပံ့ငွေမှာ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်သာ ရရှိထားခြင်းဖြစ်သည်။

အဆိုပါ ငွေကြေးပမာဏထဲမှ တိကျသည့်ပမာဏကို ၂၀၁၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည့် Response Plan အရ ဦးစားပေးလုပ်ကိုင်ရမည့် ကိစ္စရပ်များအတွက် သုံးစွဲပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

ကချင်ဒုက္ခသည်များကို အဓိက ထောက်ပံ့ပေးမည့် အကူအညီများမှာ အစားအစာ၊ အသက်မွေးဝမ်းကျောင်းမှု၊ အစားအစာမဟုတ်သော လူသုံးကုန်များ၊ စခန်းများတည်ဆောက်ပေးခြင်း၊ ကျန်းမာရေးနှင့် အာဟာရထောက်ပံ့ပေးခြင်း၊ ရေနှင့်သန့်ရှင်းရေးသုံး ပစ္စည်းများ ထောက်ပံ့ခြင်း၊ ပညာသင်ကြားပေးခြင်း၊ ကလေးသူငယ်စောင့်ရှောက်မှု မြှင့်တင်ခြင်းအပါအ၀င် ထိခိုက်လွယ်သော အခြေအနေမှ ကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

ထိုသို့ ကူညီပေးရာတွင် အစားအသောက်အတွက် ထောက်ပံ့ပေးရန် လျာထားချက်မှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၄ သန်း ကျော်ထောက်ပံ့ပေးရန် ဖြစ်သည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထိ တိုက်ပွဲပေါင်းအကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၂ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်အရေအတွက် ၁၆၀၀၀၀ အထိ ရှိလာခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis