menu

Saturday 10 November 2012

အောက်တိုဘာလ၉ရက်နေ့ ညပိုင်းက မုံရွာမြို့မှ ညောင်ပင်ကြီးဆိပ်ကမ်းဘက်သို့ ခုတ်မောင်းလာသော စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်းသိရ





အောက်တိုဘာလ၉ရက်နေ့ ညပိုင်းက မုံရွာမြို့ မှ ညောင်ပင်ကြီးဆိပ်ကမ်းဘက်သို့ ညပိုင်း၈နာရီခွဲခန့်တွင် ခုတ်မောင်းလာသော ဟွန်ဒါအမျိုးအစားမြင်းကောင်ရေ ၇ကောင် ၂၅ပေ×၃ပေ အနက်၂ပေခန့်ရှိ သစ်သားကိုယ်ထည်စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
“ညပိုင်း ၈နာရီ အထိပုံမှန်စက်လှေတွေ ပြေးဆွဲပေးပြီး ည ၈နာရီနောက်ပိုင်းဆိုရင် လှေငှားမှရတယ်။ ပုံမှန်ကူးနေကျစက်လှေတွေက လူတစ်ယောက်ကို ၂ရာကျပ်နဲ့  ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်ပေးရတယ်။ ညပိုင်း၈နာရီကျော်ရင်ကို ချင်းတွင်းမြစ်တာရိုး အလယ်လောက်မှာရှိတဲ့ နန်ချွန်မုန့် ဆိုင်နားမှာ ရှိလို့ နန်ချွန်ဆိပ်ကမ်းလို့ခေါ်တဲ့ နေရာမှာ လှေငှားဦးမလား …အနောက်ဘက်ကမ်းကူးမလားဆိုတဲ့                  ဧည့်ကြိုသမားတွေ များတယ်။ချင်းတွင်းတံတားနဲ့ မုံရွာမြို့ထဲက ၆မိုင်ကျော်ကျော်ဝေးလို့  မုံရွာမြို့ထဲ နန်ချွန်ဆိပ်ကမ်းက ကူးကြတာများပါတယ်။အခုဟာက မုံရွာဘုရားကြီးဈေးပွဲတော်လို့ ခေါ်တဲ့ သီတင်းကျွတ်ပွဲ
ရှိတော့ ညပိုင်းပွဲသွား ပွဲလာတွေနဲ့  အလုပ်ဖြစ်တာများတယ်
။ မုံရွာတာရိုး တောင်ဘက်ထိပ် မြို့ပတ်လမ်း ဆိပ်ကမ်းဘက်မှာ သဲသောင်တွေထွန်းလာလို့ သောင်ခုံကို ပတ်သွားနေရတယ်။အဲဒီတော့  နန်ချွန်ဆိပ်က ကူးတာများတယ်လေ။”ဟု ညောင်ပင်ကြီးဆိပ်ကမ်းမှ ဒေသခံတစ်ဦးကပြောပြခဲ့သည်။
ဖြစ်စဉ်အကျဉ်းမှာ ဆားလင်းကြီးမြို့နယ်ညောင်ပင်ကြီးရွာ အမှတ် ၃ ရပ်ကွက်နေ ဝေမိုး (၂၇ နှစ်) အဘဦးမောင်နီ မောင်းနှင်လာသော ဟွန်ဒါအမျိုးအစားမြင်းကောင်ရေ ၇ကောင် ၂၅ပေ×၃ပေ အနက်၂ပေခန့်ရှိ သစ်သားကိုယ်ထည်စက်တပ်လှေမှာ ညောင်ပင်ကြီးဆိပ်ကမ်းသို့ မုံရွာမှ မောင်းလာစဉ် လှေဦးမှ ရေများဝင်လာကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စက်လှေပေါ်မှာ အမျိုးသမီး၂ဦး ၊အမျိုးသား ၇ ဦး စုစုပေါင်း ၉ ဦီးနဲ့ ကိုရင် ၅ ပါးတို့ လိုက်ပါလာတာလို့ သိရတယ်။ပျောက်ဆုံးနေတဲ့ အမျိုးသားက ဆားလင်းကြီးမြို့နယ် အောင်ချမ်းစီရွာက ကျဘမ်းလုပ်သား
မင်းမင်းထွန်း ၂၅ နှစ် (ဘ-ဦးဌေးဝင်း) ဖြစ်ပြီး ၃နှစ်အရွယ်ကလေးနဲ့ နို့စို့ အရွယ် ကလေးတို့ ပါတယ်လို့ သိရတယ်။သူ့ အမျိုးသမီးက ရေကူးတတ်ပြီး ကလေးတွေနဲ့ လွတ်မြောက်သွားပေမဲ့  မင်းမင်းထွန်းကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။”ဟု ညောင်ပင်ကြီးဆိပ်ကမ်းမှ ဈေးသည်တစ်ဦးကပြောပြသည်။ မင်းမင်းထွန်းနှင့် အတူပျောက်ဆုံးလျက်ရှိသော ကိုရင် ၃ပါး မှာ မုံရွာမြို့ဘုန်းစိုးကျောင်းတိုက်မှဖြစ်ပြီး အရှင်အိန္ဒိယ ၁၈နှစ်၊ ဝါတော် ၄ ဝါ (အဘ ဦးတင်မြင့် )၊အရှင် စာရိတ္တ ဝါတော် ၃ဝါ (အဘ-ဦးအိုက်မာ)၊အရှင်ဓမ္မ ၁၂ နှစ် (အဘ-ဦးသန်းရွှေ ) တို့ ဖြစ်ပြီးအဆိုပါ စက်လှေတိမ်းမှောက်မှုအတွက် ဆားလင်းကြီး ရဲစခန်းမှ တရားခံ ဝေမိုး ၂၇ နှစ်အား (ပ)၂၅၃/၂၀၁၂   ပုဒ်မ ၂၈ဝ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရှိရပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis