menu

Saturday 10 November 2012

ရဲတပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုသော တပ်မတော်ဗိုလ် တစ်ဦးအား အမှုဖွင့်

ရန်ကုန် ၊ နိုဝင်ဘာ ၁၀

ကားပြိုင်မောင်းသူများနှင့် တုတ်၊ဓား စသည့် လက်နက်ပုန်းများ သယ်ဆောင်လာသည့် ယာဉ်များကို စစ်ဆေး ဖမ်းဆီး...နေသော တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ကို မချေမငံ ပြောဆိုခဲ့သော
ဗိုလ်မင်းသန်းထွန်းအားအမှုဖွင့် ထားကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များ အရ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်

တွင် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်ထွန်းဦး နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် နယ်မြေ ( ၂ ) မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ ကမ္ဘာအေးလမ်းမပေါ် ဖူစန် တရုတ်ဘုံကျောင်းရှေ့တွင် တာဝန်အရ ယာဉ်များကို ရပ်တန့် စစ်ဆေးနေစဉ် ချော်တွင်းကုန်း ဘက်မှ ကုက္ကိုင်းဘက်သို့ ယာဉ်မောင်း
သန့်ဇင် ( ၂၈ ) နှစ် မောင်းနှင် လာသော ၈ဇ/ ၇၂၂၇ ဟိုင်းအေ့ မိုက်ခရိုဘတ် အဖြူ နံသာ ရောင် ကိုယ်ပိုင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ပိတ်ဆို့ တားဆီး စစ်ဆေးရာတွင်အသုံးပြုသည့် ဗယ်ရီဂိတ်ကို
ဝင်တိုက်မိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ရုံး၏ အမှုဖြစ်စဉ်တွင် ဖော်ပြထားသည်။

အဆိုပါယာဉ်နှင့် ဗယ်ရီဂိတ် ပျက်ဆီးသွားပြီး ယာဉ်ပေါ် လိုက်ပါလာသူ ကြည်း (၅ဝ၉၃၈ ) ဗိုလ်သန်းမင်းထွန်း က ကားပေါ်မှဆင်းလာကာ တာဝန်ကျ တပ်ဖွဲ့ဝင်များကိုမချေမငံ ပြောဆိုခဲ့ခြင်းကြောင့် အမှတ်( ၃ ) တပ်ထိန်းတပ်ဖွဲ့သို့ဆက်သွယ် အကြောင်းကြားထားပြီး ဖြစ်စဉ်နှင့် ပက်သက်၍ ဗဟန်းရဲစခန်းမှပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂၈ / ၁၂ ၊ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ထားပြီးစုံစမ်း စစ်ဆေးလျက် ရှိကြောင်းရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှထုတ်ပြန်ချက် အရ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis