menu

Friday 2 November 2012

လသာမြို့နယ်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံရသူ လယ်သမားများ ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက်ရှိ

Photo: လသာမြို့နယ်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံရသူ လယ်သမားများ ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများအား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက် ရှိကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ တရားဝင်ခွင့်ပြုမိန့် ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြရာ နိုဝင်ဘာလ ၂ရက်နေ့နံနက် ၁နာရီ ၃၀မိနစ် အချိန်အထိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လူစုခွဲရန် သုံးကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော် သူများ၏ ပြောကြားချက်အရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက "ခွင့်ပြုချိန်ကို ကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ချိန်ကတည်းက ပုဒ်မ ၁၈နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီထက်ပိုမို ဖြေဆိုခွင့်မရှိပါဘူး"ဟုပြောပြခဲ့ပါသည်။

လက်ရှိအချိန်တွင်မူ ဆန္ဒထုတ်ဖော်နေသူများအား စေတနာရှင်ပြည်သူအချို့မှ မုန့်၊သစ်သီးနှင့် ရေသန့် စသည်တို့ကို လာရောက်လှူဒါန်းလျက်ရှိကြောင်းသိရသည်။

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ေ
ကျးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများအား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက် ရှိကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ တရားဝင်ခွင့်ပြုမိန့် ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြရာ နိုဝင်ဘာလ ၂ရက်နေ့နံနက် ၁နာရီ ၃၀မိနစ် အချိန်အထိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လူစုခွဲရန် သုံးကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော် သူများ၏ ပြောကြားချက်အရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက "ခွင့်ပြုချိန်ကို ကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ချိန်ကတည်းက ပုဒ်မ ၁၈နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီထက်ပိုမို ဖြေဆိုခွင့်မရှိပါဘူး"ဟုပြောပြခဲ့ပါသည်။

လက်ရှိအချိန်တွင်မူ ဆန္ဒထုတ်ဖော်နေသူများအား စေတနာရှင်ပြည်သူအချို့မှ မုန့်၊သစ်သီးနှင့် ရေသန့် စသည်တို့ကို လာရောက်လှူဒါန်းလျက်ရှိကြောင်းသိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis