ဗြိတိန် နိုင်ငံမှ ရခိုင် ဒေသရှိ ဒုက္ခသည် ငါးသောင်းရှစ်ထောင်ကျော် အတွက် ရေသန့်၊ ကျန်းမာရေး ပစ္စည်းများ နှင့် အာဟာရ ပစ္စည်းများ ပေးအပ
်
သွားမည် ဖြစ်ကြောင်း၊ ယင်း အကူအညီ များကို မြန်မာနိုင်ငံ ရှိ အစိုးရ
မဟုတ်သော အဖွဲ့အစည်း များမှ တစ်ဆင့် ပေးအပ် သွားမည် ဖြစ်ကြောင်း သတင်း တွင်
ဖော်ပြ ထားသည်။
ရခိုင်ပြည်နယ် တွင် အောက်တိုဘာ လ၂၁ ရက်နေ့ မှစ၍ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် လူပေါင်း ၁၂၂ ဦး သေဆုံးကာ အိမ်ခြေ နှစ်ထောင်ကျော် ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း ရခိုင် ပြည်နယ် အစိုးရ အဖွဲ့က သတင်း ထုတ်ပြန် ထားသည်။
ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း ကလည်း ရခိုင် ဒုက္ခသည် များ အတွက် လူသားချင်း စာနာ ထောက်ထား မှု အကူအညီ အဖြစ် ဒေါ်လာ သုံးသန်း ပေးအပ်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားသည်။
The Voice Weekly

No comments:
Post a Comment