ခဏလေးများ
စီးရီး ထွက်ပြီးတဲ့ နောက်မှာ စင်မြင့် သီဆိုပွဲ များက နှစ်အတန် ကြာနား
နေခဲ့တဲ့ လေးဖြူက သဘာဝ ဘေးအန္တရာယ် ဖြစ်တဲ့ နာဂစ် မုန်တိုင်းဒဏ်ခံ
ဒုက္ခသည်များ အတွက် ရန်ပုံ ငွေရှာ တဲ့ပွဲက စပြီး စင်မြင့်ပေါ်ကို ပြန်လည်
ရောက်ရှိ လာခဲ့ပါတယ်။
အဲဒီကနေ တောက်လျှောက် ဖျော်ဖြေပွဲများ
သီဆိုရင်း ၂၀၀၈ ခုနှစ်မှာ BOB (ဘင်္ဂလားပင်လယ်အော်) အယ်လ်ဘမ် အသစ်ထွက်
ခဲ့ပြီးနောက် နောက်ထပ် သီချင်းသစ် ထွက်မလာ ခဲ့ပါဘူး။
၂၀၁၂ ခုနှစ်
အတွင်းမှာ ပြည်ပ ဖျော်ဖြေပွဲများ သွားရောက်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု
ခရီးစဉ် မှာတော့ သီချင်းသစ် ၃ ပုဒ် သီဆို အသံ သွင်းခဲ့ တယ်လို့ သိရတဲ့
အတွက် ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ဂီတ ပရိသတ်များ အတွက် လေးဖြူနဲ့ တွေ့ဆုံ
မေးမြန်းခဲ့ပါတယ်။
ကိုလေး အမေရိက ခရီးစဉ်မှာ သီချင်းသစ် ၃ ပုဒ် သွင်းဖြစ် ခဲ့ တယ်လို့ ကြားတယ်။ အဲဒီ သီချင်းတွေ အကြောင်း ပြောပြပေးပါဦး။
ဟုတ်ပါတယ်။ ဖျော်ဖြေပွဲတွေ ခရီးစဉ် အတွင်းမှာ ကျွန်တော် သီချင်းသစ် ၃ ပုဒ်
သွင်း ဖြစ်ခဲ့ပါတယ်။ ပထမ သီချင်းက နောနော် ရေးတဲ့ သီချင်းပါ။ ဒီသီချင်းကို
ဗာဂျီး နီးယားက Cue စတူ ဒီယိုမှာ သွင်း ဖြစ်ခဲ့တာပါ။ ဒုတိယ သီချင်း ကတော့
ရယ်ဂျီရဲ့ သီချင်းပါ။ လော့စ်အိန်ဂျလိစ် ဟောလိဝုဒ်က ပါရာ မောင့်ရီ ကောဒင်း
စတူဒီယိုမှာ သွင်းဖြစ်ခဲ့တာပါ။ တတိယ သီချင်းကတော့ ဆန်ဖရန် စစ္စကိုက Trilogy
စတူ ဒီယိုမှာ သွင်းခဲ့တာ။ ဒီ သီချင်းက တေးရေး အသစ်ဖြစ်တဲ့ မိုဃ်းသွေး
ရေးပေးတာပါ။
အမေရိကားက စတူ ဒီယိုတွေမှာ အသံသွင်းတော့ ကိုလေးတို့ ဘယ်လို ရွေးကြသလဲ။ ဘယ်စတူ ဒီယိုမှာ သွင်း မယ်ဆိုတာပေါ့။
ဗာဂျီးနီးယားက စတူဒီယို ကတော့ အရမ်းကို ကြီးကျယ်တယ်။ ကြည့်ချင် ရင်
ဝက်ဘ်ဆိုက်မှာ ကြည့်လို့ရတယ်။ သူက ဂရမ်မီ ဆုရထားတဲ့ စတူဒီယို လည်း ဖြစ်ပြီး
မိုက်ကယ် ဂျက်ဆင်ကို သီချင်းရေးပေး တဲ့ သူတွေ ဒီစတူ ဒီယိုမှာ လာပြီး Demo
သွင်းကြတယ်လို့ သိရတယ်။ ဒုတိယ စတူဒီယို ကတော့ ဟောလိ ၀ုဒ်မှာ နာမည်ကြီးပဲ။
Rod Stewart တို့ တောင်မှ ဒီစတူ ဒီယိုမှာ သွင်းတယ်လို့ သိရတယ်။ စတူဒီယို
နာမည်က ပါရာမောင့်ပါ။
ပါရာမောင့် ဆိုတော့ ရုပ်ရှင် ကုမ္ပဏီက အသံသွင်း စတူဒီယိုလား။
မဟုတ်ပါဘူး။ သူက ရီကောဒင်း စတူဒီယိုပါ။ ရုပ်ရှင် စတူဒီယို နာမည်နဲ့
တူနေတာပါ။ အဲဒီမှာ ဘာထူးခြားသလဲ ဆိုတော့ Recording Track တွေက
ကြိုက်သလောက် ချဲ့လို့ရတယ်။ Multi Track ပေါ့။ သူတို့ လုပ်ပုံ
လုပ်နည်းတွေ၊ လူတွေ တော်တာ တွေကတော့ ပညာ ယူစရာ အများကြီး တွေ့ခဲ့ရတယ်။
အင်ဂျင် နီယာတွေ၊ ပစ္စည်း အထားအသို တွေက အစ ကျွန်တော်တို့နဲ့ လုံးဝ မတူဘူး။
အားလုံး စနစ်ကျတယ်။ ကျွန်တော်တို့လည်း အဖွဲ့တစ်ဖွဲ့ပဲ သွင်းလို့ရတာပဲ လား။
မဟုတ်ဘူးဗျ။ သူတို့ ဆီမှာက စတူဒီယို တွေကို အေ၊ ဘီ၊ စီ ဆိုပြီး ခွဲထားတယ်။
ဈေးနှုန်း အလိုက်ပေါ့။ ကျွန်တော်တို့က ကိုယ် တတ်နိုင်တဲ့ Amount အတွင်းက
ရွေးရတာဆိုတော့ ဘီကိုပဲ ရွေးလိုက်တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ အဖွဲ့
အကြောင်းကို ၀က်ဘ်ဆိုက် တွေက ကြည့်ထားပြီး စတူဒီယို အေကို
ဘီဈေးနဲ့ပေးပြီး သွင်း ပေးပါတယ်။ ဈေးအရမ်း ကြီးတယ်ဗျ။
ကိုလေးက သီချင်းတွေကို ဒီကနေ တစ်ခါတည်း ယူသွားတာပေါ့။
ဟုတ်တယ်။ သီချင်းတွေက ဒီက နေ အပုဒ် ၂၀ လောက် ယူသွားတယ်။ ဒါပေမဲ့
တစ်ပုဒ်မှ Demo မလုပ်ဘဲ စတူ ဒီယိုထဲ မ၀င်ခင် တစ်ရက် အပြင်မှာ တိုင်
ပင်တယ်၊ ကျင့်တယ်၊ ပြီးတော့ စတူဒီ ယိုယူတဲ့ နေ့မှာ တစ်နေ့လုံး အဲဒီ
တစ်ပုဒ်ကိုပဲ တီးလိုက်တယ်။ ဒါပေမဲ့ အဆို အပြီးအထိ မရခဲ့ဘူး။ ဒီမှာ
ပြန်ဆိုရဦး မယ်။ ပြီးမှ ဟိုကို ပြန်ပို့ပြီး Mixing လုပ်ဖြစ်မယ်။ သွားတာ
ကလည်း ပွဲဆိုဖို့ အဓိကသွား တာဆိုတော့ ပွဲဆိုပြီး တစ်ပွဲနဲ့ တစ်ပွဲအကူး
ကြားရက်ထဲမှာ အချိန် ရတော့မှ အပြေးသွား သွင်းကြတာ ဆိုတော့ တစ်ပုဒ်ကို
တစ်ရက်ပဲ သွင်းနိုင်တယ်။
တတိယ အပုဒ် ကရော ဘယ်မှာ သွင်းတာလဲ။
အဲဒါက ဆန်ဖရန် စစ္စကိုမှာ သွင်းတာ။ တေးရေးက အသစ်ဗျ။ မိုဃ်းသွေး တဲ့။
အဲဒီမှာ အချိန်မရလို့ တေးရေး စံပီးရဲ့သီချင်း တစ်ပုဒ်၊ ကေအေတီရဲ့ သီချင်း
တစ်ပုဒ်လည်း သွင်းချင် သေးတာ။ နယူး ယောက် ရောက်တော့လည်း စံပီးရဲ့ သီ
ချင်းကို သွင်းဖို့ စီစဉ် သေးတယ်။ ဒါပေမဲ့ အချိန် မရလို့ မသွင်း ခဲ့ရဘူး။
နယူး ယောက်မှာ ချစ်စမ်းမောင်က CSM Guitar ဆိုပြီး သူကိုယ်တိုင်
ပုံစံထုတ်ထား တဲ့ ဒုတိယ ဂစ်တာ တစ်လက် လုပ်ဖို့ သွား အပ်နေတာဆိုတော့ အချိန်က
မရတော့ဘူး။
ကိုလေးက သီချင်းတွေ ဘယ်နှပုဒ်တောင် ယူသွားတာလဲ။
ရန်ကုန်က သွား ကတည်းက သီချင်းသွင်း မယ်ဆိုတဲ့ အစီအစဉ် ရှိခဲ့တယ်။ စီ
စဉ်ပြီး သွားတာ ပေါ့လေ။ စုစုပေါင်း အပုဒ် ၂၀ လောက် ယူသွားတယ်။
ဘယ်သီချင်းနဲ့ အဆင်ပြေ မယ်ဆိုတာ မသိနိုင်ဘူးလေ။ ဟိုကျမှ ၀က်ဘ်ဆိုက် ကနေ
ကြည့်ပြီး စတူဒီယို ရွေးကြတယ်။ မနက်ဖြန် လိုသွင်းမယ် ဆို ဒီနေ့လိုက Studio
Tour သွားကြတယ်။ သူတို့စတူဒီ ယိုမှာ ဘာပစ္စည်းတွေ ရှိသလဲ။ ဘယ်လို
သုံးနိုင်လဲ ဆိုတာကြည့် ကြတာပေါ့။သူတို့ အင်ဂျင်နီယာ တွေနဲ့လည်း ညှိရတယ်။
သူတို့ဆီမှာ ကရော ကျွန်တော် တို့လိုပဲ စတူဒီယို တစ်ခုမှာ ပင်တိုင် အင်ဂျင်နီယာ တစ်ယောက်ပဲ ရှိတာလား။
မဟုတ်ဘူးဗျ။ သူတို့က ကိုယ်ပိုင် In house အင်ဂျင်နီယာ ရှိသလို ဒီကဆေး ခန်းတွေလိုပဲ On Call
ခေါ်လို့ရတဲ့ အင်ဂျင်နီယာ တွေလည်း ရှိတယ်။ ဒီမှာ ဆေး ရုံတွေ ထောင်ထား
သလိုပဲ စတူဒီယိုတွေ ရှိနေပြီးတော့ ကိုယ်နဲ့ အဆင် ပြေနိုင် တဲ့ ပြင်ပ
အင်ဂျင်နီယာ ကို ခေါ်လို့ရတယ်။ သူတို့ ကလည်း ကျွန်တော်တို့ သီချင်းပုံစံ
တွေကို ကြည့်တယ်။ ပြီးမှ အဆင်ပြေ တာနဲ့ ပြန်ချိတ် ပေးတယ်။
ကိုလေးတို့ အတွက် သူတို့ ချိတ်ပေး တဲ့ အင်ဂျင် နီယာက အဆင်ပြေလား။
သူတို့က ကျွန်တော်တို့ သီချင်း ပုံစံ တွေ လေ့လာပြီးမှ ချိတ်ပေး တာဆိုတော့
အဆင်ပြေပါတယ်။ အင်ဂျင်နီယာလေး က အသက်လည်း ငယ်တယ်။ တော် လည်း တော်ပါတယ်။
အဓိကကတော့ သုံးတဲ့ ပစ္စည်းတွေ ကွာခြားမှုပဲ။ သူတို့က World Leading Country
ဆိုတော့ တော်တာပေါ့။ အသံတစ်သံ ကြားတာနဲ့ ဘယ်လို လုပ်မယ် ဆိုတာ ချက်ချင်းသိ
တယ်။ ချစ်စမ်းမောင်တို့၊ ခရမ်းတို့ တီးတာ ကိုလည်း သူတို့ စိတ်ဝင်စား ကြ
တယ်။ ကျွန်တော်တို့က ခရီး မသွားခင် ကတည်းက US မှာ ပွဲစီစဉ် တဲ့သူ ဂျော့ခ်ျ
ကို အကူအညီ တောင်းထားတာလေ။ LA မှာရော၊ ဆန်ဖရန်မှာပါ ကိုယ်ပိုင် Home
စတူဒီယို လေးတွေ ရှိကြတယ်။ ဒါပေမဲ့ တကယ့် Band ကြီးတွေ သွင်းတဲ့
စတူဒီယိုမှာ သွင်း တဲ့ပုံစံကို လိုချင်တာကြောင့် ပွဲစီစဉ် သူတွေက အဓိက ကူညီ
ပေးခဲ့ပါတယ်။ သီချင်းသွင်းတဲ့ ကုန်ကျ စရိတ်တွေ ကတော့ ကျွန်တော်
ကိုယ်တိုင်ပဲ အကုန်အကျ ခံခဲ့တာပေါ့။
ကုန်ကျစရိတ် အနေနဲ့ မြန်မာပြည် နဲ့ ဘယ်လောက် ကွာမလဲ။
သီချင်း သုံးပုဒ် စလုံးက မပြီးသေး တော့ ကုန်ကျစရိတ် ဘယ်လောက်ရှိ မယ်ဆို
တာကိုတော့ ပြောလို့ မရသေးဘူး။ လောလောဆယ် အနေအထား အရ ဒီသီချင်းတွေ Mixing
ဆွဲရင်တော့ သူတို့ ဆီမှာပဲ ဆွဲဖြစ်ဖို့ များပါတယ်။ Mixing ရော၊ Mastering
ရောပေါ့။ အဲဒီမှာ ထပ်ကုန်မဲ့ စရိတ်က သက်သက် ရှိသေးတယ်။ ကျွန်တော်
မေးကြည့်တော့ အကြမ်း ဖျဉ်းပေါ့နော်။ Music ပေါ်မှာ မူတည် ပြီးတော့ သီချင်း
တစ်ပုဒ်ကို Mixing ဆွဲရင် ၄၈ နာရီ လောက်ကြာ တယ်လို့ ပြောတယ်။ တစ်နာရီကို
စတူဒီယို စရိတ် မပါဘဲ အင်ဂျင်နီယာ အတွက်က ဒေါ် လာ ၁၀၀ ကျော်တယ်။ ဒါတောင်
တကယ့် အင်ဂျင်နီယာ အကြီးကြီးတွေ မဟုတ်သေး ဘူး။ ဒါက တီးခ၊ ဆိုခ ဆိုတာတွေ
မပါသေးဘူး။ စတူဒီယိုနဲ့ အင်ဂျင်နီယာပဲ ရှိသေးတာ။ ဒါပေမဲ့ နာရီနဲ့ မဟုတ်ဘဲ
တစ်နေကုန် ယူမယ်ဆို ရင်တော့ ဈေးလျှော့ ပေးပါတယ်။ အဲဒီ လိုနေရာတွေက
အများကြီး ရှိတယ်။
စတူဒီယိုတွေ အများကြီးပေါ့။
သူတို့ဆီ မှာက ကျွန်တော်တို့ ဆီ မှာလို မဟုတ်ဘူး။ ဥပမာ ပြောရရင်
ကွမ်းယာဆိုင်မှာ အပူကျဆေး ၀ယ် သောက်ရင် ရသလို၊ ရပ်ကွက် ဆေးခန်းမှာ
ကုချင်ရင်လည်း ကုလို့ရသလို၊ အထူးကု ဆေးရုံကြီး ပေါ်တက်ပြီး ကုချင်ရင် လည်း
ကုလို့ရတယ် ဆိုတဲ့ ပုံစံမျိုးတွေ ပေါ့။ သီချင်း တစ်ပုဒ်ကို ဘယ်လို လုပ်မ
လဲဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ် ရတယ်။ အကုန်အကျ ခံပြီး လုပ်ရင်လည်း ရတယ်။
သက်သက်သာသာ လုပ်ချင် ရင်လည်း ရတယ်။ ကိုယ့်ဟာကိုယ် ရွေး ချယ်ပေါ့။ ကိုယ်အား
ရှိသလောက် ကိုယ်လုပ်ပေါ့။
ကိုလေး ခုနက ပြောတော့ အေ၊ ဘီ၊ စီ ဆိုပြီး သုံးမျိုးခွဲ ထားတယ် ပြောတယ်။ အနိမ့်ဆုံးက ဘယ်လောက် ရှိသလဲ။
ကျွန်တော်တို့က အေနဲ့ ဘီနှစ်ခု တည်းပဲ မေးခဲ့တာ။ ကုန်ကျစရိတ်က တော့
စတူဒီယို တွေပေါ် မူတည်တာ ပေါ့။ သုံးခွင့်ရ တဲ့ပစ္စည်းတွေ ပေါ်လည်း ကွာပါတယ်။
သူတို့ဆီ မှာက စတူဒီယိုထဲ ၀င်သွားရင် ဘာမှ မလိုတော့ဘူး။ နောက် ဆုံးပြောရရင်
ခေါင်းကိုက် ရင်သောက်တဲ့ ခေါင်းကိုက် ပျောက်ဆေး ကအစ ရေချိုး ခန်းထဲမှာ
ထည့်ပေးထားတယ်။ စား စရာဆိုရင်လည်း Breakfast ကအစ အကုန် ထားပေးတယ်။
ရေချိုးခန်းရှိ တယ်။ ပျင်းရင် ဆော့ဖို့ ဂိမ်းတောင် ရှိ တယ်။ တချို့ကတီး
နေပေမဲ့ တေးရေး က သီချင်းရေး ချင်ရင် သူ့အတွက် ရေးဖို့ အခန်းသက်သက်
ပေးထားတယ်။ ဆိုနေ တုန်းမှာ တေးရေးက သီချင်းပြင် ချင်ရင် တခြား တစ်ခန်းမှာ
Piano တစ်လုံးသပ် သပ်နဲ့ ပြင်လို့ရတယ်။ သူတို့ဆီက ပေး နိုင်တဲ့
တီးဝိုင်းပစ္စည်း တွေက အများကြီး ပဲ။ ဂိုထောင် တစ်လုံးစာ ရှိတယ်။ ဘယ် ပစ္စည်း
လိုချင်တယ် ဆိုတာ ရီကောဒင်း မလုပ်ခင် စာရင်း ပေးထားရတယ်။ ဘယ်လို ပစ္စည်းတွေ
သုံးမယ်ပေါ့။ ဒရမ် ဆိုရင်လည်း ဘယ်ဒရမ် သုံးမယ်၊ ကီးဘုတ်က ဘယ်လို ကီးဘုတ်
သုံးမယ်၊ ဟော်လို ဂစ်တာ ပါမယ် အစ ရှိသဖြင့်ပေါ့။ အဲဒီ စတူဒီယို အေ၊ ဘီ၊ စီက
ဒီဂိုထောင် ထဲက ပစ္စည်း တွေကို လှည့် သုံးနေကြတာ။ အများဆုံး အသုံးပြုနေတဲ့
ပစ္စည်းတွေကို အလွယ်တကူ သုံးနိုင် အောင် လုပ်ထား ပေးပါတယ်။
ဟောလိဝုဒ် စတူဒီယို ကရော ဘယ်လိုလဲ။
သူတို့ကတော့ နေရာ တန်ဖိုးကိုက ဈေးကြီးတာလေ။ သူတို့က ကျွန်တော် တို့ကို
အရမ်း စိတ်ဝင်စားတယ်။ မင်းတို့ ဘယ်ကလဲလို့ မေးပြီး ငါတို့က မြန်မာ ဆိုရင်
အရမ်း စိတ်ဝင်စားတယ်။ ဘယ်လို သီချင်းမျိုး တွေ ဖြစ်မလဲ ဆိုတာကို အဲဒီ
စတူဒီယို ပိုင်ရှင် ကိုယ်တိုင်က စိတ်ဝင်စားတယ်။ ဘယ်လို ပုံစံတီး မှာလဲ
ပေါ့။ အသံထွက် အောင်သာ တီးလိုက်၊ သူတို့က ရအောင် ချိန်ယူတယ်။ သူတို့
ဒီထွက်လာတဲ့ အသံ တွေကို ဘယ်လို Collect လုပ်မလဲ ဆိုတာ ချက်ချင်းတော့
မသိဘူး။ ဘာသီချင်း တွေမှန်း မသိသေး တဲ့ပုံစံပေါ့။ ဒါပေမဲ့ ကျွန်တော်
တို့တီး ထားက ဟဲဗီးရော့ခ်၊ ဟဲဗီးမက်တယ်လ် ဆိုတော့ သိပ်တော့ မခက်ခဲပါဘူး။
တီးပြ လိုက်တာနဲ့ သူတို့ သိတယ်။ သူတို့က ကျွန်တော်တို့ အကြောင်း တွေကို
ကြိုပြီး You Tube ပေါ်မှာ ကြည့်ထားတယ်။ ဘယ်လို အဖွဲ့လဲ ဆိုတာ သိပြီးသား။ ဒါ
ကြောင့် နားလည်တဲ့ အင်ဂျင်နီယာ ကို ချိတ်ထား ပေးပြီးသား။ အကြမ်းနှစ်
ခေါက်သုံးခေါက် ဆိုရင် သိသွားပြီး အရမ်း ချီးကျူး ကြတယ်။
ဂီတ အမျိုးအစား နဲ့ ပတ်သက်လို့ ရော...။
ကျွန်တော်တို့ ဆီက Own tune အရသာ ကိုလည်း သူတို့ ကြိုက်ကြတယ်။ ဘာလို့လဲ
ဆိုတော့ ရော့ခ်သီချင်း ဆိုတာ လည်း သူတို့မြူးဇစ် ပဲကိုး။ ကိုယ့်ဘက် က
လိုသမျှ ကိုလည်း သူတို့နားလည် ပေးတယ်။ ဘာသာ စကားမတူ တာက အစပေါ့။
အထူးသဖြင့် ရီကောဒင်း ဝေါဟာရ တွေ မတူကြဘူး။ ဒီသီချင်းကို ဒီနေရာမှာ
ဖြတ်သွင်း ချင်တယ်တို့ ဘာ တို့ဆိုရင်ပေါ့။
အခု ကိုလေးက US မှာ သီချင်း သွင်းခဲ့ဖူးပြီ ဆိုတော့ မြန်မာ စတူဒီယို တွေနဲ့ ဘာတွေ ကွာခြားလဲ။
အခု ကျွန်တော် သုံးပုဒ်သွင်းခဲ့ တယ်။ အဆိုပိုင်း တစ်ခုပဲ ဆိုဖို့ ကျန်ပါ
တော့တယ်။ အခု ပြီးခဲ့တဲ့ သီချင်း သုံးပုဒ် မှာပေါ့။ ဒီမှာ သုံးနေတဲ့ Mic
တွေကအစ သူတို့နဲ့ အတူတူ ပါပဲ။ သူတို့ဆီက B ဆိုတဲ့ စတူ ဒီယိုမှာ သုံးနေတဲ့
ပစ္စည်းက ကျွန်တော်တို့ဆီက PTL စတူဒီယိုမှာ သုံးနေတဲ့ ပစ္စည်းနဲ့ တူပါတယ်။
အခု စီစဉ် နေတဲ့ စီးရီးမှာ သီချင်း ဘယ်နှပုဒ် လောက် ပါမလဲ။
ဘယ်နှပုဒ် ပါမလဲဆိုတာ မပြော နိုင်သေးသလို ဘယ်တော့ ထွက်မယ် ဆိုတာ လည်း
ပြောလို့ မရသေး ပါဘူး။ အခု ဆိုခဲ့တဲ့ သုံးပုဒ် ထဲက ရယ်ဂျီရေးတဲ့
သီချင်းကတော့ ပရိသတ်ကို အရင်ဆုံး ချပြမဲ့ သီချင်း ဖြစ်နိုင်ပါတယ်။ ကျေးဇူးပါပဲ၊ ကိုလေး။ ကိုလေး ပရိသတ် တွေကတော့ သီချင်းသစ်တွေ မျှော်နေတာပါ။
ဝင်းကိုကို (ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၂)
|
No comments:
Post a Comment