menu

Thursday 1 November 2012

ပြည်ခိုင်ဖြိုး ပါတီ ညီလာခံ အလံပြောင်းပြန် လွှင့်ထူမှု ဥပဒေနှင့်ငြိစွန်း

Photo: ‎ပြည်ခိုင်ဖြိုး ပါတီ ညီလာခံ အလံပြောင်းပြန် လွှင့်ထူမှု ဥပဒေနှင့်ငြိစွန်း

31 OCTOBER 2012  

ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ သမ္မတဦး သိန်းစိန် တက်ရောက် ခဲ့သော အောက် တိုဘာ ၁၄ရက်နေ့တွင် ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ ညီလာခံဖွင့်ပွဲတွင် အလံ ပြောင်းပြန်လွှင့်ထားမှုမှာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်နေ့ တွင်ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အလံ ဥပဒေပါ အချက်အလက်များနှင့် ငြိစွန်း နေ၍ တရားဥပဒေ အရအရေးယူနိုင် ကြောင်း ဝါရင့်ရှေ့နေကြီးများက သုံး သပ်ပြောကြားသည်။
ယင်းကဲ့သို့ အာဏာရပါတီ၏ အ ကြီးကျယ်ဆုံးသော ညီလာခံကြီးတွင် အလံပြောင်းပြန်လွှင့်ထူမှုနှင့် ပတ်သက် ၍ ပြည်သူလူထုအကြား လာမည့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအ တွက် ယတြာချေခြင်းဖြစ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများရှိနေ သော်လည်း ပါတီဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ သူရ ဦးအေးမြင့်က " ယတြာချေတာမဟုတ် ပါဘူး၊ ဖျော်ဖြေရေးအဖွဲ့က ကလေး တွေ လွှဲပြီးလုပ်တာပါ၊ပိတ်ခိုင်းတာ မရ တော့ဘူးဖြစ်သွားလို့ပါ။ ပွဲပြီးမှ သတိ ထားမိတယ်။ သူတို့ကလည်း ထွက် နေပြီ၊ သူတို့ရဲ့အမှားပါ၊ ဘာမှမဟုတ် ပါဘူး၊ စိတ်ထဲက လုပ်ချင်လို့လုပ်တာ မဟုတ်ပါဘူး၊ မထင်မှတ်ပဲမှားတဲ့အမှား ပါ၊ သူတို့မှားတာလို့ ယူဆကြတယ်၊ ယတြာချေတာမဟုတ်လောက်ပါဘူး" ဟု လူထုပုံရိပ်၏ မေးမြန်းမှုအပေါ် ဖြေ ဆိုထားသည်။ "ဥပဒေမှာ မတော်တဆဆိုတာ မရှိဘူး၊ ဒါက ဥပဒေပုဒ်မ ၁၃ နဲ့ ငြိတယ်။ ပြည်ခိုင်ဖြိုးပါတီ ညီလာခံ ဖွင့်ပွဲမှာ အလံကို ပြောင်းပြန်ဖြစ်နေတာ နိုင်ငံတော်အလံကို မလေးမစားလုပ် တာပဲ၊ ခေါင်းကမိုးလုံမှ ရေစီးရတာက လည်း အဆင်ပြေမယ်၊ ဒါကြောင့် နိုင်ငံ တော်အကြီးအကဲတွေက ဥပဒေကို လေးစားလိုက်နာသင့်တယ်၊ ဒီအခမ်း အနားကို တာဝန်ယူကျင်းပတဲ့သူ ဦး ဆောင်လုပ်ကိုင်တဲ့အဖွဲ့မှာ တာဝန်ရှိ တယ်။ကြီးကြပ်ရမဲ့တာဝန်ရှိတယ်"ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က အလံ ပြောင်းပြန် လွှင့်ထူထားသည့်အပေါ် ပြောဆိုသည်။ မိမိတို့နိုင်ငံတွင် အလံ ဥပဒေရှိ၍ မည်သည့်အဖွဲ့အစည်း မည် သည့်ပုဂ္ဂိုလ်မဆို ယင်းဥပဒေအတိုင်း လိုက်နာရန်လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ကော့ကရိတ်ဦးသိန်း ညွန့်က သုံးသပ်ပြောကြားခဲ့သည်။
" ဒါက မတော်တဆဖြစ်တာ ဖြစ် နိုင်တယ်၊ မလေးမစားလုပ်ရင်တော့ အပြစ်ရှိတယ်"ဟု ရှေ့နေ မောင်ကိုနီ က ပြောသည်။ အမှတ်တမဲ့ဖြစ်သွားနိုင်ကောင်း ဖြစ်သွားနိုင်သော်လည်း တစ်ယောက် တည်းလုပ်ရသည့်အရာ မဟုတ်၍၊ အလံ အားဝိုင်းတင်စဉ်ကပင် ကြည့်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော် အလံ သည် အရေးကြီးသောအရာဖြစ်၍ ပေါ့လျော့မှုမရှိသင့်ကြောင်း၊ သဘောရိုး နှင့် တစ်ဖက်မှမှားသော်လည်း အခမ်း အနားပြုလုပ်သူများအပေါ်တွင် တာဝန် ရှိကြောင်း၊ တမင်လုပ်ယူပါက အရေး ယူရကြောင်း၊ ယခုကိစ္စသည် အထူး သတိထားရမည်ဖြစ်၍ မဖြစ်သင့် ကြောင်း ဗဟိုဥပဒေ အထောက်အကူ အဖွဲ့မှ ရှေ့နေဦးအောင် သိန်းက သုံး သပ်ပြောဆိုထားသည်။ နိုင်ငံတော်အလံအား မလေးမစား ပြုလုပ်ခဲ့သည့်အတွက် မြန်မာပြည်တွင် ပြစ်ဒဏ်များကျခံခဲ့ရသည့် သာဓက များစွာရှိခဲ့ကြောင်း၊ ၁၉၈၆ ခုနှစ်တွင် အစိုးရဌာနမှ အရာရှိတစ်ဦး နိုင်ငံတော် အလံဖြင့် စားပွဲအား ဖုန်သုတ်ခဲ့သည့် အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံခဲ့ရပြီး ၁၉၆၈ ခုနှစ် အာဇာနည်နေ့ တွင်အမှတ် ၃၂၉ ဗိုလ်ချုပ် အောင် ဆန်းလမ်းတွင် နေထိုင်သူ တစ်ဦး အလံအား ဇောက်ထိုးလွှင့်ထူ ခဲ့သော ကြောင့် ထောင်ဒဏ် ၂၁ ရက် ကျခံခဲ့ရ ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) က ဆိုသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၂၀၁၀ ပြည့်နှစ် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ နှင့် ကြေညာချက်များစာအုပ်တွင် နိုင်ငံတော်အလံနှင့်ပတ်သက်၍ ပုဒ်မ ၁၃၊ ၁၄၊ ၁၅ စသည်ဖြင့် ပြဌာန်း ထားပြီး ထိုပုဒ်မတို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟုဖော်ပြပါရှိ သည်။ 

အေးချမ်းမွန်မှ THE PUBLIC IMAGE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :THE PUBLIC IMAGE‎

THE PUBLIC IMAGE

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis