menu

Tuesday 16 October 2012

မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး၌ OIC ရုံးခန်း ဖွင့်လှစ်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပြောကြား

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး အဆောက်အဦး၌ OIC ရုံးခန်း ဖွင့်လှစ်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသာလှရွှေမှ အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရ

ုံး၌ OIC ရုံးခန်း ဖွင့်လှစ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဖွင့်လှစ်ထားခြင်းမရှိကြောင်း ပါမောက္ခ ဒေါက်တာသာလှရွှေမှ အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး အဆောက်အဦးအတွင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရုံးခန်းများအပါအ၀င် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းများမှ ဖွင့်လှစ်ထားသည့် ရုံးခန်းများ၊ CVT လုပ်ငန်းခွင်သင်တန်းကျောင်း၊ KMD ကွန်ပြူတာသင်တန်းကျောင်း ၊ စားသောက်ဆိုင်နှင့် ဟိန်းဆေးခန်းများသာ ဖွင့်လှစ်ထားကြောင်းနှင့် အဆောက်အဦးမှာ ခြောက်ထပ်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၌ OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စရပ်မှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အောက်တိုဘာလ ၁၅ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis