menu

Tuesday 16 October 2012

iPad Mini နှင့်အတူ Mac Mini သစ်များကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်

Photo: iPad Mini နှင့်အတူ Mac Mini သစ်များကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်

Apple က iPad Mini ကို မိတ်ဆက်ရန်အတွက် ပွဲတစ်ခုကို လာမည့်ရက်သတ္တပတ်တွင် ကျင်းပပြုလုပ်ရန်စီစဉ်နေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေချိန်တွင် အဆိုပါ tablet အသေးစားနှင့်အတူ Mac Mini သစ်များကိုပါ Apple က ပွဲထုတ်မိတ်ဆက်ဖွယ် ရှိကြောင်း Apple blog 9to5Mac မှ ဖော်ပြခဲ့သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ Mac Mini နှစ်မျိုးကို ကွဲပြားခြားနားသည့် သိုလှောင်မှုစနစ်နှင့် ပရိုဆက်ဆာတို့ဖြင့် ရရှိနိုင်ပြီး တတိယအမျိုးအစားတွင် OS X Server ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း 9to5mac မှ ဖော်ပြခဲ့သည်။
အဆိုပါ Mac Mini သစ်များကို မိတ်ဆက်ပေးပြီးသည့်နောက် ချက်ချင်းတင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်က Apple ၏ နောက်ဆုံးထုတ် Mac Mini ကို အလူမီနံနှင့် ပေါင်းစပ်ပြုလုပ်ထား သည့် ဒီဇိုင်းဖြင့် ဖြန့်ချိပေးခဲ့ပြီး ပြီးခဲ့သည့်နွေရာသီက လျင်မြန်သည့် ပရိုဆက်ဆာများဖြင့် နောက်ဆုံး အဆင့်မြှင့်တင်မှု ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ လက်ရှိ Mac Mini များတွင် နောက်ဆုံးပေါ် chipset များကို အသုံးပြုထားသော်လည်း USB 3.0 ပါဝင်ခြင်းမရှိကြောင်းနှင့် အဆိုပါအစိတ်အပိုင်းများကို အထက်ပါ အမျိုးအစားသစ်များတွင် တွေ့မြင်ရဖွယ်ရှိသည်။

ထို့အပြင် Apple သည် အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပမည့် ပွဲတစ်ခု၌ iPad Mini နှင့်အတူ ၁၃ လက်မ Retina MacBook Pro ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။

Ref: CNET/9to5mac

မူရင်းသတင်း----Internet Journal
Post By :  အေးချမ်းမွန်
Apple က iPad Mini ကို မိတ်ဆက်ရန်အတွက် ပွဲတစ်ခုကို လာမည့်ရက်သတ္တပတ်တွင် ကျင်းပပြုလုပ်ရန်စီစဉ်နေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေချိန်တွင် အဆိုပါ tablet အေ
သးစားနှင့်အတူ Mac Mini သစ်များကိုပါ Apple က ပွဲထုတ်မိတ်ဆက်ဖွယ် ရှိကြောင်း Apple blog 9to5Mac မှ ဖော်ပြခဲ့သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ Mac Mini နှစ်မျိုးကို ကွဲပြားခြားနားသည့် သိုလှောင်မှုစနစ်နှင့် ပရိုဆက်ဆာတို့ဖြင့် ရရှိနိုင်ပြီး တတိယအမျိုးအစားတွင် OS X Server ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း 9to5mac မှ ဖော်ပြခဲ့သည်။
အဆိုပါ Mac Mini သစ်များကို မိတ်ဆက်ပေးပြီးသည့်နောက် ချက်ချင်းတင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်က Apple ၏ နောက်ဆုံးထုတ် Mac Mini ကို အလူမီနံနှင့် ပေါင်းစပ်ပြုလုပ်ထား သည့် ဒီဇိုင်းဖြင့် ဖြန့်ချိပေးခဲ့ပြီး ပြီးခဲ့သည့်နွေရာသီက လျင်မြန်သည့် ပရိုဆက်ဆာများဖြင့် နောက်ဆုံး အဆင့်မြှင့်တင်မှု ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ လက်ရှိ Mac Mini များတွင် နောက်ဆုံးပေါ် chipset များကို အသုံးပြုထားသော်လည်း USB 3.0 ပါဝင်ခြင်းမရှိကြောင်းနှင့် အဆိုပါအစိတ်အပိုင်းများကို အထက်ပါ အမျိုးအစားသစ်များတွင် တွေ့မြင်ရဖွယ်ရှိသည်။

ထို့အပြင် Apple သည် အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပမည့် ပွဲတစ်ခု၌ iPad Mini နှင့်အတူ ၁၃ လက်မ Retina MacBook Pro ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။

Ref: CNET/9to5mac

Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis