menu

Monday 8 October 2012

ပျက်စီးနေပြီဖြစ်သောမြန်မာ့ပညာရေးအသိုင်းအ၀ိုင်း


Photo: .ပျက်စီးနေပြီဖြစ်သောမြန်မာ့ပညာရေးအသိုင်းအ၀ိုင်း

ပညာရေးဝန်ကြီးဌာနမှ လာဘ်စားသူကျောင်းဆရာ၊ ဆရာမများအား ထိရောက်စွာအပြစ်ပေးအရေးယူမည်ဟုပြောဆိုနေသော်လည်း တစ်ကယ့်လက်တွေ့တွင်မူ ထိရောက်မှုမရှိကြောင်း ကျောင်းသားမိဘများကပြောဆိုနေကြသည်။ ကော့သောင်းမြို့နေ...မိဘတစ်ဦးက"ကျွန်တော့်သားတစ်ယောက် ကော့သောင်း အထက(၁)မှာ ကျောင်းထားတယ်။ ကျွန်တော်တို့ကလည်းတတ်နိုင်ပါတယ်။ သားအတွက် လိုအပ်တာမှန်သမျှဖြည့်စည်းပေးနိုင်တယ်။ ဒါပေမယ့်ဗျာ တစ်ခုဘ၀င် မကျတာက ကလေးက အချိန်ရှိသ၍ ကျူရှင်ပဲတတ်နေရတယ်။ အဲဒီတော့ ကလေးမှာ သူ့ရဲ့ကိုယ်ပိုင်ချိန်သိပ်မရှိတော့ဘူး။ ကစားချိန်မရှိဘူး၊ တခြားလေ့လာရမယ့်၊ အင်္ဂလိပ်စာသင်တန်းတို့၊ ကွန်ပျူတာသင်တန်းတို့ကို မတတ်နိုင်တော့ဘူး။ အဲဒီတော့ ကျွန်တော်က ကလေးကိုပြောတယ် သားရယ် ကျူရှင်တွေလျှော့ယူပါလားဆိုတော့ ကလေးက ကျူရှင်မယူရရင် ကျောင်းဆက်မတက်တော့ဘူးဆိုပြီးပြောလာတယ်။ ကျွန်တော် တော်တော်အံ့အားသင့်သွားတယ်။ ငါ့ကလေးများ ကိုယ့်အားကိုယ်ကိုးချင်စိတ်ပျောက်သွားပြီလားပေါ့။ တခြားမိဘတွေနဲ့လည်းဆွေးနွေးကြည့်တယ်။ နောက်မှ ကလေးကို ပြန်မေးကြည့်တော့ ကလေးက သားကျူရှင်မတက်ရင် ဆရာမတွေက စိတ်ဆိုးမှာပေါ့၊ သားကိုလည်း ဂရုစိုက်၊ မျက်နှာသာပေးမှာမဟုတ်ဘူးတဲ့။ ကျွန်တော် စိတ်ထဲတော်တော်မကောင်းဖြစ်သွားတယ်။ ကျွန်တော့်သားကိုလည်းတော်တော်သနားသွားတယ်။ သူ့ခမျာ ကျောင်းမှာလဲ ဒီစာပဲ။ ကျူရှင်တွေမှာလည်းဒီစာပဲ သင်နေရတော့ ကလေးတွေရဲ့ အိုင်ကျူတွေလည်း မြင့်စရာအကြောင်းသိပ်မရှိတော့ဘူး" ဟု ပြောကြားသွားသည်။ ထိုသို့ ငွေကြေးတတ်နိုင်သူများရှိသလို ငွေကြေးမတတ်နိုင်သူများအတွက် ပို၍ပင် မြန်မာ့ပညာရေးဟာ ၀န်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေကြောင်းကို အငြိမ်းစားမြို့နယ်ပညာရေးမှူးကြီးတစ်ဦးက "ကျွန်တော်တို့ တုန်းကတော့ ဒီခေတ်လိုမဟုတ်ဘူးဗျ။ ကျွန်တော်တာဝန်ကျတာက နယ်စွန်နယ်ဖျားကမြို့လေးတစ်မြို့မှာ၊ ဖွံ့လည်းသိပ်မဖွံ့ဖြိုးသေးဘူး။ ကျောင်းတွေနဲ့ ကျောင်းဆရာမတွေက တော်တော်လေးနွမ်းပါးကြပါတယ်။ ဘယ်ကျူရှင်မှလဲမပေါ်သေးဘူး။ ရှိတော့ရှိတာပေါ့ဗျာ ဘယ်လိုမျိုးလဲဆိုတော့ ကျောင်းသား/သူတွေက တိုင်းရင်းသားလေးတွေလေ သူတို့က ကျောင်းမှာစာမလိုက်နိုင်လို့ ဆရာ/မတွေက အိမ်ခေါ်ပြီး အခမဲ့အချိန်ပိုစာပြပေးကြတာ။ အခုလို အသပြာဆရာမတွေမဟုတ်ဘူး။ စေတနာဆရာမတွေ၊ ဒါပေမယ့် သူတို့တွေအတွက် စားဝတ်နေရေးကအဆင်ပြေတယ်။ ထမင်းဟင်းဆိုတာချက်စရာမလိုဘူး။ တစ်အိမ်တစ်မျိုးပို့ပေးတာ။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလိုပေါ့။ အခုခေတ်ကတော့ဗျာ ကျွန်တော်ပညာရေးဝန်ထမ်းအနေနဲ့ ပိုရှက်မိပါတယ်။ မြို့နေဆရာဆရာမတွေဗျာ ရွှေဆွဲကြိုးတွေနဲ့ ၀င်းလို့ထိန်လို့ မရှက်ကြဘူးဗျာ။ အကုန်လုံးကိုတော့မဆိုလိုပါဘူး။ တစ်ချို့ဗျာ Taxi စီးပြီးတော့ ကျူရှင်တွေ အပြေးအလွှားလိုက်သင်နေတာ။ လိုအပ်တဲ့ အရွယ်မို့လို့ ကျူရှင်ယူရတယ်ဆို မပြောပါဘူး။ ဥပမာ ရှစ်တန်း၊ကိုးတန်း၊ဆယ်တန်းပေါ့။ အခုတော့ ကျောင်းတောင်စနေမယ်မကြံသေးဘူး။ ကျူရှင်ဆရာမနဲ့ အရင်သင်နေကြပြီ။ တတ်နိုင်တဲ့သူတွေကတော့ ကိုယ့်ကလေးမျက်နှာငယ်မှာစိုးလို့ ထားနိုင်ကြပေမယ့် နယ်စွန်နယ်ဖျားက ကျောင်းသားမိဘတွေအတွက် တော့ ၀န်ထုပ်ဝန်ပိုးကြီးဖြစ်နေပြီပေါ့၊ အစိုးရပိုင်းကဒါတွေကို သေသေချာချာကိုင်တွယ်ဖို့ လိုအပ်နေပါပြီ" ဟု အသက် ၇၆နှစ်အရွယ်ရှိ အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးကပြောကြားသွားပါသည်။ by: People Development for Knowledge

News from :  People Development for Knowledge
Post By : Aye Chan Mon
ပညာရေးဝန်ကြီးဌာနမှ လာဘ်စားသူကျောင်းဆရာ၊ ဆရာမများအား ထိရောက်စွာအပြစ်ပေးအရေးယူမည်ဟုပြောဆိုနေသော်လည်း တစ်ကယ့်လက်တွေ့တွင်မူ ထိရောက်မှုမရှိကြောင်း ကျောင်းသားမိဘများကပြောဆိုနေကြသည်။ ကော့သောင်းမြို့ေ
န...မိဘတစ်ဦးက"ကျွန်တော့်သားတစ်ယောက် ကော့သောင်း အထက(၁)မှာ ကျောင်းထားတယ်။ ကျွန်တော်တို့ကလည်းတတ်နိုင်ပါတယ်။ သားအတွက် လိုအပ်တာမှန်သမျှဖြည့်စည်းပေးနိုင်တယ်။ ဒါပေမယ့်ဗျာ တစ်ခုဘ၀င် မကျတာက ကလေးက အချိန်ရှိသ၍ ကျူရှင်ပဲတတ်နေရတယ်။ အဲဒီတော့ ကလေးမှာ သူ့ရဲ့ကိုယ်ပိုင်ချိန်သိပ်မရှိတော့ဘူး။ ကစားချိန်မရှိဘူး၊ တခြားလေ့လာရမယ့်၊ အင်္ဂလိပ်စာသင်တန်းတို့၊ ကွန်ပျူတာသင်တန်းတို့ကို မတတ်နိုင်တော့ဘူး။ အဲဒီတော့ ကျွန်တော်က ကလေးကိုပြောတယ် သားရယ် ကျူရှင်တွေလျှော့ယူပါလားဆိုတော့ ကလေးက ကျူရှင်မယူရရင် ကျောင်းဆက်မတက်တော့ဘူးဆိုပြီးပြောလာတယ်။ ကျွန်တော် တော်တော်အံ့အားသင့်သွားတယ်။ ငါ့ကလေးများ ကိုယ့်အားကိုယ်ကိုးချင်စိတ်ပျောက်သွားပြီလားပေါ့။ တခြားမိဘတွေနဲ့လည်းဆွေးနွေးကြည့်တယ်။ နောက်မှ ကလေးကို ပြန်မေးကြည့်တော့ ကလေးက သားကျူရှင်မတက်ရင် ဆရာမတွေက စိတ်ဆိုးမှာပေါ့၊ သားကိုလည်း ဂရုစိုက်၊ မျက်နှာသာပေးမှာမဟုတ်ဘူးတဲ့။ ကျွန်တော် စိတ်ထဲတော်တော်မကောင်းဖြစ်သွားတယ်။ ကျွန်တော့်သားကိုလည်းတော်တော်သနားသွားတယ်။ သူ့ခမျာ ကျောင်းမှာလဲ ဒီစာပဲ။ ကျူရှင်တွေမှာလည်းဒီစာပဲ သင်နေရတော့ ကလေးတွေရဲ့ အိုင်ကျူတွေလည်း မြင့်စရာအကြောင်းသိပ်မရှိတော့ဘူး" ဟု ပြောကြားသွားသည်။ ထိုသို့ ငွေကြေးတတ်နိုင်သူများရှိသလို ငွေကြေးမတတ်နိုင်သူများအတွက် ပို၍ပင် မြန်မာ့ပညာရေးဟာ ၀န်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေကြောင်းကို အငြိမ်းစားမြို့နယ်ပညာရေးမှူးကြီးတစ်ဦးက "ကျွန်တော်တို့ တုန်းကတော့ ဒီခေတ်လိုမဟုတ်ဘူးဗျ။ ကျွန်တော်တာဝန်ကျတာက နယ်စွန်နယ်ဖျားကမြို့လေးတစ်မြို့မှာ၊ ဖွံ့လည်းသိပ်မဖွံ့ဖြိုးသေးဘူး။ ကျောင်းတွေနဲ့ ကျောင်းဆရာမတွေက တော်တော်လေးနွမ်းပါးကြပါတယ်။ ဘယ်ကျူရှင်မှလဲမပေါ်သေးဘူး။ ရှိတော့ရှိတာပေါ့ဗျာ ဘယ်လိုမျိုးလဲဆိုတော့ ကျောင်းသား/သူတွေက တိုင်းရင်းသားလေးတွေလေ သူတို့က ကျောင်းမှာစာမလိုက်နိုင်လို့ ဆရာ/မတွေက အိမ်ခေါ်ပြီး အခမဲ့အချိန်ပိုစာပြပေးကြတာ။ အခုလို အသပြာဆရာမတွေမဟုတ်ဘူး။ စေတနာဆရာမတွေ၊ ဒါပေမယ့် သူတို့တွေအတွက် စားဝတ်နေရေးကအဆင်ပြေတယ်။ ထမင်းဟင်းဆိုတာချက်စရာမလိုဘူး။ တစ်အိမ်တစ်မျိုးပို့ပေးတာ။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလိုပေါ့။ အခုခေတ်ကတော့ဗျာ ကျွန်တော်ပညာရေးဝန်ထမ်းအနေနဲ့ ပိုရှက်မိပါတယ်။ မြို့နေဆရာဆရာမတွေဗျာ ရွှေဆွဲကြိုးတွေနဲ့ ၀င်းလို့ထိန်လို့ မရှက်ကြဘူးဗျာ။ အကုန်လုံးကိုတော့မဆိုလိုပါဘူး။ တစ်ချို့ဗျာ Taxi စီးပြီးတော့ ကျူရှင်တွေ အပြေးအလွှားလိုက်သင်နေတာ။ လိုအပ်တဲ့ အရွယ်မို့လို့ ကျူရှင်ယူရတယ်ဆို မပြောပါဘူး။ ဥပမာ ရှစ်တန်း၊ကိုးတန်း၊ဆယ်တန်းပေါ့။ အခုတော့ ကျောင်းတောင်စနေမယ်မကြံသေးဘူး။ ကျူရှင်ဆရာမနဲ့ အရင်သင်နေကြပြီ။ တတ်နိုင်တဲ့သူတွေကတော့ ကိုယ့်ကလေးမျက်နှာငယ်မှာစိုးလို့ ထားနိုင်ကြပေမယ့် နယ်စွန်နယ်ဖျားက ကျောင်းသားမိဘတွေအတွက် တော့ ၀န်ထုပ်ဝန်ပိုးကြီးဖြစ်နေပြီပေါ့၊ အစိုးရပိုင်းကဒါတွေကို သေသေချာချာကိုင်တွယ်ဖို့ လိုအပ်နေပါပြီ" ဟု အသက် ၇၆နှစ်အရွယ်ရှိ အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးကပြောကြားသွားပါသည်။
 by: People Development for Knowledge

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis