menu

Monday 8 October 2012

MMA လက်ဝှေ့သမား ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်

Photo: MMA လက်ဝှေ့သမား ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်    
  
Monday, 08 October 2012 10:27     
 
MMA လက်ဝှေ့သမား အောင်လအန်ဆောင်နှင့် အောက်တိုဘာလ ၁၃ ရက်တွင်ထိုးသတ်မည့် ပွဲကြော်ငြာအား တွေ့ရစဉ်အမေရိကန်နိုင်ငံတွင် ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင် ကလာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသောငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနား ဇာတိဖြစ်သူ အောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှစတင် သင်ကြားခဲ့သူတစ်ဦး ဖြစ်သည်။

The Burmese Python ဟု အမည်ပြောင်ခေါ်ကြသော အောင်လအန်ဆောင်သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစား အပြီးတွင် ၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲ မရှိစံချိန်ရရှိထားသူဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ Rollins Center တွင် မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။

လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး နေရသည့် ကချင်တိုင်းရင်းသားများ နှင့်ပတ်သက်၍ အောင်လအန်ဆောင် က “ ကျွန်တော်ကငယ်ငယ်လေးက တည်းကမြန်မာနိုင်ငံမှာ ကြီးပြင်းလာတာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကျွန်တော် ကြားသိနေရပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာလ ၁၃ ရက် မှာ ထိုးမယ့်ပွဲကနေ ရလာတဲ့ငွေတွေ၊ စပွန်ဆာကြေးတွေ၊ လက်မှတ်ရောင်းရငွေတွေ အားလုံးကို ကချင်ဒုက္ခသည် တွေဆီကို လှူဒါန်းမှာပါ။ ဒုက္ခရောက်နေတဲ့ သူတွေဆီကိုလည်း ကျွန်တော့် မှာရှိတဲ့ နည်းလမ်းတွေနဲ့ အားပေး စကားပြောကြားမှာပါ။ သူတို့ရဲ့ငိုသံတွေကို ကျွန်တော်နားထဲမှာ အမြဲကြား နေရပါတယ်”ဟု ပြောကြားခဲ့သည်။
 
News from : Eleven Media Group
Post By : Aye Chan Mon
MMA လက်ဝှေ့သမား အောင်လအန်ဆောင်နှင့် အောက်တိုဘာလ ၁၃ ရက်တွင်ထိုးသတ်မည့် ပွဲကြော်ငြာအား တွေ့ရစဉ်
အမေရိကန်နိုင်ငံတွင် ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင် ကလာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသောငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနား ဇာတိဖြစ်သူ အောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှစတင် သင်ကြားခဲ့သူတစ်ဦး ဖြစ်သည်။

The Burmese Python ဟု အမည်ပြောင်ခေါ်ကြသော အောင်လအန်ဆောင်သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစား အပြီးတွင် ၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲ မရှိစံချိန်ရရှိထားသူဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ Rollins Center တွင် မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။

လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး နေရသည့် ကချင်တိုင်းရင်းသားများ နှင့်ပတ်သက်၍ အောင်လအန်ဆောင် က “ ကျွန်တော်ကငယ်ငယ်လေးက တည်းကမြန်မာနိုင်ငံမှာ ကြီးပြင်းလာတာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကျွန်တော် ကြားသိနေရပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာလ ၁၃ ရက် မှာ ထိုးမယ့်ပွဲကနေ ရလာတဲ့ငွေတွေ၊ စပွန်ဆာကြေးတွေ၊ လက်မှတ်ရောင်းရငွေတွေ အားလုံးကို ကချင်ဒုက္ခသည် တွေဆီကို လှူဒါန်းမှာပါ။ ဒုက္ခရောက်နေတဲ့ သူတွေဆီကိုလည်း ကျွန်တော့် မှာရှိတဲ့ နည်းလမ်းတွေနဲ့ အားပေး စကားပြောကြားမှာပါ။ သူတို့ရဲ့ငိုသံတွေကို ကျွန်တော်နားထဲမှာ အမြဲကြား နေရပါတယ်”ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis